ကျော်ကျော်ဗိုဟာ ဖခင်ဖြစ်သူ ဦးဝင်းဗို ကွယ်လွန်ခဲ့တဲ့ နှစ်ပတ်လည်နေ့မှာ ဝမ်းနည်းပူဆွေး သတိရလို့နေပါတယ်။ ရွှေမန်းသဘင်ရဲ့ မျိူးဆက် တစ်ဦးဆိုရင်လည်း မမှားပါဘူး။
Photo: Kyaw Kyaw Bo
ကျော်ကျော်ဗို ရဲ့ ဖခင်ဖြစ်သူ နာမည်ကျော် ဇာတ်မင်းသားကြီး ဦးဝင်းဗိို ကွယ်လွန်ခဲ့တာ ဇူလိုင်လ ၁၁ ရက်နေ့က ၃ နှစ်နဲ့ ၆ လပြည့်ပြီလို့ သိရပါတယ်။ ဖခင်ဖြစ်သူအတွက် သူ့ရင်ထဲက စကားလေးကို အခုလို ပြောပြထားပါတယ်။
‘’ဖေဖေ ၁၁/၀၇/၂၀၁၉ (၃နှစ်၆လ) ?’’ ဆိုပြီးတော့ စိတ်မကောင်းဖြစ်နေတဲ့ စတစ်ကာလေးနဲ့ အတူ ဇူလိုင်လ ၁၁ ရက်နေ့ နေ့လယ် ၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။ သူဟာ ဖခင်ဖြစ်သူကို သတိရတိုင်း သူ့ရင်ထဲက ခံစားချက်လေးတွေကို ဖေ့စ်ဘွတ် စာမျက်နှာထက်မှာ ရေးသားလေ့ရှိပါတယ်။ အဲဒီနောက် သူ့ဘဝမှာ အားငယ်မှုရှိတိုင်း ဖခင်ဖြစ်သူကို သတိရတယ်လို့လည်း ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့ဖူးပါတယ်။
Photo: Kyaw Kyaw Bo
ကျော်ကျော်ဗိုဟာ သစ္စာမေတ္တာရွှေမန်းသဘင်ရဲ့ အနုပညာမျိုးဆက်သစ် တစ်ဦးဖြစ်ပါတယ်။ အလကာၤကျော်စွာ ရွှေမန်းဦးတင်မောင်+ ဒေါ်သိန်းညွှန့်ရဲ့ မြေး၊ ရုပ်ရှင်နဲ့ ဇာတ်သဘင်မင်းသား ဦးဝင်းဗိုလ်+ ဒေါ်ခင်သန်းမြင့်တို့ရဲ့ သားဖြစ်ပါတယ်။ ဦးဝင်းဗိုလ်ဟာ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။
Photo: Kyaw Kyaw Bo
ကျော်ကျော်ဗို ဟာ အနုပညာလောကထဲမှာ ရာစုနှစ်အတော်ကြာတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သရုပ်ဆောင်အပိုင်းမှာလည်း ပရိသတ်အားပေးမှု များစွာရှိသလို ဇာတ်ကတဲ့ နေရာမှာလည်း အရမ်းကိုတော်တဲ့ မင်းသားတစ်ယောက်ပါ။ အဲ့ဒီနောက် နှင်းဆီအငြိမ့် အဖွဲ့နဲ့ အတူ ပရဟိတတွေ ဖျော်ဖြေရေးတွေ ဆောင်ရွက်နေတာဖြစ်ပါတယ်။