နှစ်ယောက်စလုံးက အနုပညာလောကထဲကပါပဲ။

ဇာတ်ပို့သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ သရုပ်ဆောင် ဆုဝတီနဲ့ သရုပ်ဆောင် သက်ဦးကိုတို့ကပရိသတ်တွေနဲ့ ရင်းနှီးပြီးသား သရုပ်ဆောင်တွေဆိုလည်း မမှားပါဘူး။ သူတို့နှစ်ဦးကတော့ ချစ်သူတွေ ဖြစ်နေကြတာ (၁၂)နှစ် ရှိခဲ့ပြီတဲ့။

Photo : ဆုဝတီ

ဇာတ်ပို့သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ သူတို့နှစ်ဦးကတော့ ချစ်သူတွေ ဖြစ်နေကြတာ (၁၂)နှစ် တိတိရှိခဲ့ပြီလို့ ပရိသတ်တွေ အသိပေးလိုက်ပါပြီ။ သူတို့နှစ်ဦးရဲ့ အချစ်ရေးနဲ ပတ်သက်ပြီး အင်တာဗျူးတွေမှာ ဖြေလေ့မရှိခဲ့ပါဘူး။ အိမ်ထောင်ပြုမှ ပရိသတ်တွေကို အသိပေးမယ်လို့ စဉ်းစားထားပေမယ့် အခုတော့ အားလုံးကို ကြောငြာလိုက်ပြီလို့ ဆုဝတီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

“ကဲကြော်ငြာလိုက်ပီနော် ကိုယ့်ရဲ့အချစ်ရေး အမြဲမေးနေကြတဲ့သူလေးတွေ အစကတော့ ကိုယ့်ရဲ့အချစ်ရေးက ကိုယ်သူနဲ့လက်ထက်မှပဲ ပရိတ်သတ်ကို အသိပေးမယ်လို့ ဆုံဖြတ်ခဲ့တယ်။အခုတော့ စိတ်ကူးပြောင်းသွားတယ်။ပရိတ်သတ်ကို အသိပေးဖို့ဓာတ်ကျလာလို့” ဆိုပြီး သရုပ်ဆောင် ဆုဝတီရဲ့ ဖေ့စ်ဘွတ်မှာ ဇူလိုင်(၂၇) ရက်နေ့က ရေးသားထားပါတယ်။

Photo : ဆုဝတီ

သက်ဦးကိုက သူမအပေါ်မှာ အဖေတစ်ယောက်လို၊ အကိုတစ်ယောက်လို၊ ချစ်သူတစ်ယောက်လို ချစ်ခင်စောင့်ရှောက်ပေးတတ်တဲ့ သူတစ်ဦးဖြစ်တယ်လို့ သူမက ဆိုပါတယ်။

“၂၀၀၇ ရည်းစားစထားကတည်းက သူနဲ့ကိုယ် ခု၁၂နှစ်ထိ သူ့အပေါ် ကိုယ့်ရဲ့ ကိုယ်ကျင့်တရား သစ္စာတရား သံယောဇဉ် တွေနဲ့အနစ်နာခံ ပေးဆပ် ဆောက်တည်လာတဲ့ အသိုက်အမြုံ ကိုလည်း ဘယ်လို အကြောင်းမျိုးနဲ့မှ ပျက်စီးအောင် လုပ်မှာ မဟုတ်ဘူး ။ အပျက်အစီးလည်းမခံနိုင်ဘူး။ အဘိုးကြီး အဘွားကြီးဖြင့်တဲ့ထိဆက်လက်ဆောက်တည်သွားမယ်။ခုလို ပြောပြတာ ကိုယ်ရည်သွေးပီး ပြောနေတာ မဟုတ်ပါဘူးနော်။ ကိုယ့်အချစ်ရေး အိမ်ထောင်ရေး စိတ်ထားကို ရင်ဖွင့်ပြတာပါ။ ခုခေတ် အချစ်ရေး မှာ လည်း ခဏလေးချစ် ကြိုက် ကွဲ ညား ကြတာတွေ အဆင်မပြေကြတာတွေ လည်း ကိုယ်ချင်းစာမိတယ်။ အဲလိုဖြစ်ရင်လည်း ကိုယ် ဘယ်လိုမှ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။ဆောက်တည်လာတဲ့နှစ်တွေကြာခဲ့လို့လေ။ ကိုယ် ကိုယ်တိုင် အဲလို စိတ်ကူးနဲ့တောင် အဖြစ်မခံနိုင်ဘူး။လက်တွေ့လည်း အဖြစ်မခံနိုင်ဘူး” ဆိုပြီး သူမက ဆက်လက်ပြောပြခဲ့ပါသေးတယ်။

Photo : ဆုဝတီ

ဘယ်လိုအခက်အခဲတွေပဲ ရှိရှိ ချစ်ခြင်းမေတ္တာ၊ သစ္စာတရားတွေနဲ့ တိုင်ပင်ညှိနှိုင်းပြီး ရှေ့ဆက်လျှောက်လှမ်းသွားမယ်လို့ ဆိုပါတယ်။ သူတို့နှစ်ဦး ချစ်သူတွေလို့ ကြေညာလိုက်ချိန်မှာ ပရိသတ်တွေ အံ့သြသွားကြသလို သူတို့ရဲ့ ချစ်သူသက်တမ်းကို ကြည့်ပြီး အားကျနေကြတာလည်း တွေ့ရပါတယ်။

သူတို့နှစ်ဦးစလုံးဟာ သရုပ်ဆောင်လောကမှာ ဇာတ်ပို့ဇာတ်ရန်တွေအဖြစ် ပရိသတ်တွေရဲ့ လက်ခံအားပေးမှုကို ရရှိထားတဲ့ သရုပ်ဆောင်တွေလည်း ဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားတွေများစွာနဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးကြသလို လက်ရှိ MRTV – 4 ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်ရိုက်ကူးလျက်ရှိပါတယ်။

Share

Loading Next Article...
က္က