ရွှေမှုံရတီကတော့ မွေးနေ့မတိုင်ခင် ချစ်ရသူတွေရဲ့ မွေးနေ့ Surprise ကြောင့် ပျော်လို့နေပါတယ်။ ညီမဖြစ်သူ ငွေမှုံရတီနဲ့ သူငယ်ချင်းက မွေးနေ့ Surprise လုပ်ခဲ့တာပါ။
Photo : ရွှေမှုံရတီ
ရွှေမှုံရတီက မွေးနေ့မရောက်ခင်ကတည်းက မွေးနေ့လက်ဆောင်တွေ ရနေပါပြီ။ သူမရဲ့ ချစ်လှစွာသော ညီမလေးနဲ့ သူငယ်ချင်းတို့က မွေးနေ့အကြို Surprise လေး လုပ်ပေးခဲ့တာကြောင့် ရွှေမှုံတစ်ယောက် ပျော်လို့နေပါတယ်။
မွေးနေ့လက်ဆောင်လေးတွေ ရတဲ့အကြောင်းကိုလည်း သူမရဲ့ ဖေ့စ်ဘွတ် Stories လေးမှာ မေလ(၁၄) ရက်နေ့က တင်ထားပါသေးတယ်။
ရွှေမှုံရတီရဲ့ မွေးနေ့လေးက မေလ(၁၆) ရက်နေ့ပါ။ သူမရဲ့ မွေးနေ့မှာလည်း အလှူအတန်းတွေ ပြုလုပ်သွားဖို့ရှိသလို သူမရဲ့ Fan တွေနဲ့လည်း ဆုံချင်တယ်လို့ သူမ Lives လွှင့်တိုင်း ပြောထားတာတွေ့ရပါတယ်။
Photo : ရွှေမှုံရတီ
ရွှေမှုံရတီက ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကလည်း ခင်ပွန်းဖြစ်သူနဲ့အတူ အလှူအတန်းတွေ ပြုလုပ်ခဲ့ပါသေးတယ်။ အိမ်ယာမဲ့သူတွေအတွက် အိမ်ယာ၊ခေါင်းအုံးများနဲ့ ထမင်းဗူးများ လှူဒါန်းခဲ့ပါသေးတယ်။အခုဆိုရင် ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ အိမ်ထောင်သက်တမ်းက (၆) လပြည့်သွားခဲ့ပါပြီ။ သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးက အားလုံး အားကျရတဲ့ အိမ်ထောင်ရေးပါပဲ။ သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် အသေးစိတ်ကအစ ဂရုစိုက်ချစ်တတ်ပြီး အမှတ်တရနေ့လေးတွေမှာလည်း အပြန်အလှန် လက်ဆောင်တွေပေးတတ်တဲ့ စုံတွဲလေးလည်း ဖြစ်ပါတယ်။
Photo : ရွှေမှုံရတီ
အရမ်းချစ်တတ်တာကြောင့် ပရိသတ်တွေရဲ့ အားကျခြင်းကိုလည်း ခံရသလို ဝေဖန်သူတွေရဲ့ အပြစ်တင် ပြောဆိုတာတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ဟာ ဝေဖန်မှုတွေကို ဂရုမစိုက်ဘဲ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုအပြည့်နဲ့ သာယာတဲ့ အိမ်ထောင်ရေးလေးကို တည်ဆောက်ထားတာ တွေ့ရပါတယ်။
သူတို့နှစ်ယောက်ဟာ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ထားတဲ့ "ဧည့်သည်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာလည်း အတူတွဲပြီး ရိုက်ကူး ရင်းနဲ့ ချစ်သူတွေ ဖြစ်သွားခဲ့ကြတာ ဖြစ်ပြီး ၂၀၁၈ခုနှစ် အောက်တိုဘာ(၃၀) ရက်နေ့နေပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
၂၀၁၈ခုနှစ်၊ နိုဝင်ဘာ(၉) ရက်နေ့မှာတော့ မှော်ဘီမြို့နယ်မှာရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေးအလှူ ပြုလုပ်ခဲ့ပြီး နိုဝင်ဘာ(၁၁) ရက်နေ့က အင်းလျားလိတ်ဟိုတယ်မှ မင်္ဂလာညစာစားပွဲ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။သူတို့ ဇနီးမောင်နှံ နှစ်ယောက်အတူ တွဲဆိုထားတဲ့ ‘’အမှား’’ သီချင်းကလည်း လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားလို့နေပါတယ်။ နောက်ထပ်လည်း ရွှေထူးက ဇနီးချောလေးအတွက် သီချင်းအမိုက်စားတွေ ဖန်တီးပေးဦးမယ်လို့ သိရပါတယ်။