သူမရဲ့ လက်ရှိအချစ်ရေးက။

ဒီနှစ် ချစ်သူများနေ့ကတော့ ပရိသတ်တွေဆီကပဲ ချောကလက်စားရမယ်ထင်တယ်လို့ သင်ဇာဝင့်ကျော်က ဆိုပါတယ်။ 

သင်ဇာဝင့်ကျော်က မကြာခင် ကျရောက်မယ့် ချစ်သူများနေ့ကို တစ်ယောက်တည်း ဖြတ်သန်းဖြစ်ဖို့များတယ်လို့ ဆိုပါတယ်။ လက်ရှိအချစ်ရေးမှာ တစ်ယောက်တည်း ဖြစ်နေတဲ့ သင်ဇာဝင့်ကျော်က ဒီနှစ်ချစ်သူများနေ့ကို ပရိသတ်တွေဆီကပဲ ချောကလက်စားရမယ်ထင်တယ်လို့ သူမက ပြောပါတယ်။



“ချစ်သူရှိတဲ့ နှစ်တွေတော့ Surprise လုပ်တာတွေဘာတွေခံရတာပေ့ါ။ ချစ်သူမရှိတဲ့နှစ်ကျတော့ တစ်ယောက်တည်းပေ့ါ။ ဒါပေမဲ့ ကိုယ့်ပရိသတ်တွေဆီက ချောကလက်တွေ စားရမယ်လို့တော့ ထင်ပါတယ်။ ပရိသတ်တွေကပဲ ချောကလက်ကျွေးမယ်လို့ထင်တယ်။ ကျွေးမယ့် ချစ်သူ မရှိဘူးဆိုတော့။ ကိုယ်မှာ ချစ်သူရှိတဲ့ အချိန်တုန်းကဆိုရင်လည်း နေ့ရက်တိုင်းက ချစ်သူများနေ့ပဲလေ။” လို့ သူမက ဖေဖော်ဝါရီ(၁) ရက်နေ့က ပြုလုပ်ခဲ့တဲ့ Kar Party ပွဲမှာ မီဒီယာတွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

ပြောင်းလဲလာတဲ့ ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ပြီး ပရိသတ်တွေရဲ့ စောင့်ကြည့်ချင်းကို ခံရတဲ့ သူမက ပရိသတ်တွေကို မတူတဲ့ ရသမျိုးတွေပဲ ပေးချင်တယ်လို့ ဆိုပါတယ်။

“သင်ဇာက ပရိသတ်တွေကို မတူတဲ့ ရသမျိုးပေးချင်တယ်။ ကိုယ့်ကိုအမြဲတမ်း sexy ပဲ တွေ့ရတဲ့ အချိန်မှာ လုံချင်လုံသွားမယ်။ sexy ကိုလုံးဝမဝတ်ချင်လည်း မဝတ်တော့ဘူး။ အကုန်လုံးကို အံ့အားသင့်အောင် လုပ်ချင်တာ”လိုု့ သူမက ဆက်လက်ပြောပြခဲ့ပါတယ်။

သင်ဇာဝင့်ကျော်ဟာ သူမရဲ့ ဖေ့စ်ဘွတ်မှာ ဓာတ်ပုံအလန်းစားလေးတွေကို အမြဲတမ်း တင်ဖြစ်နေသူပါ။ သူမရဲ့ခန္ဓာကိုယ်အလှအပနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ကြားရေပန်းစားနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ဟာ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးဖြစ်နေသလို ပွဲတွေ တော်တော်များများလည်း တက်ရောက်ဖြစ်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က