၂၀၁၃ ခုနှစ်ကတည်းက တွဲလာခဲ့တာပါ။

မြတ်သူသူ ကတော့ သူမရဲ့ချစ်သူနဲ့ ချစ်သူသက်တမ်း ၆ နှစ်ပြည့်ဖို့ ၂ ရက်အလိုမှာ လမ်းခွဲခဲ့တာလို့ ဆိုပါတယ်။ ဘဝမှာ အရေးကြီးတဲ့အရာတွေ များလို့ အချစ်ရေးအတွက် စိတ်မကောင်းမဖြစ်ဘူးလို့ ပြောပါတယ်။

Photo: Zin Thu Htay



သရုပ်ဆောင် မြတ်သူသူ ကတော့ သူမရဲ့ ချစ်သူနဲ့ ချစ်သူသက်တမ်း ၆ နှစ်အကြာမှာ လမ်းခွဲလိုက်တာ ဖြစ်ပါတယ်။ ခိုင်မာတဲ့ အချစ်ရေးဖြစ်ဖို့ကိုလည်း အများကြီး ကြိုးစားခဲ့တာပါလို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

မြတ်သူသူတို့ ချစ်သူတွေအဖြစ် တွဲလာတဲ့ ကာလမှာ အချိန်တိုင်းကြီးက သူများတွေ ထင်သလိုမျိုး အဆင်ပြေနေတယ်၊ ချစ်နေကြတယ်၊ တစ်ယောက်နဲ့ တစ်ယောက် အရမ်းနားလည်မှုတွေရှိနေတယ် ဆိုတာမျိုးမဟုတ်ဘူးလေ။ အချိန်တော်တော်ကြာအောင် မနည်းကြိုးစားပြီးတော့ တည်ဆောက်ခဲ့ရတာ။ အရှေ့မှာပြတ်မလိုဖြစ်ခဲ့တာတွေလည်း ခဏခဏပဲ။ ကိုယ်လည်း သူ့အပေါ်မှာ တကယ်ကောင်းတဲ့ လူအဖြစ်နေပေးခဲ့တယ်။ သူလည်း နေပေးခဲ့ပါတယ်။ ဒါပေမယ့် ဖြစ်ချိန်တန်သွားလို့ ဖြစ်သွားကြတာပါ” လို့ ဆိုပါတယ်။

Photo: Zin Thu Htay

သူမကတော့ အခုချိန်မှာ Single တစ်ယောက်ဖြစ်တဲ့အတွက် အနုပညာအလုပ်တွေကို ပိုပြီးတော့ အချိန်ပေး ကြိုးစားသွားမယ်လို့ ဆိုပါတယ်။ အသည်းကွဲတဲ့ ခံစားချက်တွေကို ပတ်ဝန်းကျင်မှာ ရင်မဖွင့်စေချင်ဘူးလို့လည်း ချစ်ရတဲ့ ပရိသတ်တွေကို စကားလက်ဆောင်ပါးခဲ့ပါသေးတယ်။

“ ဘဝကြီးမှာ ဒီ့ထက်အရေးကြီးတာတွေ အများကြီးရှိသေးတယ်။ အဲဒါတွေလုပ်ရမယ့်အစား ဒီခံစားချက်ကြီးမှာပဲ အချိန်တွေကုန်ပြီးတော့ ကိုယ့်ကို ကြည့်လိုက်ရင် ရည်းစားပူမိနေတယ်ဆိုတဲ့ ပုံစံမျိုး၊ သူများအမြင်မှာ အပြစ်ပြောစရာမရှိအောင် နေသင့်တယ်။ ခံစားရင်လည်း ကိုယ်တစ်ယောက်တည်းရှိတဲ့ အချိန်မျိုးမှာ ခံစားပစ်လိုက်။ လူတကာကိုလည်း လျှောက်မပြောနဲ့ပေါ့နော်” ဆိုပြီးတော့ ဒီဇင်ဘာလ ၈ ရက်နေ့ညက ရည်းစားတစ်ခုလပ်များရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Myat Thu Thu

မြတ်သူသူ တို့ရဲ့ အချစ်ရေးကို အားကျခဲ့တဲ့ ပရိသတ်တွေက အများကြီးပါ။ ချစ်စရာကောင်းပြီး လိုက်ဖက်လွန်းတဲ့ စုံတွဲလေးတွေလို့တောင် မှတ်ချက်ပေးထားကြပါတယ်။ ဒါပေမယ့် လမ်းခွဲခဲ့တဲ့ အပေါ်မှာလည်း မြတ်သူသူကိုယ်တိုင်က စိတ်မကောင်းမဖြစ်ဘူးလို့ ဆိုပါတယ်။

“ ရည်းစားနဲ့ပြတ်တာ စိတ်မကောင်းစရာမှ မဟုတ်တာ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်စိတ်ချမ်းသာမယ်ထင်လို့ ကိုယ်လုပ်လိုက်တာလေ။ အသည်းကွဲနေတာမဟုတ်ဘူး။ အသည်းက သူ့ဘာသာသူနေနေတာ Relationship ကပဲ ကွဲသွားတာ။ ၆ နှစ်ပြည့်ဖို့ ၂ ရက်လောက်အလိုမှာ ဖြစ်သွားတာပေါ့နော်။ ရည်းစားနဲ့ပြတ်သွားပေမယ့်လည်း ဈေးဗန်းခင်းဖို့အချိန်မရဘူး။ ကိုယ့်အလုပ်ကိုယ်လုပ်မယ်။ ပိုကြိုးစားမယ်” လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: Myat Thu Thu

မြတ်သူသူကတော့ ချစ်သူဟောင်းဖြစ်တဲ့ ကိုဇင်သူဌေးနဲ့ ၂၀၁၃ခုနှစ် ဒီဇင်ဘာလ ကတည်းက တွဲခဲ့ကြတာဖြစ်ပါတယ်။ သူတို့ရဲ့ အချစ်ရေးကိုလည်း တရားဝင်ထုတ်ဖော်ပြောပြခဲ့တာပါ။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ အတွင်းမှာပဲ လမ်းခွဲခဲ့ကြပြီလို့ မြတ်သူသူက ဖေ့စ်ဘွတ်စာမျက်နှာမှာ ပရိသတ်တွေကို အသိပေးလိုက်တာ ဖြစ်ပါတယ်။ သူမကိုတော့ မြတ်သူသူဇင် ဆိုတဲ့ နာမည်နဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ လက်ရှိမှာလည်း ပရိသတ်အခိုင်အမာ ရရှိလာပြီဖြစ်တဲ့ မင်းသမီးချောလေးဆိုရင်လည်း မမှားပါဘူး။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က