''တိမ်တွေပေါ်က ပန်း''ဇာတ်ကားအကြောင်းပြောလာပါတယ်။

ဝတ်မှုံရွှေရည်ဟာ ‘’တိမ်တွေပေါ်က ပန်း’’ရုပ်ရှင်ဇာတ်ကားထဲက စနိုးဆိုတဲ့ ကောင်မလေးရဲ့ ဇာတ်ရုပ်က အရမ်းကို တန်ဖိုးရှိခဲ့တယ်လို့ ဆိုပါတယ်။ ကိုရီးယားမင်းသားနဲ့ ရင်းနှီးမှုတွေကိုလည်း ပြောပြလာပါတယ်။

သရုပ်ဆောင် ဝတ်မှုံရွှေရည်အတွက်တော့ ‘’တိမ်တွေပေါ်က ပန်း’’ရုပ်ရှင်ဇာတ်ကားကြီးဟာ အရမ်းကို တန်ဖိုးရှိခဲ့တဲ့ဇာတ်ကားဖြစ်တယ်လို့ဆိုပါတယ်။ ဒီဇာတ်ကားထဲမှာတော့ သူမရဲ့ ဇာတ်ကောင်က စနိုး ဆိုတဲ့ ကောင်မလေးပါလို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။



‘’ ကိုယ့်အတွက် အနုပညာကျန်မယ့် ဇာတ်ကားလို့လည်းပြောလို့ရတယ်။ ပြီးတော့ အဲဒီဇာတ်ကားထဲမှာ ပေးချင်တဲ့ မက်ဆေ့ချ်တွေကလည်း အများကြီးပါတယ်။ အဲဒီဇာတ်ကားထဲက စနိုး ဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဇာတ်ရုပ်ပေါ့။ ဒီကောင်မလေးက ဇာတ်ကားကြည့်မယ့်သူတွေကို ခွန်အားတွေ အများကြီး ပေးပါလိမ့်မယ်။ အဲဒီဇာတ်ကားရဲ့ မက်ဆေ့ချ်က ကစ်အတွက် အရမ်းတန်ဖိုးရှိပါတယ်’’ လို့ သူကဆိုပါတယ်။

သူမနဲ့ အတူ တောင်ကိုရီးယားမင်းသားချော Ryu Sang Wook ကလည်း ပါဝင်သရုပ်ဆောင်ခဲ့တာပါ။ သူဟာ ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော်မင်းသားဖြစ်ပေမယ့်လည်း အရမ်းကို ကူညီတတ်တဲ့ စိတ်နေစိတ်ထားရှိတယ်လို့ ဝတ်မှုံရွှေရည်က ပြောပါတယ်။

‘’ သူနဲ့ကတော့ ရင်းနှီးပါတယ်။ သဘောလည်းကောင်းတယ်။ ကူလည်း ကူညီတတ်တယ်။ သူတို့ဆီသွားရင်လည်း ဂရုစိုက်ပေးတယ်။ ဧည့်ဝတ်ကျေတယ်ပေါ့နော်။ သူနဲ့ ရင်းနှီးမှုကလည်း အနုပညာအလုပ်တွေ အတူတူတွဲလုပ်ဖြစ်တဲ့ အနုပညာမောင်နှမ နောက်တစ်ယောက် တိုးတာပေါ့နော်’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: Big 5

‘’တိမ်တွေပေါ်က ပန်း’’ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးရေးမှာလည်း အခက်အခဲတွေ အများကြီး ကြုံတွေ့ခဲ့ရတဲ့အကြောင်း ဝတ်မှုံရွှေရည်က ပြောပြလာပါတယ်။

‘’ အခက်အခဲတွေကတော့ ကစ်တို့ တစ်ခါမှမရောက်ဖူးတဲ့နေရာ၊ ဖလမ်းတို့ဘာတို့လည်း မဟုတ်ဘူး။ ထန်းတလမ်းဆိုတဲ့နေရာကို ဆက်သွားရတာ အဝေးကြီးပေါ့နော်။ အဲဒီမှာ ရာသီဥတုရော၊ လမ်းခရီးရောအပြင် နောက်ထပ် မြို့တစ်မြို့ကိုလည်း ထပ်သွားရသေးတယ်။ တချို့လမ်းတွေဆိုရင် တောင်တွေပြိုထားတာနဲ့ ကားသွားလို့ လုံးဝမရဘူး။ ရွှံ့တွေ၊ ဗွက်တွေနဲ့ပေါ့။ အဲဒီလို ခက်ခဲတဲ့နေရာတွေ အများကြီးမှာ ဒီဇာတ်ကားကိုရိုက်ခဲ့ရတာပါ’’ ဆိုပြီးတော့ စက်တင်ဘာလ ၁၇ ရက်နေ့က Mytel Brand Ambassador ခန့်အပ်ပွဲမှာဖြေဆိုခဲ့တာပါ။

Photo: Big 5

လက်ရှိ အနုပညာလောကရဲ့ ထိပ်တန်းမင်းသမီးတွေထဲမှာ ဝတ်မှုံရွှေရည်( Wutt Hmone Shwe Yi) တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ သူမကို ချစ်တဲ့ ပရိသတ်တွေ ကလည်း အများကြီးရှိပါတယ်။ အခုချိန်မှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက် ရိုက်ကူးနေရတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ သူမကိုတော့ Kanebo ကြော်ငြာနဲ့ အနုပညာလောကထဲကို ရောက်ရှိလာတာဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ ဇာတ်ကားများ စတင်ရိုက်ကူးခဲ့ပါတယ်။ သူမဟာ၂၀၁၃ခုနှစ်မှာ "နင်စေရင်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး အဲ့ဒီအကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတော ရကျောင်းတိုက်မှာ လှူဒါန်းခဲ့ပါတယ်။ သူမဟာ ၂၀၁၄ခုနှစ်မှာတော့ "နှလုံးသားနဲ့ပြုလုပ်သည်" ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုလည်း ရရှိထားပါတယ်။



Share

Loading Next Article...
က္က