ကျွန်တော် ငယ်ငယ်လေးကတည်းက အားပေးခဲ့တာပါ။

ထက်ဦးထွဋ်ဟာ သူကိုယ်တိုင်လေးစားအားကျရတဲ့ အနုပညာရှင်တစ်ယောက်က စိုင်းစိုင်းခမ်းလှိုင်ဖြစ်တယ်ဆိုတာကို ပြောပြထားပါတယ်။ ထက်ဦးထွဋ်က လက်ရှိမှာ တီဗီကြော်ငြာတွေ ရိုက်ကူးနေတာကို တွေ့ရပါတယ်။

Photo: Hight

ဆယ်ကျော်သက် မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ထက်ဦးထွဋ်ဟာ အနုပညာလောက ထဲမှာ သူကိုယ်တိုင် လေးစားအားကျရတဲ့ အနုပညာရှင်က စိုင်းစိုင်းခမ်းလှိုင် ဖြစ်တယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

‘’ ကိုစိုင်းစိုင်းကို ကျွန်တော်အရမ်းကြိုက်တယ်။ ကျွန်တော် ငယ်ငယ်လေးကတည်းကနေ အခုချိန်ထိ သူက အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်လာတယ်။ ဒါပေမယ့် တချို့တွေကတော့ သူ သရုပ်ဆောင်မှုအပိုင်းမှာ မပီပြင်ဘူးလို့ပြောပေမယ့် သူ့ရဲ့ အဆိုတော်အလုပ်၊ တခြားအလုပ်တွေမှာ သူ အောင်မြင်နေတယ်’’ လို့ ဆိုပါတယ်။

Photo: Htet Oo Htut

ထက်ဦးထွဋ်ဟာ စာအုပ်စာပေကလည်း လူတစ်ယောက်ရဲ့ တိုးတက်မှုကို ပြောင်းလဲစေနိုင်တယ်လို့ ဆိုပါတယ်။ သူကိုယ်တိုင်ကလည်း စာပေလေ့လာရတာကို ဝါသနာပါသူ တစ်ယောက်ဖြစ်တယ်လို့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။

‘’ အဓိက ကတော့ သူ စာများများဖတ်တယ် ထင်ပါတယ်။ သူ့ရဲ့ စကားလုံးတိုင်း၊ သူဖြေတဲ့ အဖြေတိုင်းက အရမ်းကြီးကို လေးနက်မှုတွေပါတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း အားရင် အားသလို စာဖတ်ဖြစ်တာတွေရှိတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ကိုယ်ကို ပြောင်းလဲဖို့ ဆိုတာက ဒီစာအုပ်တွေထဲမှာပဲ ရှိတာလေ’’ လို့ ဆက်လက်ဖြေဆိုခဲ့ပါတယ်။

Photo: Htet Oo Htut

ထက်ဦးထွဋ်က အသက် ၂၀ သာရှိပါသေးတယ်။ အရင်တုန်းကလည်း Mister Global Teen Myanmar 2015 ဆုကို ရရှိပိုင်ဆိုင်ခဲ့ဖူးသူ တစ်ယောက်ပါ။ လက်ရှိမှာလည်း အနုပညာလောကမှာ မော်ဒယ်လ်၊ သရုပ်ဆောင် တစ်ယောက် အနေနဲ့ ရပ်တည်နေတာကို တွေ့ရပါတယ်။ လက်ရှိမှာလည်း Man Fashion ကြော်ငြာတွေရိုက်ကူးနေတယ်လို့ ဆိုပါတယ်။

Photo: Htet Oo Htut

ထက်ဦးထွဋ်ဟာ အနုပညာလောကထဲကို သရုပ်ဆောင်တစ်ဦးအဖြစ် ငယ်စဉ်ကတည်းက ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ သူဟာ မိန်းကလေး ပရိသတ်တွေရဲ့ အားပေးခြင်းခံနေရတဲ့ အနုပညာရှင်အသစ်တစ်ယောက်ပါ။ သူ့ကိုတော့ Innocence ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်မယ့် မင်းသားတစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ ဒါပေမယ့် အခုချိန်မှာတော့ ဒီရုပ်သံဇာတ်လမ်းတွဲမှာ မပါဝင်ဖြစ်တော့ဘူးလို့ သိရပါတယ်။

Share

Loading Next Article...
က္က