ပူပူနွေးနွေး အကယ်ဒမီဆုရှင် သရုပ်ဆောင် ပိုင်ဖြိုးသုနဲ့ ဒါရိုက်တာ ဏကြီးတို့စုံတွဲဟာ ဒီနေ့(ဇွန်လ၂၁ရက်)မှာ စေ့စပ်လိုက်ကြပါပြီ။ ချစ်သူသက်တမ်း(၄)နှစ်ကျော်မှာ စေ့စပ်လိုက်ကြတဲ့ သူတို့နှစ်ဦးရဲ့ စေ့စပ်ပွဲကို ဆီဒိုးနားဟိုတယ်မှာ မနက်(၈)နာရီကနေ (၁၁) အထိ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
သူတို့နှစ်ဦးရဲ့ စေ့စပ်ပွဲကို အနုပညာမောင်နှမတချို့နဲ့ နှစ်ဖက်အသိုင်းအဝိုင်းက ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါတယ်။
ပိုင်ဖြိုးသု ခွဲစိတ်ကုသမှု အောင်မြင်
ပိုင်ဖြိုးသုနဲ့ ဒါရိုက်တာ ဏကြီးတို့ရဲ့ အချစ်ရေး အကြောင်းက ပရိသတ်တွေကို အသိပေးခဲ့တာ မကြာသေးပါဘူး။ ချစ်သူသက်တမ်း (၃)နှစ်ကျော်လောက်မှ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို အသိပေးခဲ့တာပါ။ သူတို့နှစ်ယောက်ကတော့ အနုပညာကို တန်ဖိုးထားတာချင်းတူတယ်လို့လည်း ပိုင်ဖြိုးသုက အင်တာဗျူးတွေ ဖြေဖူးပါတယ်။
ပိုင်ဖြိုးသုဟာ ငယ်စဉ်ကတည်းက အနုပညာလောကနဲ့ ရင်းနှီးနေသူ တစ်ဦးဖြစ်ပြီး ဆေးကျောင်းတစ်ဖက်နဲ့ သရုပ်ဆောင်ဘက်ကို ကြိုးစားလာကာ ယခုဆိုရင် အကယ်ဒမီဆုတစ်ဆုကိုလည်း ပိုင်ဆိုင်ထားနိုင်ပြီဖြစ်ပါတယ်။3Girls ဇာတ်ကားမှာ စာရေးဆရာမ ရွှေရုပ်သွင် ကာရိုုက်တာကို ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့တာကြောင့် အမျိုးသမီးဇာတ်ပို့ဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့သူလည်း ဖြစ်ပါတယ်။
သူမဟာ အနုပညာပျိုးခင်း(၂) ရဲ့ စင်တင်မင်းသမီး တစ်ဦးဖြစ်ခဲ့တဲ့ ပိုင်ဖြိုးသုက ယခုလိုဆိုရင် ပရိသတ်အားပေးမှု ရရှိထားတဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်နေပါပြီ။
ဒါရိုက်တာ ဏကြီးဟာ ဆိုရင်လည်း အနုပညာလောကမှာ အောင်မြင်တဲ့ ဒါရိုက်တာ တစ်ဦးပါ။ ကိုယ်ပိုင်စတူဒီယိုတည်ဆောက်ထားပြီး ဝါသနာပါရာ အနုပညာအလုပ်တွေကို ပုံဖော်လုပ်ကိုင်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။