ချစ်သူ သက်တမ်း ၁၀ နှစ်ပြည့်ပြီဖြစ်တဲ့ လွှမ်းပိုင်နဲ့ ထက်ထက်(Bobby Soxer) တို့ စုံတွဲလေးကိုတော့ ပရိသတ်တိုင်းက အားကျလို့နေပါတယ်။
Photo: Htet Htet Aung
အဆိုတော် လွှမ်းပိုင်နဲ့ ထက်ထက် (Bobby Soxer)တို့ စုံတွဲဟာ ၂၀၁၉ ခုနှစ် မေလ ၁၈ ရက်နေ့က ချစ်သူသက်တမ်း ၁၀ နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ထက်ထက်(Bobby Soxer) တစ်ယောက် လွှမ်းပိုင်ရဲ့ လက်ဆောင်ကြောင့် အရမ်းကိုပျော်ရွှင်နေပါတယ်။
‘’ Happy Gwat Day’’ ဆိုပြီးတော့ ထက်ထက်(Bobby Soxer)ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ မေလ ၁၇ ရက်နေ့ ည ၁၁ နာရီကျော်က ရေးထားတာ တွေ့ရပါတယ်။ အဲဒီနောက် ချစ်သူပေးတဲ့ ပန်းစည်းလေးနဲ့ ကြည်ကြည်နူးနူး အမှတ်တရ ဓာတ်ပုံလေးကိုလည်း တင်ခဲ့ပါသေးတယ်။ အဲဒီနောက် လွှမ်းပိုင်ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာလည်း မေလ ၁၇ ရက်နေ့ ည ၁၁ နာရီကျော်က ‘’ ဘိုပိုင်ကြီးနှင့်ဂွက်ဂွက် ?’’ ဆိုပြီးတော့လည်း ရေးသားထားတာ တွေ့ရပါတယ်။ အဲဒီနောက် ချစ်သူလေးနဲ့ အမှတ်တရ ပုံကိုလည်း တင်ခဲ့ပါတယ်။
Photo: Htet Htet Aung
လွှမ်းပိုင်နဲ့ ထက်ထက်(Bobby Soxer) တို့ ချစ်သူ စုံတွဲလေးကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေကလည်း ချစ်သူ သက်တမ်း ၁၀ နှစ်ပြည့်မှာ ပျော်ရွှင်ပါစေလို့ Comment တွေကနေတဆင့် ဆုတောင်းပေးထားတာ တွေ့ရပါတယ်။ လက်ရှိမှာလည်း နှစ်ယောက်အတူတူ Hip Hop Fashion တွေ ရောင်းချတဲ့ High Skool Fashion Shop ကိုလည်း ဖွင့်လှစ်ထားတာ တွေ့ရပါတယ်။
လွှမ်းပိုင်နဲ့ ထက်ထက်(Bobby Soxer) တို့ကိုတော့ ပျော်စရာကြီး ဆိုတဲ့ သီချင်းအခွေထဲက ‘’ခုန်လိုက်’’ဆိုတဲ့ Hip Hop သီချင်းနဲ့ ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် နှစ်ယောက်အတူတူူ ဖျော်ဖြေပွဲများစွာမှာ ပါဝင်သီဆိုလာတာကို တွေ့ရပါတယ်။