သင်ဇာဝင့်ကျော်က သူမရဲ့ချစ်သူကို အလင်းပြလိုက်ပါပြီ။ သူဟာ နိုင်ငံခြားသား တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။
Photo: Thinzar Wint Kyaw
သင်ဇာဝင့်ကျော်ကတော့ သူ့ရဲ့ ချစ်သူကို တရားဝင် ထုတ်ပြလိုက်ပြီဖြစ်ပါတယ်။ မော်ဒိုက်ကမ်းခြေ ခရီးစဉ်မှာ အတူတူရိုက်ခဲ့တဲ့ ဓာတ်ပုံလေးတွေကိုလည်း ပရိသတ်တွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။
‘’ Together is our favorite place to be’’ ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ မေလ ၅ ရက်နေ့ ညနေ ၃ နာရီ ၁၅ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ တင်ခဲ့ပါတယ်။ အဲဒီနောက် သူမဟာ အဖြူရောင် ဂါဝန်လေးကို ဝတ်ဆင်ထားတာဖြစ်ပြီး ချစ်သူဟာ နိုင်ငံခြားသား တစ်ယောက်ဖြစ်ပါတယ်။ အကျီၤ အမဲရောင် နဲ့ ဘောင်းဘီအဖြူရောင်တို့ကို ဝတ်ဆင်ထားတာပါ။ သူမဟာ ချစ်သူနဲ့ ကြည်ကြည်နူးနူး ရိုက်ထားတဲ့ အလှဓာတ်ပုံလေးတွေကို တင်ခဲ့တာဖြစ်ပါတယ်။
Photo: Thinzar Wint Kyaw
သင်ဇာဝင့်ကျော်ရဲ့ ချစ်သူကိုတော့ ဧပြီလ ၂၃ ရက်နေ့က သူမ တင်ခဲ့တဲ့ ဓာတ်ပုံတွေကနေတဆင့် အလင်းပြခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်သူ ဘယ်ဝါဆိုတာကို ပရိသတ်တွေက သိချင်ဇောနဲ့ ရှာဖွေကြတဲ့အခါမှာတော့ Instagram အကောင့်သုံးသူ ‘’enjoytavie’’ ဖြစ်တယ်လို့ သိရပါတယ်။ ‘’enjoytavie’’ အကောင့်မှာလည်း သင်ဇာဝင့်ကျော်ရဲ့ မော်ဒိုက် ကမ်းခြေ က ဓာတ်ပုံလေးတွေကို တင်ထားတာ တွေ့ရပါတယ်။
Photo: Thinzar Wint Kyaw
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ရက်နေ့ (ချစ်သူများနေ့) တုန်းကလည်း သင်ဇာဝင့်ကျော်အတွက် နှင်းဆီပန်းအနီရောင် တွေနဲ့ အမှတ်တရလက်ဆောင်လေးတွေကို နိုင်ငံခြားကနေ လက်ဆောင်ပို့ပေးခဲ့သူက ဘယ်သူလဲ ဆိုတာကိုလည်း ပရိသတ်တွေက စိတ်ဝင်စားခဲ့ကြပါတယ်။ သူမရဲ့ အချစ်ရေးဟာဆိုရင် ပရိသတ်တွေကြားမှာ စိတ်ဝင်စားခြင်းခံခဲ့ရတဲ့ အနေအထားတစ်ခုကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။
Photo: Thinzar Wint Kyaw
သင်ဇာဝင့်ကျော်ရဲ့ အနုပညာသက်တမ်းက ကြာပြီဖြစ်ပါတယ်။ ပရိသတ်လက်ခံတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်လာဖို့ အခက်အခဲတွေကြားက ကြိုးစားလာခဲ့ရသူပါ။ သူမကို ဗီဒီယိုဇာတ်ကားတွေ၊ ရုပ်ရှင်ဇာတ်ကားတွေ နဲ့ တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ အားပေးခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက် သူမရဲ့ ဖေ့စ်ဘွတ်မှာ ဓာတ်ပုံအလန်းစားလေးတွေကို အမြဲတမ်း တင်ဖြစ်နေသူပါ။ သူမရဲ့ခန္ဓာကိုယ်အလှအပကလည်း ပရိသတ်တွေ ကြား ရေပန်းစားနေသူတစ်ဦးလည်း ဖြစ်ပါတယ်။