စိုးသူရဲ့ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။

သရုပ်ဆောင်၊ အဆိုတော် စိုးသူက သူ့ရဲ့ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားကြီးကို စိုင်းစိုင်းခမ်းလှိုင်၊ စိုးမြတ်သူဇာတို့နဲ့ တွဲပြီး ရိုက်ကူးပုံဖော် သွားမယ်လို့ သိရပါတယ်။ စိုင်းစိုင်းနဲ့ တူတယ် လို့ ပြောကြတဲ့ ပရိသတ်တွေကိုလည်း စိုင်းစိုင်းက ပိုနုတဲ့အကြောင်း သဘောကျရင်း ပြောပြခဲ့ ပါသေးတယ်။



 

လက်ရှိအနုပညာလောကမှာ ထိပ်ဆုံးနေရာရပ်တည်နေတဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ တစ်ချိန်က အနုပညာလောကထဲမှာ ထိပ်တန်းနေရာ ရပ်တည် နိုင်ခဲ့တဲ့ စိုးသူ တို့ အတူတွဲပြီး ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးတော့မယ်လို့ သိရပါတယ်။ ဇာတ်ကားနာမည်လေးကိုတော့ ကျွန်မရဲ့ သစ်ပင် ဆို ပြီးတော့ နာမည်ပေးထားတယ်လို့လည်း မီဒီယာတွေကနေတဆင့်ပြောပြခဲ့ပါတယ်။

'' သူက ဂီတကိုလည်း အင်မတန်မြတ်နိုးတယ်၊ မာနလည်း အင်မတန်ကြီးတဲ့ ဂီတသမားကြီးတစ်ယောက်ပေါ့။ အရမ်းကြီးလည်း မအောင်မြင် ဘူး။ သူသားလေးကတော့ အောင်မြင်တယ်။ သားအပေါ်ထားတဲ့ စေတနာ၊ ဂီတအပေါ်ထားတဲ့ စိတ်၊ ဘဝအပေါ် ထားတဲ့ စိတ် ကတော့ ကောင်းတယ်'' လို့ သူကဆိုပါတယ်။

Photo: Soe Thu Page

 

ကျွန်မရဲ့ သစ်ပင် ဇာတ်ကားဟာ စာရေးဆရာမဂျူးရဲ့ ဝတ္ထုကို ပုံဖော်ရိုက်ကူးသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ စိုးသူ၊ စိုင်းစိုင်းခမ်းလှိုင်နဲ့ စိုးမြတ်သူဇာ တို့က အဓိက ပါဝင်သွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ပါဝင်မယ့် မင်းသား နှစ်ယောက်ကိုလည်း တချို့ ပရိသတ်တွေက ရုပ်ချင်းဆင်တူတယ်လို့ ပြောနေကြတဲ့အပေါ် စိုးသူက အခုလို ပြောပြခဲ့ပါတယ်။

'' ဝတ္ထုကို ဇာတ်ကားအဖြစ် ပုံဖော်တာကတော့ မြန်မာနိုင်ငံမှာတင်မကဘူး၊ နိုင်ငံခြားမှာလည်း ဒီလိုပဲ ရိုက်နေကြတာပါ။ ကောင်းဖို့ မကောင်း ဖို့ကတော့ ကျွန်တော်တို့ ကြိုးစားရမှာပေါ့။ ကျွန်တော်နဲ့ စိုင်းစိုင်းက ရုပ်ချင်းမဆင်ပါဘူး သူက ပိုနုပါတယ်။ သူ့ကိုလည်း ဘစိုင်းလို့ ခေါ်နေကြ တယ်။ ကျွန်တော်ကတော့ ဘစိုး ဖြစ်တာကြာပြီ'' လို့ ရယ်ရယ်မောမောနဲ့ ပြောပြခဲ့ပါတယ်။

ချစ်သူသက်တမ်း (၅)နှစ်ပြည့်သွားပြီဖြစ်တဲ့ စိုးသူနဲ့ စိုးမြတ်နန္ဒာ 

မြန်မာနိုင်ငံမှာရှိတဲ့ အနုပညာအလုပ်တွေ၊ ပရိသတ်တွေနဲ့ ဝေးကွာခဲ့တဲ့ စိုးသူဟာ မြန်မာပြည်ပြန်ရောက်ပြီးနောက် ပထမဆုံးရုပ်ရှင်ဇာတ်ကား ကြီးအဖြစ် တရားလား ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးမှာဖြစ်ပါတယ်။ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားကတော့ ကျွန်မရဲ့ သစ်ပင် ဆိုတဲ့ ဇာတ်ကားဖြစ်ပါတယ်။

'' အနုပညာလှုပ်ရှားမှုတွေကိုတော့ နည်းနည်းပဲ လုပ်ဆောင်သွားမှာပါ။ ကိုယ့်ဘက်က တာဝန်ကျေအောင် သရုပ်ဆောင်နိုင်မယ့်၊ ကိုယ်လုပ်နိုင် မယ့်၊ ကိုယ့်အတွက် အဆင်သင့်ဖြစ်လောက်မယ့် ကာရိုက်တာလေးတွေဆိုရင်တော့ လက်ခံရိုက်ကူးဖြစ်မယ်'' ဆိုပြီးတော့ စက်တင်ဘာလ ၄ ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ တရားလား ရုပ်ရှင်ကန်တော့ပွဲမှာ ပြောပြခဲ့တာဖြစ်ပါတယ်။

Photo: Soe Thu Page

 

စိုးသူဟာ အနုပညာလောကနဲ့ ဝေးကွာနေတာ ၁၀စုနှစ်ကျော်ခဲ့ပါပြီ။ သူ့အနေနဲ့ ၂၀၁၅ ခုနှစ်က မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတာ ဖြစ်ပြီး မန္တလေးမှာရော၊ ရန်ကုန်မှာပါ တစ်ကိုယ်တော် ဖျော်ဖြေပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ သူ့ကို အားပေးတဲ့ ပရိသတ်တွေကတော့ ဒီနေ့ အချိန် ထိ အခိုင်အမာရှိနေပါတယ်။

 

Share

Loading Next Article...
က္က