တစ်ခါတလေ စိတ်ဆိုး စိတ်ကောက်တာတော့ရှိတယ်။

ဝါဆိုမိုးဦးကတော့ ချစ်သူဖြစ်တဲ့ ဖြိုးလေးနဲ့ စိတ်ကောက်တဲ့အခါတိုင်း သူမရဲ့ ခံစားချက်တွေကို ရင်ဖွင့်လေ့ရှိတယ်လို့ ဆိုပါတယ်။ ဒီခံစားချက်ကို သတင်းအဖြစ်ဖန်တီးလိုက်ကြတဲ့ မီဒီယာအတုတွေကြောင့် ပရိသတ်ပြောတာ ခံရတယ်လို့လည်း ရင်ဖွင့်လာပါတယ်။

Photo: HK



ဝါဆိုမိုးဦးက အဆိုတော်ဖြိုးလေး(Snare) နဲ့ ချစ်သူသက်တမ်းက ၃နှစ်ကျော်ကို ရောက်ရှိလို့လာပါပြီ။ သူတို့ရဲ့ အချစ်ရေးကတော့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် အတွဲပါပဲတဲ့။ တစ်ခါတလေမှာ စိတ်ဆိုးစိတ်ကောက်မိရင်လည်း အရမ်းမကြာဘူးဆိုပြီးတော့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

“ အခုက နှစ်ယောက်စလုံးရဲ့ အချစ်ရေးက အဆင်ပြေပါတယ်။ တစ်ခါတလေကျရင် အရမ်းစိတ်ဆိုးမှ ရေးတာ။ ဖြစ်တဲ့ကိစ္စကလည်း ဘာမဟုတ်တဲ့ ကိစ္စလေးနဲ့ ဝါဆိုတို့အတွဲက စိတ်ဆိုးတတ်ကြတယ်။ သူက နားမလည်ပေးတာပေါ့နော်။ ရစ်စရာမရှိ လျှောက်ရစ်တာလေ အရမ်းစိတ်ဆိုးလို့ ကိုဖြိုးလေးက နားမလည်ပေးနိုင်ဘူးပေါ့။ ဒါပေမယ့်လည်း စိတ်ဆိုးတာ ၁ နာရီတောင်မကြာပါဘူး။” လို့ ဆိုပါတယ်။

Photo: Warsomoe Oo

တစ်ခါတလေမှာတော့ ဝါဆိုမိုးဦးက ချစ်သူဖြစ်တဲ့ ဖြိုးလေးနဲ့ စိတ်ကောက်တဲ့ အခါမှာ ပြတ်ပြီဆိုတဲ့အကြောင်းတွေကို သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးလေ့ရှိပါတယ်။ ဒါကလည်း ချစ်သူနှစ်ဦး စိတ်ကောက်တဲ့အချိန်မှာ ရေးတဲ့ စာမျိုးပါလို့ ဝါဆိုမိုးဦးကပြောပါတယ်။ ဒါကိုတော့ နာမည်အမှန်နဲ့မဟုတ်တဲ့ မီဒီယာ တစ်ခုက သတင်းတစ်ခုအနေနဲ့ လျှောက်ဖွတာမျိုးတွေ ကြုံရတော့ ဝေဖန်မှုတွေ ခံခဲ့ရတယ်လို့ ရင်ဖွင့်ပြောပြလာပါတယ်။

“ နာမည်ကြီး မီဒီယာတွေမဟုတ်ပဲနဲ့ တခြား နာမည်မဟုတ်မမှန် မီဒီယာတွေက လျှောက်ဖွပြီး လျှောက်တင်တာတွေရှိတယ်။ သူတို့ရည်ရွယ်ချက်က ဝါဆိုတို့နှစ်ယောက်ကို မပြတ်စေချင်လို့ တင်တာ မဟုတ်ဘူး။ ပရိသတ်တွေ ဆဲအောင် လုပ်ယူပြီးတင်သလိုပဲ အရေးအသားတွေက အစပေါ့နော်။ ပရိသတ်တွေကလည်း မီဒီယာရဲ့ အရေးအသားကို ကြည့်ပြီး အောက်က Comment တွေရေးပြီး ပြောကြတာလေ။ ဝါဆိုတို့လည်း လူထဲက လူပါပဲ။ တစ်ခါတလေမှာတော့ ကိုယ့်ရဲ့ Pravicy Facebook လေးမှာ ကိုယ်ရေးချင်တာလေးရေးလိုက်လို့ စိတ်ပြေသွားတာမျိုးရှိချင်ရှိလိမ့်မယ်။ ဒါကြောင့် ဝါဆိုလုပ်လိုက်တဲ့ အရာတစ်ခုကို ပြစ်တင်ပြောဆိုတာထက် နားလည်မှုလေးနဲ့ ကြည့်ပေးရင် ပိုကောင်းပါတယ်” လို့ ဆိုပါတယ်။

Photo: HK

ဝါဆိုမိုးဦးဟာ ချစ်သူကို နွဲ့ဆိုးဆိုးပြီး ပြောဆိုတတ်တဲ့ ကောင်မလေးမဟုတ်ဘူးလို့ဆိုပါတယ်။ ဒီလိုပဲ သူမရဲ့ ချစ်သူကလည်း စိတ်ထား အတူတူပါပဲတဲ့။

“ ဝါဆို စိတ်ကောက်ရင်လည်း တစ်ခါတလေပါ။ ကိုယ်ကလေ ချွဲချွဲနွဲ့နွဲ့ပြောတတ်တဲ့ ကောင်မလေးမျိုးမဟုတ်ဘူး ပြောလိုက်ရင်လည်း ပြတ်ပြတ်သားသားပဲ။ သူလည်း ဒီလိုပဲ ။ ကိုယ်တွေ အတွဲက ပူးကပ်ပြီး ချွဲတဲ့ အတွဲထဲမပါဘူး။ အပြင်သွားလည်း သူတစ်နေရာ၊ ကိုယ်တစ်နေရာ၊ ပွဲတက်လို့ သူ့သူငယ်ချင်းတွေနဲ့ တွေ့ရင် သူတစ်နေရာ၊ ကိုယ်ကလည်း ကိုယ့်သူငယ်ချင်းတွေနဲ့တွေ့ရင် တစ်နေရာပေါ့” ဆိုပြီးတော့ နိုဝင်ဘာလ ၆ ရက်နေ့က ဟော့ပေါ့ဆိုင်သစ်ဖွင့်ပဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: War Soe Moe Oo

ဝါဆိုမိုးဦးကတော့ သရုပ်ဆောင်အလုပ်ကို ငယ်ငယ်လေးကတည်းက လုပ်ဆောင်လာတဲ့သူဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ဗီဒီယိုဇာတ်ကားပေါင်းများစွာရိုက်ကူးခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိလာတဲ့သူပါ။ လက်ရှိမှာလည်း အနုပညာလောကထဲကို ရောက်ရှိလာပြီဖြစ်တဲ့ ညီမငယ်လေး သင်ဇာ ကိုလည်း အနုပညာအလုပ်တွေ သင်ကြားပေးနေတာ တွေ့ရပါတယ်။ ဝါဆိုမိုးဦးဟာ အနုပညာအလုပ်တွေထက် ကိုယ်ပိုင်စီးပွားရေးကိုလည်း လုပ်ဆောင်နေပြီဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က