နေဝင်းက ခရီးသွားတာ ဝါသနာကြီးလွန်းလို့ Travel Blogger တစ်ယောက်ဖြစ်လာတဲ့ ချစ်သူလေးရဲ့ အောင်မြင်မှုအတွက် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ ကိုယ်တိုင်စီးပွားရေးတွေလုပ်ပြီး အသက်တွေကြီးတဲ့အထိ ခရီးထွက်နေဦးမှာပဲလို့လည်း သူကဆိုပါတယ်။
နေဝင်းက သူ့ရဲ့ ချစ်သူလေး အိမ့်ချစ်ချောရဲ့ Travel Blogger အလုပ်နဲ့ ပတ်သက်ပြီး အကူအညီတွေပေးဖြစ်တယ်လို့ဆိုပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကလည်း အလုပ်နဲ့ ပတ်သက်လာရင် အမြဲအကူအညီရတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။
‘’ အမှန်အတိုင်းပြောရရင် နှစ်ယောက်ပဲရှိတာဆိုတော့ သူ့အလုပ်ကို ကျွန်တော် လိုက်ကူပေးတာပေါ့နော်။ တစ်ယောက်အလုပ်ကို တစ်ယောက်ကူညီတာပေါ့နော်။ ကျွန်တော့်အလုပ်တွေဆိုရင်လည်း သူကူညီတယ်။ သူ့အတွက်ကလည်း Travel Blogger အနေနဲ့ အလုပ်တစ်ခုလို ဖြစ်လာတဲ့အတွက် ဓာတ်ပုံရိုက်ပေးနေရတုန်းပါပဲ’’ လို့ သူကဆိုပါတယ်။
Photo: Amazing Grace
အဲဒီနောက် အိမ့်ချစ်ချောကို Travel Blogger တစ်ယောက်အနေနဲ့ ပရိသတ်တွေအားပေးမှုရရှိခဲ့တာကို တွေ့ရပါတယ်။ သူမဟာ Social Infuluencer ဆုကိုလည်း ရရှိခဲ့တာဖြစ်တဲ့အတွက် နေဝင်းက ပီတိဖြစ်ရတယ်လို့လည်း ဇွန်လ ၆ ရက်နေ့က D&C ဆိုင်သစ်ဖွင့်ပွဲမှာ ဖြေဆိုခဲ့တာပါ။
‘’ ဘယ်လိုနယ်ပယ်မှာပဲဖြစ်ဖြစ် အသိအမှတ်ပြုပေးတယ်၊ ဆုကတော့ အရေးမကြီးပါဘူး။ ဆုရရ မရရ ကိုယ့်အလုပ် ကိုယ်လုပ်ရမှာပဲလေ။ ဒါပေမယ့်လည်း ဒီလို အသိအမှတ်ပြုပေးတဲ့ဟာလေး ရှိလာပြီဆိုတော့ လူတိုင်းကတော့ လိုချင်တာပဲပေါ့နော်။ ဘယ်သူရရ အားပေးမှာပါ။ ကိုယ်ကလည်း ဘေးနားကနေ ပီတိဖြစ်ရတာပေါ့’’ လို့ ဆိုပါတယ်။
Photo: nay Win
နေဝင်းဟာ ခရီးသွားတာ ဝါသနာပါတဲ့ ချစ်သူလေးနဲ့ အတူ အသက်ကြီးတဲ့အထိ ခရီးတွေ ဆက်သွားနေဦးမယ်လို့ ဆိုပါတယ်။ ခရီးသွားတာ ဝါသနာပါတဲ့ ချစ်သူရဲ့ အောင်မြင်မှုကိုလည်း အားပေးတယ်လို့ ပြောပါတယ်။
‘’ သူခရီးသွားချင်တဲ့နေရာတွေကို လိုက်ပို့ရင်းနဲ့ သူကိုယ်တိုင်ကလည်း ဒါလေးကို Sharing လုပ်ရင်းနဲ့ ဒီလမ်းကြောင်းပေါ်ကို ရောက်သွားတာပေါ့နော်။ သူဝါသနာပါတဲ့အရာလေးနဲ့ လူသိရှင်ကြားဖြစ်လာတော့ ပိုကောင်းတာပေါ့နော်။ ကျွန်တော်သီချင်းဆိုတဲ့အရာနဲ့ အသက်မွေးဝမ်းကျောင်းပြုနိုင်ခဲ့သလို သူ့စိတ်ထွက်ပေါက်လေးနဲ့ ဒီလို လူသိလာတယ်ဆိုတော့ ကိုယ်ချင်းစာတယ်။ ကောင်းတယ်ပေါ့နော်။ ဆုရတာ မရတာထက် ကိုယ့်ပိုက်ဆံကိုယ်ရှာပြီးတော့ ကျွန်တော်တို့ နှစ်ယောက်ကတော့ ခရီးတွေ ဆက်သွားနေဦးမှာပဲ’’ လို့ သူကဆိုပါတယ်။
Photo: Amazing Grace
နေဝင်းကိုတော့ Snare အဖွဲ့ဝင်တစ်ယောက်အဖြစ် Rap သီချင်းတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ စီးပွားရေးအနေနဲ့ O.M.G Fashion Brand တွေ ထုတ်လုပ်နေတာ ဖြစ်သလို၊ ချစ်သူကောင်မလေးကလည်း မိန်းကလေးအလှအပနဲ့ ပတ်သက်တဲ့ Fashion တွေ ထုတ်နေတယ်လို့ သိရပါတယ်။ ကိုယ်ပိုင်စီးပွားရေး ကိုယ် စီလည်း ဦးဆောင်နေရသလို အနုပညာအလုပ်တွေကိုလည်း ချစ်သူကောင်မလေးက ကူညီပေးတာကြောင့် ချစ်သူရ ကံကောင်းသူပါပဲ။ သူတို့ရဲ့ ချစ်သူသက်တမ်းက အခုဆိုရင် ၁၀ နှစ်ရှိပြီဖြစ်ပါတယ်။