Photo: Phyo Lay
အဆိုတော်ဖြိုးလေးက ချစ်သူလေး ဝါဆိုမိုးဦးဆီကနေ အရမ်းလိုချင်ခဲ့တဲ့ ဖိနပ်ကို မွေးနေ့လက်ဆောင်ရခဲ့လို့ ဝမ်းသာနေတယ်လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ ဒီဖိနပ်ကတော့ ကမ္ဘာကျော်အမှတ်တံဆိပ် ဖြစ်တဲ့ Versace က ထုတ်တဲ့ ဖိနပ်ဖြစ်ပါတယ်။
Photo: Phyo Lay
ဖြိုးလေးဟာ မတ်လ ၂၁ ရက်နေ့မှာ ကျရောက်မယ့် မွေးနေ့အတွက်ကိုတော့ ချစ်သူဆီက လက်ဆောင်ထပ်ပြီး ရမှရပါ့မလားလို့ ပြောပါတယ်။
‘’ ကျွန်တော့်မွေးနေ့က ၂၁ ရက်နေ့ပါ။ သူလက်ဆောင်ပေးပြီးပြီဆိုတော့ Surprise လုပ်မှ လုပ်ပါ့မလားမသိဘူး။ ဒါပေမယ့် လုပ်ရင်လည်း ကျွန်တော်အမြဲမိတယ်’’ ဆိုပြီးတော့ ‘’ဘာတွေဖြစ်’’ တေးစီးရီးမိတ်ဆက်ပွဲ မှာ သဘောကျရယ်မောရင်း ဖြေဆိုခဲ့ပါတယ်။
Photo: Phyo Lay
ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ဟာ ချစ်သူသက်တမ်း(၃)နှစ်ကျော်ကို ရောက်ရှိလာခဲ့ပါပြီ။ ဒီ ၃ နှစ်အတွင်းမှာလည်း တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပါပဲတဲ့။ လက်ရှိမှာတော့ ဖြိုးလေးက သီချင်းအသစ်တွေ ဖန်တီးနေတာဖြစ်ပါတယ်။ ဝါဆိုမိုးဦးကတော့ စီးပွားရေးဘက်မှာ ပိုပြီး အာရုံစိုက်နေတာကို တွေ့ရပါတယ်။