စိုင်းစိုင်းတစ်ယောက် လာမယ့် ၂၀၁၉ မှာ အသစ်အသစ်တွေနဲ့ ပဲ နှစ်သစ်ကို ဖြတ်သန်းသွားမယ်လို့ ဆိုပါတယ်. သူဟာ လက်ရှိမှာတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းစာရင်းဝင် အဆိုတော် တစ်ဦးဖြစ်ပါတယ်.
Photo: စိုင်းစိုင်းခမ်းလှိုင်
စိုင်းစိုင်းခမ်းလှိုင်က သူ့အတွက် ၂၀၁၉ Plan လေးကို ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်. သူ့အနေနဲ့ အစစ အရာရာ အသစ် အသစ်တွေ ချည်းပဲ ဖန်တီးသွားမယ်လို့ ဆိုပါတယ်.
''2019 ကျရင် ဖက်ရှင်အသစ်ဝတ်မယ် ဖိနပ်အသစ်စီးမယ်.ကေအသစ်ညှပ်မယ် နာရီအသစ်ပတ်မယ်. စိတ်ကူးအသစ်တွေးမယ်. စိတ်ဓာတ်အသစ်မွေးမယ်.အလုပ်အသစ်ရှာမယ်. သီချင်းအသစ်ရေးမယ်. ရုပ်ရှင်အသစ်ရိုက်မယ်. မိတ်ဆွေအသစ်ပေါင်းမယ်'' ဆိုပြီးတော့ ဒီဇင်ဘာလ ၂၁ ရက်နေ့ ည ၁၂ နာရီ က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်. စိုင်းစိုင်းရဲ့ ၂၀၁၉ Plan လေးကိုတော့ အားပေးထောက်ခံကြတဲ့ ပရိသတ်တွေ အများကြီးပါပဲ.
Photo: စိုင်းစိုင်းခမ်းလှိုင်
မြန်မာနိုင်ငံ ဂီတလောကရဲ့ ထိပ်ဆုံးမှာ အောင်မြင်မှုတွေနဲ့ ရပ်တည်နေတဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင် ရဲ့ တရားဝင် Facebook Page ကတော့ ဇွန်လ ၁၆ ရက်နေ့ ညမှာပဲ Follower ၈ သန်းပြည့်သွားခဲ့ပါတယ်။ သူ့ကို အားပေးချစ်ခင်နေကြတဲ့ ပရိသတ်တွေအတွက် လည်း ဒီ့ထက်ပိုကြိုးစားသွားဦးမယ်လို့ ဆိုပါတယ်။နောက်ဆို ရင်တော့ Facebook ထက် Instagram ကို ပိုသုံးဖြစ်မယ် ဆိုတာကိုလည်း သူ့ရဲ့ ဖေ့စ်ဘွတ် ပေ့ချ်မှာ ပြောပြခဲ့ဖူးပါတယ်.
Photo: စိုင်းစိုင်းခမ်းလှိုင်
စိုင်းစိုင်းရဲ့ Instagram မှာတော့ အားပေး သူ ပရိသတ်ပေါင်း ၄ သိန်း ၇ သောင်းကျော် ရှိတာကို တွေ့ရပါတယ်။ စိုင်းစိုင်းခမ်းလှိုင် ဟာ သူ့ရဲ့ ကိုယ်ပိုင် Instagram အကောင့်မှာလည်း အနုပညာလှုပ်ရှားမှုတွေအကြောင်းကို တင်လေ့ရှိပါတယ်။
Photo: စိုင်းစိုင်းခမ်းလှိုင်
သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာ အာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frezon Production မှာလည်း ဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။