Official ချပြလိုက်ပါပြီ။

အုပ်စိုးခန့်နဲ့ ယွန်းယွန်းတို့ကတော့ သူတို့ရဲ့ အချစ်ရေးကို Official ချပြလိုက်ပါပြီ။ နှစ်ယောက်သား တွဲနေကြောင်းကို အင်စတာဂရမ်ကနေ အသိပေးလိုက်တာပါ။

Photo : အုပ်စိုးခန့် IG



မိန်းကလေး ပရိသတ်တွေရဲ့ အသည်းစွဲ လူငယ်အဆိုတော် အုပ်စိုးခန့်နဲ့ ပရိသတ်တွေရဲ့ အချစ်တော် ယွန်းယွန်းတို့ နှစ်ယောက်ဟာ တရားဝင်တွဲေ နပြီဆိုပြီး ပရိသတ်တွေကို အသိပေးလိုက်ပါပြီ။ သူတို့နှစ်ဦးရဲ့ အင်စတာဂရမ်ကနေ ပရိသတ်တွေကို အသိပေးလိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းလောက်ကတည်း သူတို့နှစ်ယောက် တွဲနေပြီဆိုတဲ့ သတင်းတွေ ပရိသတ်တွေကြားထဲမှာ ထွက်ပေါ်ခဲ့ပေမယ့်လည်း အုပ်စိုးခန့်နဲ့ ယွန်းယွန်းတို့က အတည်မပြုခဲ့ပါဘူး။

Photo : yoon yoon

ဒီနေ့(မတ်လ၄ရက်)မှ ပရိသတ်တွေကို အသိပေးလိုက်တာကြောင့် ပရိသတ်တွေ အံ့သြခဲ့ရပါတယ်။အုပ်စိုးခန့်နဲ့ ယွန်းယွန်းတို့ဟာ ၂၀၁၈ခုနှစ် က အုပ်စိုးခန့်ရဲ့ “တန်ခူးမေ” ဆိုတဲ့ သီချင်းလေးကို အတူတူသရုပ်ဆောင်ခဲ့ကြပါသေးတယ်။ သူတို့နှစ်ဦးဟာ အနုပညာလောကမှာ အောင်မြင်နေတဲ့ ကြယ်ပွင့်လေးတွေဆိုလည်း မမှားပါဘူး။

အုပ်စိုးခန့်ဟာ ဂီတလောကမှာ နေရာတစ်နေရာ ရအောင် ကြိုးစားနေသူ တစ်ဦးဖြစ်ပြီး ပြီးခဲ့သော ရက်ပိုင်းလောက် “the Number One” ဆိုတဲ့ တစ်ကိုယ်တော်အခွေလေး ထွက်ရှိထားတာ ဖြစ်ပါတယ်။

ယွန်းယွန်းဟာ ဗီဒီယိုဇာတ်ကားပေါင်း (၃၀၀) ကျော်နဲ့ ရုပ်ရှင်ဇာတ်ကား (၃၀)ကျော် ရိုက်ကူးခဲ့ရတဲ့ နာမည်ကြီး ကလေး သရုပ်ဆောင်တစ်ယောက် ဖြစ်ခဲ့ပါတယ်။ ယ်စဉ်ကတည်းက ကျရာဇာတ်ရုပ်တွေကို ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့ သူမဟာ ၂၀၁၂ခုနှစ်က “တိမ်မင်းသမီးရဲ့ ဒဏ္ဍရီ”ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး ကလေးသရုပ်ဆောင်ဆု(အထူးဆု) ကို ပိုင်ဆိုင်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၉ ရက်မှာအသက် ၁၉ နှစ် ပြည့်သွားတဲ့ ယွန်းယွန်းက “ရွှေမင်းသမီးနဲ့ လူလိမ်” ဇာတ်လမ်းတွဲမှာ အဓိကအမျိုးသမီးဇာတ်ဆောင်အဖြစ်ပါဝင်ခဲ့ပြီး နောက်ထပ် ဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က