ထွန်းထွန်းရဲ့ လက်ရှိအချစ်ရေးက ပျော်ရွှင်စရာကောင်းတဲ့ အနေအထားလေးပါ.အနာဂတ်မှာ အကောင်းမွန်ဆုံးဖြစ်လာ ဖို့ အတွက်လည်း သူကိုယ်တိုင် ကြိုးစားနေတယ်တဲ့.
Photo : ဆုစန္ဒီဦး FB
ထွန်းထွန်း ရဲ့ လက်ရှိအချစ်ရေးကတော့ ပျော်ရွှင်စရာကောင်းတဲ့ အနေအထားလေးဖြစ်ပါတယ်။ ထွန်းထွန်း နဲ့ ချစ်သူ ကောင်မလေး ဆုစန္ဒီဦး တို့က ချစ်သူ သက်တမ်း တစ်နှစ်နဲ့ လေးလ ကျော်ရှိခဲ့ပါပြီ။ အခုလည်း အလိုက်သိလွန်းတဲ့ ချစ်သူလေးကြောင့် အရမ်းကို ပျော်လို့နေပါတယ်။ ခရီးက ပြန်လာတဲ့ ချစ်သူကောင်မလေးက သူကြိုက်တဲ့ပစ္စည်းလေးတွေ ဝယ်လာလို့ ပျော်နေတာပါ။
Photo : ဆုစန္ဒီဦး FB
“
ဟဲဟဲ ခရီးကအပြန် လက်ဆောင်လေးတွေ ဝယ်လာပေးတယ် ချစ်သူလေးက ♥️
စားချင်တာလေး ကြိုက်တတ်တာလေးတွေ ပါလို့ပျော်တယ် ?
ဦးထုပ်လေးကတော့ အကြိုက်ဆုံးပဲ ?
ကျေနပ်တယ် ချစ်တယ်” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ စက်တင်ဘာ(၂၁) ရက်နေ့ ရေးသားထားတာ တွေ့ရပါတယ်။
Photo : ထွန်းထွန်း
ထွန်းထွန်း ဟာ သူ့ရဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီးတော့လည်း စဉ်းစားထားတယ်လို့ ဆိုပါတယ်။ အနာဂတ်မှာ အကောင်းမွန်ဆုံးဖြစ်လာ ဖို့ အတွက်လည်း သူကိုယ်တိုင် ကြိုးစားနေတယ်လို့ ပြောပါတယ်။
'' အိမ်ထောင်ပြုဖို့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ အနာဂတ်မှာ ကျွန်တော် စဉ်းစားထားတဲ့ Plan တွေ အများကြီးရှိပါတယ်။ တချို့အရာတွေကျတော့ ပါးစပ်က ထုတ်ပြောနေတာထက် ကျွန်တော်ကိုယ်တိုင် လုပ်ပြသွားတာပဲ ကောင်းပါတယ်။ အဓိက က ကျွန်တော်တို့ နှစ်ယောက်ရဲ့ သံယောဇဉ် နဲ့ နားလည်မှုက အဓိက ကျတယ်လို့ထင်ပါတယ်'' လို့သူကဆိုပါတယ်။
Photo : ထွန်းထွန်း FB
ထွန်းထွန်းက ချစ်သူလေး သွားချင်တဲ့ နေရာတွေကို အမြဲတမ်း လိုက်ပို့တတ်သူဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကလည်း စိတ်တူ ကိုယ်တူဖြစ်တာကြောင့် အရမ်းကို ပျော်စရာကောင်းတဲ့ ချစ်သူ ဘဝလေးဖြစ်တယ်လို့ ဆိုပါတယ်။
'' တော်တော်များများက စိတ်တူ ကိုယ်တူပဲ။ လောလောဆယ်တော့ သူလည်း စာမေးပွဲဖြေစရာရှိလို့ စာတွေ ကျက်နေရတာ သနားပါတယ်'' ဆိုပြီးတော့ နိုဝင်ဘာလ ၁၄ ရက်နေ့က ကြောက် ကြောက် ကြောက် ၂ ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲမှာ မီဒီယာတွေကို အချစ်ရေး အကြောင်း ဖြေဆိုပေးခဲ့တာပါ။
Photo : ဆုစန္ဒီဦး FB
ထွန်းထွန်းကတော့ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်နေတာကို တွေ့ရပါတယ်။ သူပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ် ကားကြီး တွေကလည်း ရုံတင်ခဲ့ပြီးတာတွေရှိသလို ရုံမတင်ရသေးတဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်း ရှိတယ်လို့ သိရပါတယ်။ ဂီတလောကမှာ Examplez အဖွဲ့ဆိုတဲ့ နာမည်နဲ့ မိန်းကလေး ပရိသတ်တွေရဲ့ သည်းသည်းလှုပ် အားပေးခြင်းကို ခံခဲ့ရပါသေးတယ်။