Valentine's Day မှာလည်း လက်ဆောင်ပေးဦးမှာပါတဲ့။

ခါရာက မကြာခင်ကျရောက်မယ့် ‘’ချစ်သူများနေ့’’ အတွက် ချစ်သူလေး နိုရာကို Surprise ပေးဖို့ ပြင်ဆင်ထားပါတယ်တဲ့။ ‘’ချစ်သူများနေ့’’ မတိုင်ခင် သူ့ရင်ထဲက စကားလေးကိုလည်း နိုရာ့အတွက် စကားလက်ဆောင်ပါးခဲ့ပါတယ်။

Photo: ခါရာ


သရုပ်ဆောင်ခါရာက ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ကျရောက်မယ့် ချစ်သူများနေ့မှာ ချစ်သူလေး နိုရာ ကို Surprise လုပ်ပေးဖို့ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ ဒီ Surprise လေးကလည်း ချစ်သူကို ချစ်တဲ့စိတ်ရင်း နဲ့ လုပ်ပေးတာလို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

‘’တစ်နှစ်တစ်ခါတော့ ချစ်သူများနေ့မှာ Surprise လုပ်ပေးပါတယ်။ ဒီနှစ်လည်း Surprise အကြီးကြီးမဟုတ်ရင်တောင်မှ သေးသေးလေးပေါ့နော်။ သူ့ကို ချစ်တယ်ဆိုတဲ့ စိတ်လေးကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျွန်တော်လုပ်ပေးဖို့ရှိပါတယ်။ မိန်းကလေးတွေက Surprise နဲ့ပတ်သက်ပြီး တော်တော်များများစဉ်းစားတတ်မယ်ထင်တယ်။ ယောကျ်ားလေးတွေကတော့ တိုက်ရိုက် လုပ်လိုက်တာများတယ်’’ လို့ သဘောကျရယ်မောရင်း ပြောပြလာခဲ့တာပါ။

Photo: ခါရာ

ခါရာရဲ့ အကြိုက်တွေကို ချစ်သူလေးဆီက လက်ဆောင်ရတတ်တယ်လို့ ဆိုပါတယ်။ ချစ်သူလေး နိုရာရဲ့ အကြိုက်ကို မှတ်ထားပြီးတော့လည်း ခါရာက လက်ဆောင် ပြန်ပေးတတ်တယ်လို့ ပီတိအပြုံးတွေကြားက ပြောပြလာပါတယ်။

‘’ ကျွန်တော်က အီလက်ထရောနစ် ပစ္စည်းတွေကြိုက်တာများတော့ သူက ဖုန်းဆိုရင်လည်းဖုန်းပေါ့၊ Laptop ဆိုလည်း Laptop အဲဒီလို လက်ဆောင်လေးတွေ ပေးပါတယ်။ သူက တစ်ခါတလေ စကားထဲမှာ မထင်မှတ်ဘဲ ပြောလိုက်တဲ့အရာလေးတွေရှိတယ် အဲဒါလေးတွေကို မှတ်ထားပြီး Valentine’s Day မှာဖြစ်ဖြစ်၊ Anniversary နေ့မှာဖြစ်ဖြစ် လက်ဆောင်ပေးတာမျိုးလေးတွေတော့ရှိတယ်’’ လို့ သူကဆိုပါတယ်။

Photo: ခါရာ

အဲဒီနောက် ခါရာဟာ ချစ်သူလေး နိုရာကို Valentine’s Day မတိုင်ခင် Duwun Media ကနေ စကားလက်ဆောင် ပါးခဲ့ပါသေးတယ်။

‘’ ဒီကနေပြောချင်တာက ဆက်ပြီးတော့ နားလည်ပေးစေချင်ပါတယ်။ ဒီ့ထက်ပို နားလည်ပေးပြီးတော့ ကိုယ့်ရဲ့ အချစ်ဆုံးသူ တစ်ယောက်အနေနဲ့ ဆက်ပြီးတော့ နေပေးပါလို့ တောင်းဆိုချင်ပါတယ်’’ လို့ ထွန်းကိုကိုရဲ့ မွေးနေ့ကို တက်ရောက်ရင်း ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo: ခါရာ

သရုပ်ဆောင်ခါရာနဲ့ နိုရာတို့ရဲ့ ချစ်သူသက်တမ်းကတော့ ၆ နှစ်ရှိပြီလို့ သိရပါတယ်။ ခါရာက မော်ဒယ်လ်အပိုင်းမှာရော၊ သရုပ်ဆောင် အပိုင်းမှာပါ ပရိသတ်အားပေးမှုအများကြီးရရှိထားတဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ချစ်သူနှစ်ယောက်တွဲပြီး ကလိမ်ကကျစ်ဆိုတဲ့ တေးစီးရီးလည်းထွက်ရှိထားပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က