နေဝင်းကတော့ ချစ်သူလေးအတွက် လူနာစောင့်လုပ်ပေးနေတာဖြစ်ပါတယ်။ နေဝင်းဟာ သူ့ရဲ့ ချစ်သူလေးနဲ့ ချစ်သူသက်တမ်း ၉ နှစ်ကျော် ကြာခဲ့ပါပြီ။ ၂၀၁၈ ခုနှစ်အတွင်းမှာ လက်ထပ်မယ်လို့လည်း သိရပါတယ်။
Photo: နေဝင်းဖေ့စ်ဘွတ်
Snare အဖွဲ့ဝင် အဆိုတော်နေဝင်းတစ်ယောက် သူ့ရဲ့ ချစ်သူလေးကျန်းမာရေး မကောင်းတဲ့အတွက် အနီးကပ်ပြုစုနေတယ်လို့ သိရပါတယ်။ သူ့ရဲ့ ချစ်သူလေး အိနြေ္ဒချစ်ချော ကျန်းမာရေး အမြန်ဆုံးကောင်းလာဖို့အတွက် အနုပညာရှင် ညီအစ်ကိုမောင်နှမတွေကလည်း ဆုတောင်း စကားပြောခဲ့ကြပါသေးတယ်။
'' ချစ်ဆုံးလေး နေမကောင်းလို့ ဆေးရုံတင်ထားရတယ်။ လူနာလာစောင့်တာ '' ဆိုပြီးတော့ စက်တင်ဘာလ ၁၂ ရက်နေ့ ည ၇ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးတင်ခဲ့ပါတယ်။ နေဝင်းရဲ့ ချစ်သူကောင်မလေး အမြန်ဆုံး ကျန်းမာရေးပြန်ကောင်းဖို့အတွက် သူငယ်ချင်းတွေ ဖြစ်တဲ့ ယုန်လေး၊ မိစန္ဒီ၊ စန္ဒီမြင့်လွင်၊ လိမ္မော်သီး၊ နန်းဆုရတီစိုး၊ G-Fatt အပြင် တခြားအနုပညာရှင်တွေကလည်း နေပြန်ကောင်းဖို့ ဆုတောင်းပေးခဲ့ ကြပါတယ်။
Photo: နေဝင်းဖေ့စ်ဘွတ်
Snare အဖွဲ့ဝင် အဆိုတော်နေဝင်း ဟာ ချစ်သူသက်တမ်း ၉ နှစ်အကြာမှာ သူ့ရဲ့ချစ်သူကောင်မလေးနဲ့ ၂၀၁၈ ခုနှစ်ထဲမှာ လက်ထပ်ပွဲ ကျင်းပ တော့မယ်ဆိုတာကို ဧပြီလ အတွင်းမှာကတည်းက မီဒီယာတွေကနေတဆင့် ပရိသတ်တွေကို ပြောပြခဲ့တာဖြစ်ပါတယ်။
'' ကျွန်တော်တို့ ရည်ရွယ်ထားတာတော့ ဒီနှစ်ထဲမှာပါပဲ။ နောက်ကျခဲ့ရင်တော့ ရှေ့နှစ်ပေါ့ ဒီလောက်ပါပဲ အဲ့လောက်ထိတော့ နောက်ကျဖို့ မရှိပါဘူး။ ကျွန်တော် နာမည်မကြီးခင်ကတည်းက သူနဲ့ကြိုက်တာ။ နာမည်ကြီးလာတော့လည်း ကျွန်တော့်အလုပ်တွေ သူဝိုင်းကူလုပ်ပေးသလို သူ့အလုပ်တွေကိုလည်း ကျွန်တော်ဝိုင်းကူပေးတယ်။ သူ့ကို ရွေးချယ်ခဲ့တာကလည်း ချစ်လို့ပဲပေါ့'' လို့ဆိုပါတယ်။
Photo: နေဝင်းဖေ့စ်ဘွတ်
ချစ်သူသက်တမ်း ၉ နှစ်အကြာမှာ မင်္ဂလာဆောင်တော့မယ့် နေဝင်း
သူတို့ရဲ့ မင်္ဂလာပွဲကိုတော့ ၂၀၁၈ ခုနှစ်အတွင်းလို့ သတ်မှတ်ထားပေမယ့် နေ့တွေ၊ လတွေက သေချာမပြင်ဆင်ရသေးဘူးလို့လည်း နေဝင်းက ဆက်လက်ပြောပြလာပါတယ်။
'' မင်္ဂလာပွဲကတော့ ကျွန်တော်တို့ စီစဉ်နေတုန်းပါပဲ။ မသေချာသေးပါဘူး တော်ကြာ Date တွေဘာတွေ ပြောလိုက်ပြီးတော့မှ လွဲချော် သွား ခဲ့ရင် မကောင်းဘူး။ တစ်ခုခု အဆင်မပြေဖြစ်သွားရင် မကောင်းဘူး။ အဲ့ဒါကြောင့် သေသေချာချာလေး လုပ်ပြီးရင် Confim ဖြစ်သွားရင် ကျွန်တော်ပြောမှာပါ'' လို့ ဆိုပါတယ်။
Photo: နေဝင်းဖေ့စ်ဘွတ်
နေဝင်းရဲ့ အချစ်ရေးကတော့ အေးအေးဆေးဆေးပါပဲ။ နေဝင်းကိုယ်တိုင်ကလည်း O.M.G Fashion Brand တွေ ထုတ်လုပ်နေတာ ဖြစ်သလို၊ ချစ်သူကောင်မလေးကလည်း မိန်းကလေးအလှအပနဲ့ ပတ်သက်တဲ့ Fashion တွေ ထုတ်နေတယ်လို့ သိရပါတယ်။ ကိုယ်ပိုင်စီးပွားရေး ကိုယ် စီလည်း ဦးဆောင်နေရသလို အနုပညာအလုပ်တွေကိုလည်း ချစ်သူကောင်မလေးက ကူညီပေးတာကြောင့် ချစ်သူရ ကံကောင်းသူပါပဲ။