အခုချိန်ထိ မမေ့နိုင်သေးဘူး ဖြစ်နေပါတယ်။

လူတွေတော်တော်များများက Strong Girl လို့ ပြောကြပေမယ့်လည်း နှလုံးသားက ထင်ထားသလောက် မမာဘူးလို့ ဆိုပါတယ်။ အချိန်တွေ ကြာပေမယ့်လည်း ချစ်သူကို ရူးမတတ်လွမ်းနေတုန်းပဲတဲ့။

 

Photo : နီလန်း

အသံချိုချိုအေးအေးလေးနဲ့ ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်တဲ့ Myanmar Idol Season 3 ပြိုင်ပွဲဝင် တစ်ဦးဖြစ်တဲ့ နီလန်းဟာ ချစ်သူကို လွမ်းဆွတ်သတိရလို့ နေပါတယ်။ သူမကို အားလုံးက Strong Girl တစ်ယောက်လို့ မြင်ပေမယ့်လည်း သူမရဲ့ နှလုံးသားက ထင်ထားသလောက် မမာဘူးဆိုပြီး ရင်ဖွင့်ထားတာတွေ့ရပါတယ်။

Photo : နီလန်း

“လူတွေ တော်တော်များများက ပြောကြတယ် "Strong Girl” လို့ ဟုတ်လားမဟုတ်လားတော့မသိပေမယ့် နင့်ကိုလွမ်းရတာ ရူးမတတ်ပါပဲ ငါ့နှလုံးသားက နင်ထင်ထားသလောက်မမာဘူး.။အရမ်းပင်ပန်းနေပြီ။နင့်အတွက်လုပ်ထားတဲ့သီချင်းလေးလည်း ခုထိအဆင်မပြေနိုင်ဘူး။ I’m so stress” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဇွန်လ(၂၃) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

Photo : နီလန်း

နီလန်းရဲ့ ချစ်သူဟာ နီလန်း ပြိုင်ပွဲဝင်နေချိန်မှာ ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း နီလန်းဟာ ပြိုင်ပွဲမှာ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။ ပြိုင်ပွဲတုန်းကသူမရဲ့ ချစ်သူကို သတိရပြီး သီဆိုထားတဲ့ အိမ်အလွမ်းဆိုတဲ့ သီချင်းကို နားထောင်းရင်း ပရိသတ်တွေရော ဒိုင်တွေပါ မျက်ရည်ကျတဲ့အထိ ခံစားခဲ့ကြရပါတယ်။ သူမရဲ့ အချစ်ဇာတ်လမ်းလေးဟာ တကယ့်ကို စို့နင့်ဖွယ်ကောင်းလွန်းလှပါတယ်။သူမခံစားနေရတာကို ကြည့်ပြီး ပရိသတ်တွေကပါ စိတ်မကောင်းဖြစ်လို့နေပါတယ်။

Photo : နီလန်း

နီလန်းကတော့ လက်ရှိမှာ ပရိသတ်တွေအတွက် သီချင်းအသစ်တွေကိုလည်း ဖန်တီးနေတယ်လို့ သိရပါတယ်။ နာမည်ကျော်အဆိုတော်တွေရဲ့ သီချင်းတချို့ကို Cover Song အနေနဲ့ ပြန်လည် သီဆိုထားတဲ့ နီလန်းရဲ့ ဗီဒီယိုလေးတွေကလည်း ပရိသတ်အားပေးမှု အများကြီးရခဲ့ပါသေးတယ်။ နီလန်းဟာ အဆိုတော်တစ်ယောက်မဖြစ်ခင် Beauty Blogger တစ်ယောက်အဖြစ် ရပ်တည်နေသူလည်း ဖြစ်ပါတယ်။


Share

Loading Next Article...
က္က