သရုပ်ဆောင် သင်ဇာဝင့်ကျော်ကတော့ သူမရဲ့ ချစ်သူနဲ့ နှစ်ဦးသဘောတူ လမ်းခွဲလိုက်ပြီ ဖြစ်ပါတယ်။ သူသာ မြန်မာနိုင်ငံမှာ နေနိုင်တဲ့သူမျိုးဆိုရင် လမ်းခွဲဖြစ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
Photo : Amazing Grace
သင်ဇာဝင့်ကျော်က ချစ်သူကို အချိန်မပေးနိုင်တော့လို့ နှစ်ဦးသဘောတူ လမ်းခွဲလိုက်ပြီလို့ ဆိုပါတယ်။ သူတို့နှစ်ယောက် လမ်းခွဲလိုက်တာနဲ့ ပတ်သက်ပြီး ပရိသတ်တွေက ရုတ်ရုတ်တရက်ကြီး လမ်းခွဲလိုက်တယ်လို့ ပြောနေကြတဲ့အပေါ်ကိုလည်း သူမက ယခုလို ပြောပြခဲ့ပါတယ်။
“ချစ်သူနဲ့ နှစ်ဦးသဘောတူ လမ်းခွဲလိုက်တာ။ ရုတ်တရက်ကြီးဆန်တယ်ဆိုတာကလည်း ကိုယ်က စဉ်းစားတွေးခေါ်နိုင်မယ့် အရွယ်ရောက်နေပြီလေ။ ဒီ Relationship တစ်ခုကို တွဲကြည့်တယ်။ ကိုယ့်အတွက် အဆင်ပြေလား မပြောလားဆိုတာ စဉ်းစားတယ်။ မပြေနိုင်တော့တဲ့အချိန်မှာ လမ်းခွဲလိုက်တယ်” ဆိုပြီး ဇွန်လ(၂၄) ရက်နေ့က Duwun Media ကို ပြောခဲ့တာပါ။
Photo : Amazing Grace
နိုင်ငံခြားသားချစ်သူဟောင်းက သူမနဲ့အတူကမ္ဘာပတ်ဖို့ စီစဉ်ထားတဲ့အချိန် သူမအနေနဲ့ ချစ်သူကို အချိန်မပေးနိုင်ခဲ့တာကြောင့် ယခုလို လမ်းခွဲလိုက်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“သူတို့က Relationship တစ်ခု တ ည်ထောင်လိုက်ပြီဆိုရင် ဆုံးဖြတ်ချက် ချတာ အရမ်းမြန်တယ်။ အနာဂတ်အစီအစဉ်တွေ အများကြီးဆွဲပလိုက်တယ်။ သူက အခုဆိုရင် သူအလုပ်ကို နှုတ်ထွက်စာတင်ပြီးသွားပြီ။ သူအားရင် သင်ဇာနဲ့ ကမ္ဘာပတ်မယ်ပေ့ါ။ အဲအချိန်မှာ ကိုယ်က သွားတာပဲ ။ဘယ်လိုမှ အချိန်မပေးနိုင်ဘူး ကမ္ဘာပတ်တယ်ဆိုတာ သုံးလေးလလောက်အချိန်ပေးရတယ်လေ။ ဘယ်လိုမှ အချိန်မပေးနိုင်ဘူး ပြီးတော့ သူနဲ့ဖူးခတ်မှာ သွားတွေ့တဲ့အချိန်မှာဆိုရင်တောင် ပွဲနှစ်ပွဲ လွတ်သွးတာပေ့ါနော်။ ဆိုတော့ အခုလို လနဲ့ ချီနဲ့တဲ့အချိန်မှာဆိုရင် ကိုယ့်အလုပ်တွေအများကြီး ဆုံးရှုံးနစ်နာမှာလေ။ စဥ်းစားရတာပေ့ါနော်။ သူနဲ့ ဆက်တွဲမယ်ဆိုရင် ဒီကိစ္စက လိုက်ကို လိုက်လျောပေးရမှာ မလုပ်ပေးလို့မရဘူး။ သင်ဇာလည်း အချိန်မပေးနိုင်ဘူး ဖြစ်သွားတယ်။ အဓိကတော့ အချိန်မပေးဖြစ်လို့ပေ့ါ” သူမက ဆက်လက်ပြောပြခဲ့ပါတယ်။
Photo : thinzar
နှစ်ယောက်သား လမ်းခွဲလိုက်တယ်ဆိုပေမယ့်လည်း သူငယ်ချင်းအဖြစ် ဆက်လက်ခင်နေသေးတယ်လို့ ဆိုပါတယ်။ ချစ်သူကောင်လေးသာ မြန်မာနိုင်ငံမှာ နေနိုင်ခဲ့မယ်ဆိုရင်တော့ ယခုလိုမျိုး လမ်းခွဲဖြစ်မှာမဟုတ်ဘူးလို့ သင်ဇာက ပြောပါတယ်။
“သူလည်း နားလည်ပါတယ်။ သူ့အတွက် အချိန်မပေးနိုင်ခဲ့ဘူး။ လမ်းခွဲလိုက်တယ်ဆိုပေမယ့် သူက သူငယ်ချင်းတစ်ယောက်လို ရှိပေးမယ်။ သူ့ကို ဘယ်လိုအကူအညီပဲ ဖြစ်ဖြစ် တောင်းပါတဲ့။သူသာဒီမှာ နေနိုင်တဲ့သူဆိုရင် ဘယ်လိုမှ ပြတ်မှာမဟုတ်ဘူး။ သူ့က သင်ဇာ့ကို အရမ်းကောင်းတယ်။ သင်ဇာမှာလည်း သင်ဇာ့အတွက် နောက်မှာ လုပ်မယ့် အလုပ်လေးတွေ အများကြီးရှိသေးတယ်"”လို့ သူမက ဆိုပါတယ်။
Photo : Amazing Grace
သူမဟာ ပရိသတ်လက်ခံတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်လာဖို့ အခက်အခဲတွေကြားက ကြိုးစားလာခဲ့ရသူပါ။ သူမကို ဗီဒီယိုဇာတ်ကားတွေ၊ ရုပ်ရှင်ဇာတ်ကားတွေ နဲ့ တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ အားပေးခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက် သူမရဲ့ ဖေ့စ်ဘွတ်မှာ ဓာတ်ပုံအလန်းစားလေးတွေကို အမြဲတမ်း တင်ဖြစ်နေသူပါ။ သူမရဲ့ခန္ဓာကိုယ်အလှအပကလည်း ပရိသတ်တွေ ကြား ရေပန်းစားနေသူတစ်ဦးလည်း ဖြစ်ပါတယ်။
Share