မင်္ဂလာသတင်းကတော့ လာမယ် ကြာမယ်တဲ့။
 

သရုပ်ဆောင် ဘေဘီမောင်ရဲ့ မင်္ဂလာသတင်းက လာမယ်ကြာမယ်တဲ့။ ပရိသတ်တွေအတွက် သူမဟာ ဘေဘီလေးပဲ ရှိသေးတာကြောင့် လက်ရှိမှာ အိမ်ထောင်ပြုဖို့ကမသေချာသေးဘူးလို့ ဆိုပါတယ်။ ချစ်သူက အနုပညာလောကထဲက မဟုတ်ဘူးဆိုတဲ့  ဘေဘီမောင်ရဲ့ အချစ်ရေးနဲ့ ပတ်သက်လို့လည်း Duwun Media သို့ ယခုလို ပြောပြခဲ့ပါတယ်။

"ဘေဘီချစ်တဲ့သူရှိပါတယ်။အပြင်ကပါ။နှစ်ဦးနှစ်ဖက် ကျွမ်းကိုင်းမှီ ကိုင်းကျွန်းမီပေ့ါ။ ကိုယ့်ဘက်က မိန်းမတစ်ယောက်ဖြစ်တဲ့အတွက် သူငယ်ချင်းလို မိခင်လို မိတ်ဆွေလို အမလို ညီမလို ချစ်ခြင်းမေတ္တာတွေ ပေးတာပေ့ါ။ အပြန်အလှန်ပါပဲ။ နားလည်မှု ပေးလို့မရဘူး ဆိုရင်တော့ ဘေဘီမောင်ကို ချစ်လို့မရပါဘူး။နားလည်မှု ပေးနိုင်တယ်ဆိုရင်တော့ ချစ်လို့ရပါတယ်။သူဘက်က ကိုယ့်ကို စီးပွားရေးနဲ့ ပတ်သက်တာတွေ ကိုယ်မသိတာတွေကိုလည်း  ရှင်းပြတယ်။ ပံ့ပိုးပေးတယ်း မင်္ဂလာသတင်းက လာမယ် ကြာပါဦးမယ်။ ဘာလို့လည်း ဆိုတော့ ပရိသတ်တွေအတွက် ဘေဘီက ဘေဘီပဲ ရှိသေးတော့  လူကြီးကိစ္စတွေ မရှိသေးပါဘူး။ သုံးဆယ်ကျော်ရင်တော့ အိမ်ထောင်ပြု မယ်လို့ စဉ်းစားထားပေမယ့် အလုပ်ကလည်း လုပ်ဦးမယ်ဆိုတော့ စိတ်က နှစ်ခုဖြစ်နေတယ်။သူကပဲ တားစည်းနိုင်မလား ကိုယ်ပဲ သွား ဖြစ်မလား။ ဟိုမှာ ကြာမလားမကြာဘူးဆိုတာကတော့ သူ့အပေါ် မူတည်ပါတယ်။။ " လို့  ဇွန်လ(၂၄) ရက်နေ့ ကျင်းပပြုလုပ်တဲ့ Blancoရဲ့ (၈)နှစ်ပြည့် အထိမ်းအမှတ်ပွဲမှာ  Duwun Media သို့ ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။

 

အသက်အရွယ်ပိုင်း ရင့်ကျက်လာတာနဲ့အမျှ အချစ်ရေးမှာလည်း အရင်ကလို ကလေးမဆန်တော့ဘူးတဲ့။

"ရင့်ကျက်လာတဲ့ အချစ်ဆိုရင်တော့ အရင်ကထက်စာရင် ကလေးမဆန်တော့ဘူး တည်ငြိမ်လာတယ်။အချစ်ရေးဆိုတာထက်ကို လောလောဆယ် ကိုယ့်ဘဝမှာဖြစ်တည်နေတာတွေကို အရေးပေးတတ်လာတယ်။ အချစ်ရေးက မရှိဘူးတော့မဟုတ်ပါဘူး။ရှိပါတယ်" ဆိုပြီး ပြောပြထားပါသေးတယ်။

သူမအနေနဲ့ ရိုးသားကြိုးစားပြီး အလုပ်ကို အလုပ်နဲ့တူအောင် လုပ်ချင်စိတ်ရှိတဲ့သူမျိုး၊ စည်းစနစ်ရှိပြီး သူမကိုလည်း ဖခင်လိုမျိုး အုပ်ချုပ်နိုင်မယ့် ယောကျ်ားမျိုးကို လက်တွဲချင်တယ်လို့လည်း ထပ်ပြီး ဖြေဆိုပေးခဲ့ပါသေးတယ်။

 

ဘေဘီမောင်ဟာ အသက်(၃၀)နောက်ပိုင်းမှာ ကိုယ်ပိုင်စီးပွားရေး တစ်ခု လုပ်သွားဖို့ စီစဉ်နေပါတယ်။  မြန်မာနိုင်ငံမှာလည်း ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေသလို အမေရိကနိုင်ငံမှာလည်း ကိုယ်ပိုင်စီးပွားရေးတစ်ခု သွားရောက်လုပ်ကိုင်မှာပါ ဆိုပြီးတော့ ဇွန်လ ၈ ရက်နေ့က Aroma ရဲ့ ဆိုင်အသစ်ဖွင့်လှစ်ပွဲကို တက်ရောက်လာရင်း Duwun Media ရဲ့အင်တာဗျူးမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

''အသက် ၃၀ ကျော်ရင်တော့ အကောင်အထည်ဖော်ဖြစ်မှာပါ။ တစ်သက်လုံးလည်းနေရင်နေမယ် မနေဖြစ်ရင်လည်း ဟိုမှာ အလုပ်သွား လုပ်ဖို့ ရှိတယ်။ ဒီမှာ စီးပွားရေးတွေလည်း လုပ်သလို ဟိုမှာလည်း စီးပွားရေးတစ်ခုသွားလုပ်ချင်တာ ပေါ့နော်။ တစ်ရွာမကောင်း သူကောင်း မဖြစ် ပေါ့။ အဓိက က ကိုယ့်မိသားစုဘဝ တိုးတက်ဖို့အရေးအတွက် အလုပ် သွားလုပ်ဖို့ရှိတာပါ'' လို့ ဆိုပါတယ်။

အမေရိကမှာ ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ ပြင်ဆင်နေတဲ့ ဘေဘီမောင် 

ဘေဘီမောင်ဟာ အနုပညာအလုပ်နဲ့ပတ်သက်ပြီး ပရိသတ်အခိုင်အမာရရှိနေဆဲဖြစ်တဲ့ အနုပညာရှင်တစ်ဦးပါ။ သူ့အနေနဲ့ ဗီဒီယိုဇာတ်ကား တွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေ နဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်နေသူ တစ်ဦးဖြစ်ပါတယ်။ သူ့အနေနဲ့ Baby & Barani (Beauty & Fashion House) ဆိုတဲ့ ကိုယ်ပိုင်ဖက်ရှင်ဆိုင်လေးကိုလည်း ဖွင့်လှစ်ထားပါတယ်။

အရင်တုန်းက ဆက်စီကျကျ ဝတ်စားမှုမျိုးနဲ့ လူသိများခဲ့တဲ့ ဘေဘီမောင်ဟာ အခုချိန်မှာ သရုပ်ဆောင်တစ်ယောက် ဖြစ်နေပြီဖြစ်တဲ့အတွက် အရင်လို ခပ်ဟော့ဟော့တွေ မဝင်တော့ဘူးလို့ ပြောခဲ့ဖူးပါတယ်။ သရုပ်ဆောင်ဆိုတာ ပရိသတ်တွေရဲ့ စံပြတစ်ယောက်ဖြစ်တဲ့ အတွက်  ဝတ်တာစားတာ ဆင်ဆင်ခြင်ခြင် ဝတ်တော့မယ်လို့လည်း အင်တာဗျူးတွေမှာ ဖြေကြားခဲ့ဖူးပါတယ်။

 

Share

Loading Next Article...
က္က