ချစ်စရာကောင်းတဲ့ အနုပညာရှင်စုံတွဲ တစ်တွဲဖြစ်တဲ့ သရုပ်ဆောင် သူရိယနဲ့ ဆုအိမ့်စံတို့ဟာ ချစ်သူသက်တမ်း(၂)နှစ်ပြည့်သွားပါပြီ။ ချစ်သူသက်တမ်း(၂)နှစ်ပြည့်တဲ့နေ့လေးမှာ We Love တွေနဲ့အတူ အလှူတွေ ပြုခဲ့ပါတယ်။
Photo : သူရိယ& ဆုအိမ့်စံ FB
သရုပ်ဆောင် သူရိယနဲ့ ဆုအိမ်စံတို့ရဲ့ စုံတွဲလေးက ချစ်သူသက်တမ်း(၂)နှစ်ပြည့်လို့သွားပါပြီ။သူတို့ရဲ့ (၂) နှစ်ပြည့် Anniversary နေ့လေး မှာ We Love တွေနဲ့အတူ အလှူအတန်းတွေ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ ပထမကမိဘမဲ့ဂေဟာ (၁)ခုမှာ သွားလှူဖို့ စီစဉ်ထားခဲ့ပေမယ့် နေရာမှားရောက်သွားပြီး ကံကောင်းစွာနဲ့ တစ်နေ့ထဲတင် နေရာ(၂)နေရာမှာ ကုသိုလ်ကောင်းမှု ပြုလုပ်ခွင့်ရခဲ့တယ်လိုု့ သူရိယနဲ့ ဆုအိမ့်စံက ဆိုပါတယ်။
Photo : သူရိယ& ဆုအိမ့်စံ FB
“ကျွန်တော်တို့ ၂ ယောက် ရဲ့ Anniversary ကို we love တွေနဲ့အတူ အလှူလုပ်မယ်ဆိုတော့ မိဘမဲ့ဂေဟာ ၁ ခုကို လှူဖို့စီစဉ်ကြပါတယ်..? ကံကောင်းစွာပဲ နေရာမှားရောက်ပြီး ၁ ရက်ထဲ အလှူ ၂ ခုကို လှူခွင့်ရလိုက်ပါတယ်.။ အလှူအတွက် ပီတိဖြစ်ရသလို မိဘမဲ့ ကလေးတွေအတွက် သူတို့လိုအပ်ချက်တွေ ပြောပြတဲ့အခါ သီချင်းတွေဆိုပြတဲ့အခါ ရင်ထဲမှာ တမျိုးလဲခံစားရပါတယ်။ လိုအပ်တဲ့အရာတွေကို ကိုယ်တက်နိုင်သလောက်လုပ်ပေးနိုင်ခဲ့ကြတဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်” ဆိုပြီး ဇန်နဝါရီ(၂၇) ရက်နေ့က သူရိယနဲ့ ဆုအိမ့်စံတို့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်လေးမှာ ရေးသားထားတာဖြစ်ပါတယ်။
ပရိသတ်တွေနဲ့အတူတူ အလှူသွားလုပ်ခဲ့တဲ့ ဗီဒီယိုဖိုင်လေးကိုလည်း သူတို့နှစ်ဦးရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ တင်ထားပါသေးတယ်။ ချစ်စရာကောင်းတဲ့ အနုပညာရှင်စုံတွဲ တစ်တွဲဖြစ်တဲ့ သရုပ်ဆောင် သူရိယနဲ့ ဆုအိမ့်စံ တို့ ကို ချစ်ကြတဲ့ ပရိသတ်တွေ အများကြီးပါ။ ပွဲတွေ လည်း အတူတူ တက်ဖြစ်သလို ဘယ်သွားသွား၊ ဘယ်လာလာ နှစ်ယောက်အတူတူ တွဲ တွေ့ဖြစ်နေတာကလည်း တစ်ယောက်နဲ့ တစ်ယောက် အရမ်းကို ချစ်ကြလို့ပါ ဆိုပြီးတော့ဆုအိမ့်စံက Duwun Media ကနေတဆင့် ပြောပြခဲ့ပါတယ်။
''အမြဲတတွဲတွဲသွားဖြစ်တယ်ဆိုတာကလည်းအရမ်းချစ်လို့ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ်အားတဲ့အချိန်ဆိုရင် သူ့အနားကိုပဲသွားချင်တယ်။ တစ်ခုခု သွားစားမယ် ဆိုလည်း ဆုဆု ရေသွားရအောင် ဆိုပြီး အမြဲတမ်းတွေ့နေရတာလေ တစ်ခါ တစ်လေ နယ်သွားလို့ ရှိရင် ပြန်လာဖြစ်တယ် ဆုဆုရေ တွေ့ချင်တယ်ဆိုပြီးပြန်လာတာရှိတယ် ဘာပဲဖြစ်ဖြစ် ချစ်နေလို့အမြဲတမ်းတွေ့ဖြစ်တာပေါ့ '' လို့ ပြောပါတယ်။
Photo : သူရိယ& ဆုအိမ့်စံ FB
သရုပ်ဆောင် သူရိယနဲ့ ဆုအိမ့်စံတို့ကတော့ ဖေ့စ်ဘုတ်ရွာ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အတူတွဲဖက်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ဗီဒီယိုဇာတ်ကား တွေမှာလည်း အတူပါဝင်သရုပ်ဆောင်ထားပါတယ်။ လက်ရှိမှာတော့ သူတို့ရဲ့ အချစ်ရေးက ပိုမိုခိုင်မာလျှက်ရှိပြီး ပရိသတ်တွေကလည်း သူတို့ ချစ်သူနှစ်ဦးကို အားပေးနှစ်သက်ကြတာကို တွေ့ရပါတယ်။