သဘောကျရယ်မောရင်း ပြောပြခဲ့ပါတယ်။

နီနီခင်ဇော်ဟာ Stand by me ဆိုတဲ့ သီချင်း MTV ထဲမှာ တကယ့် ချစ်သူ စုံတွဲတွေရဲ့ ချစ်ခြင်းမေတ္တာအစစ်အမှန်ကို ထုတ်ပြ နိုင်ခဲ့ တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူ့ရဲ့ ချစ်သူကိုတော့ ပရိသတ်ကို ထုတ်မပြသေးဘူးလား ဆိုတဲ့ မေးခွန်းအပေါ် စ နောက် ရင်း ဖြေဆိုခဲ့ပါတယ်။



Photo: Ni Ni Facebook

 

အဆိုတော် နီနီခင်ဇော်ရဲ့ အောင်မြင်တဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ Stand by me ( Acoustic version ) MTV အသစ်လေးကို သြဂုတ်လ ၁၃ ရက်နေ့ည ၈ နာရီခွဲ လောက်က ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ ဒီသီချင်းလေးထဲမှာတော့ တကယ့် ချစ်သူ စုံတွဲတွေ ပါဝင်သရုပ် ဆောင်ခဲ့တာဖြစ်ပါတယ်။

'' အတွဲအစစ်တွေကို သုံးချင်တာပေါ့လေ။ ဒါပေမယ့် မထက်ကတော့ ပေးမသုံးဘူး။ ထာဝရမြုပ်ထားတာပေါ့နော်၊ နီနီတို့လည်း အပြင်မှာ မမြင်ဖူးဘူး။ သူ့ရည်းစားက အရမ်းချောတယ်ထင်တယ်၊ နီနီတို့ကို မပြဘူး အဲ့ဒါနဲ့ပဲ နီနီတို့ရဲ့ သူငယ်ချင်းတစ်ယောက်နဲ့ပဲ တွဲပေးလိုက်တယ်။ ကျန်တာတွေကတော့ စုံတွဲအစစ်လေးတွေဆိုတော့ ကြည်နူးစရာလေးပါ'' လို့ ဆိုပါတယ်။

အသက် ၂၇ နှစ်ပြည့်သွားပြီဆိုတဲ့ နီနီခင်ဇော် 

Stand by me ( Acoustic version ) သီချင်း အမြည်းလေးကို နီနီက ပရိသတ်တွေအတွက် မိတ်ဆက်ပေးလိုက်တဲ့ အချိန်မှာတော့ မိတ်ကပ် မထက် တို့စုံတွဲလေးကို ပရိသတ်စိတ်ဝင်စားမှု ပိုများလာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ပရိသတ်တွေ မျှော်လင့်ထားသလို ဖြစ်မလာခဲ့တဲ့ အကြောင်းကိုလည်း ဆက်လက်ပြောပြလာပါတယ်။

'' တကယ့် ချစ်ခြင်းမေတ္တာအစစ်နဲ့ ပြချင်ပေမယ့်လည်း မထက်နဲ့တော့ မပြလိုက်ရဘူး။ ဒါပေမယ့် ရိုက်တဲ့အချိန်မှာတော့ သူ့ရဲ့ တကယ့် ရည်းစားလိုပဲ ခံစားပြီးတေ့ာ ရိုက်ပေးတယ်၊ သူတော်လို့ပေါ့။ မင်းသားကို သူ ခံစားနိုင်တယ်ပေါ့'' လို့ စက်တင်ဘာလ ၂၁ ရက်နေ့က Pond ပစ္စည်းသစ် မိတ်ဆက်ပွဲ မှာ မီဒီယာတွေကို ဖြေဆိုခဲ့ တာဖြစ်ပါတယ်။

Photo: Ni Ni Facebook

 

အချစ်သီချင်းပေါင်းများစွာနဲ့ အောင်မြင်နေတဲ့ နီနီခင်ဇော်ကတော့ သူ့ရဲ့ ချစ်သူကို ထုတ်မပြသေးဘူးလား ဆိုတဲ့ မေးခွန်းအပေါ် စနောက် ပြီးတော့လည်း ရယ်ရယ်မောမောနဲ့  ဖြေဆိုပေးခဲ့ပါတယ်။ အဲ့ဒီနောက် ပရိသတ်စိတ်ဝင်စားစေနိုင်မယ့် သီချင်းတွေကို MTV ရိုက်ပြီး အွန်လိုင်းကနေတဆင့် မိတ်ဆက် ပေးသွားမယ်လို့ သူကဆိုပါတယ်။

'' နီနီကလည်း ဝှက်ထားတာပေါ့။ ဘာလို့လဲဆိုတော့ အရမ်းချောလို့ ဖြစ်လိမ့်မယ်။ မထက်နဲ့ နီနီက ညီအစ်မတွေဆိုတော့လေ။ သီချင်းတွေ တစ်ပုဒ်ချင်းစီတင်ဖြစ်တာကလည်း အခုခေတ်က တစ်ပုဒ်ချင်းစီပဲ တင်လို့ရတဲ့ ခေတ်ဖြစ်လာတာကိိုး။ MTV ရိုက်တာတွေကတော့ တောက် လျှောက်ရိုက်တယ်။ တင်တဲ့အပုဒ်လည်း တင်တယ်။ မတင်တဲ့ အပုဒ်လည်း မတင်ဘူး'' လို့ ပြောပါတယ်။ 

Photo: Ni Ni Facebook

 

နီနီခင်ဇော်ဟာ ဇွန်လ အတွင်းတုန်းကလည်း အချစ်သီချင်းအသစ်လေးတစ်ပုဒ်ဖြစ်တဲ့ '' ချစ်လျှက်နဲ့ လမ်းခွဲ'' ဆိုတဲ့ သီချင်း MTV လေးကို ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီသီချင်းလေးကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့ပြီး  အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ်။ နီနီခင်ဇော်က Melody World သီချင်းဆို ပြိုင်ပွဲကနေ စပြီး ဂီတလောကထဲကို ဝင်ရောက်လာတာဖြစ်ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က