စိုင်းစိုင်းရဲ့ Fan တစ်ယောက်အနေနဲ့ စိုင်းစိုင်းရဲ့ SAI mineral powder ကြော်ငြာထဲမှာ ပါဝင်ခွင့့်ရခဲ့တဲ့ လီလီကျော်ခိုင် က အရမ်းကိုပျော်ခဲ့ရ တယ်တဲ့။ စိုင်းစိုင်းနဲ့ အတူတူကြော်ငြာတွဲရိုက်ပြီးတဲ့နောက်မှာလည်း စိုင်းစိုင်း နဲ့ သူ့ရဲ့ ဆက်ဆံရေး အခြေ အနေကိုလည်း ပြောပြလာပါတယ်။
မော်ဒယ်လ်မလေး လီလီကျော်ခိုင် တစ်ယောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ အလှကုန်ပစ္စည်းကြော်ငြာဖြစ်တဲ့ SAI mineral powder မှာ ပါဝင်ခွင့် ရခဲ့ ပါတယ်။ ငယ်ငယ်တုန်းကတည်းက စိုင်းစိုင်းခမ်းလှိုင်ကို အားပေးခဲ့တဲ့ ပရိသတ်တစ်ယောက်ဖြစ်ပြီး စိုင်းစိုင်းရဲ့ ကြော်ငြာမှာ ပါဝင်ခွင့် ရလာတဲ့ အချိန် သူ့ရင်ထဲက ခံစားချက်ကို Duwun Media ကနေပြောပြခဲ့ပါတယ်။
'' ညီမက ကိုစိုင်းစိုင်း Fan ပါ။ ညီမ မှတ်မိနေသေးတယ် ၄ တန်းလောက်မှာ အမေ့ကို သီချင်းတွေဆိုပြတယ်ပေါ့နော်။ ဝေးဝေးပြေးတဲ့ အချစ်ကို စွဲလမ်းလွန်းလို့ဆိုတဲ့ သီချင်းတွေ ဆိုပြနေကြပါ။ ကိုစိုင်းရဲ့ Fan လည်းဖြစ်တယ် ဇာတ်ကားရိုက်ဖို့လည်း ကမ်းလှမ်းတယ်ဆိုတော့လေ ကိုစိုင်းရဲ့ အလှကုန်ပစ္စည်းကြော်ငြာမှာ ပါဝင်ခွင့်ရတယ်ဆိုတော့ ကိုယ့်ကိုယ်ကိုလည်း အရမ်းပျော်မိပါတယ်'' လို့ သူကဆိုပါတယ်။
စိုင်းစိုင်းခမ်းလှိုင်ရဲ့ SAI mineral powder ကြော်ငြာလေးကနေတဆင့် ပရိသတ်တွေ ပိုသတိထားမိလာစေခဲ့တဲ့ လီလီကျော်ခိုင်က စိုင်းစိုင်း နဲ့ သူ့ရဲ့ ရင်းနှီးမှုကိုလည်း ပြောပြခဲ့ပါတယ်။ SAI mineral powder ကြော်ငြာလေးထဲမှာတော့ စိုင်းစိုင်းကို သူက မောင် လို့ ခေါ်လိုက်တယ်တဲ့။
'' လက်ရှိမှာတော့ ညီမကိုလာပြောနေတာကတော့ အကြီးမလေးတို့ ပြီးတော့ အဲ့ဒီအထဲမှာ ညီမက ကိုစိုင်းကို မောင် လို့ခေါ်လိုက်တာ။ ညီမနဲ့ ကိုစိုင်းနဲ့ကတော့ အလုပ်ကိစ္စနဲ့ ပတ်သက်ပြီး စကားတော့ပြောဖြစ်တယ်။ အပြင်မှာတွေ့ရင်တော့ သူလည်း မှတ်မိတယ်၊ ကိုယ်လည်း မှတ်မိ တယ်ဆိုရုံလောက်အထိတော့ ကိုစိုင်းနဲ့ ရင်းနှီးပါတယ်'' လို့ ပြောပါတယ်။
Photo: လီလီကျော်ခိုင် ဖေ့စ်ဘွတ်
လီလီကျော်ခိုင် က SAI mineral powder ကြော်ငြာထဲကနေ ပရိသတ်တွေ သတိထားမိစေခဲ့တဲ့ ကာရိုက်တာလေးကိုလည်း ပြောပြခဲ့ပါတယ်။
'' ဒီကြော်ငြာလေးထဲမှာတော့ ညီမရဲ့ ကာရိုက်တာက မျက်မှန်နဲ့ပေါ့။ ညီအစ်မ သုံးယောက်ထဲမှာမှ အကြီးမ နေရာကပေါ့။ ညီမရဲ့ ပုံစံက ခက်ထန်တဲ့ ပုံ လိုချင်တယ် ဆိုတော့ ရွေးရင်းနဲ့မှ ညီမနဲ့လိုက်ဖက်ပြီး အဆင်ပြေသွားတာပါ'' ဆိုပြီးတော့ ပိုးကောင်လေးများ ရုပ်သံဇာတ်လမ်း တွဲ ရိုက်ကွင်းကို သွားရောက်သတင်းယူခဲ့တဲ့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။
လီလီကျော်ခိုင်ဟာ တကယ့် မြွေအစစ်ကြီးတွေကို မကြောက်မရွံနဲ့ Photo Shotting ရိုက်ကူးနေတဲ့ ဗီဒီယို ဖိုင်ကလည်း လူကြိုက်များခဲ့ပါ သေးတယ်။ အဲ့ဒီနောက် SAI mineral powder ကြော်ငြာလေးထဲမှာပါဝင်သရုပ်ဆောင်ခဲ့တာပါ ဒီကြော်ငြာလေးထဲမှာတော့ လီလီကျော်ခိုင်၊ ပိုးမမှီသာ နဲ့ ယမင်းမေဦးတို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။