သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို စိတ်ဝင်စားနေကြတာပါ။

ဟိန်းဝေယံကတော့ စိုးပြည့်သဇင်နဲ့ လက်ရှိ ရင်းနှီးမှုအခြေအနေတွေကို ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။ စိုးပြည့်သဇင်ကလည်း အေးအေးဆေးဆေးနေတတ်သူတစ်ယောက်ပါတဲ့။

Photo: Soe Pyae Thazin



သရုပ်ဆောင် ဟိန်းဝေယံ နဲ့ စိုးပြည့်သဇင်တို့ ရဲ့ ရင်းနှီးမှုကိုတော့ ပရိသတ်တော်တော်များများက စိတ်ဝင်စားလေ့ရှိပါတယ်။ ဒါကြောင့် စိုးပြည့်သဇင်နဲ့ လက်ရှိ ဆက်ဆံရေးအခြေအနေကို ဟိန်းဝေယံက မီဒီယာ အင်တာဗျူးတွေမှာ အခုလို ဖြေဆိုခဲ့ပါတယ်။

‘’စိုးပြည့်နဲ့က ခင်တာကလည်းကြာပြီ။ဟိုးအရင်ကတည်းက ဆုံခဲ့တယ်။ Facebook မှာကလည်း friend ဖြစ်တဲ့အခါကျတော့ တစ်ခါတလေ စတာ နောက်တာတွေတော့ရှိတာပေါ့။ အနုပညာနဲ့ ပတ်သက်ပြီးတော့လည်း သူက တကယ်တော်တဲ့သူတစ်ယောက်ပါ။ သူနဲ့ ပတ်သက်ပြီး ထွေထွေထူးထူးပြောချင်တာမျိုးတော့ မရှိပါဘူး’’ လို့ ဆိုပါတယ်။

Photo: Mg Htet Shine

စိုးပြည့်သဇင်ကလည်း အချစ်ရေးနဲ့ ပတ်သက်ရင် တည်ငြိမ်သူတစ်ယောက်ပါ။ သူမကိုယ်တိုင်ကလည်း အေးအေးဆေးဆေးနေတတ်တဲ့သူပါလို့ ဟိန်းဝေယံက စက်တင်ဘာလ ၉ ရက်နေ့က StreetWear Attire (Fashion Show) ကိုတက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

‘’သူက ခင်ဖို့ကောင်းတယ်။ အေးအေးဆေးဆေးနေတတ်တဲ့ သဘောမျိုးရှိတယ်။ ပြီးတော့ တကယ်လည်း ခင်ဖို့ကောင်းပါတယ်။ သူနဲ့ ဇာတ်ကားအတူတူရိုက်ဖို့ကိုလည်း စဉ်းစားထားတာတွေရှိပါတယ်။ လက်ရှိမှာလည်း သူနဲ့အတူတူရိုက်နေတဲ့ ဇာတ်လမ်းတွဲလေးကလည်းရိုက်လက်စဖြစ်နေတုန်းပေါ့နော်’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: Amazing Grace

ဟိန်းဝေယံနဲ့ စိုးပြည့်သဇင်တို့ နှစ်ယောက်ဟာ အနုပညာလောကမှာ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေကြတဲ့ အနုပညာရှင်တွေဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကလည်း ဗီဒီယိုဇာတ်ကားတွေ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေ အပြင် MTV တွေမှာပါ အတူတွဲ သရုပ်ဆောင်ရတဲ့သူတွေပါ။ လိုက်ဖက်လွန်းတဲ့သူတွေဖြစ်တာကြောင့်လည်း အလုပ်နဲ့ ပတ်သက်တဲ့ အလှဓာတ်ပုံတွေ အများကြီး ရိုက်ကူးရလေ့ရှိတာကိုလည်း တွေ့ရပါတယ်။

Photo: Soe Pyae Thazin

ဟိန်းဝေယံကိုတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်အားပေးမှုများစွာ ရရှိခဲ့သူဖြစ်ပါတယ်။ အခုဆိုရင်တော့ သူ့ရဲ့ အနုပညာသက်တမ်းဟာ နှစ် ၂၀ ကျော်ကို ရောက်ရှိလို့နေပါပြီ။ အဲဒီနောက် သူကိုယ်တိုင် ဒါရိုက်တာအဖြစ်ရိုက်ကူးထားတဲ့ ‘’မာယာကကြိုး’’ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ပရိသတ်အရှေ့အရောက်ပို့ဆောင်ပေးနိုင်ဖို့ ကြိုးစားနေတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။

 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က