ကိုယ်ချစ်ရတဲ့သူနဲ့ ဒိတ်ပဲလုပ်လုပ်၊ ချစ်ရတဲ့သူငယ်ချင်းမိတ်ဆွေတွေနဲ့ပဲ အချိန်ကုန်ဆုံးကုန်ဆုံး၊ မိသားစုဝင်တွေနဲ့အတူ အပြင်ထွက်ညစာ စားစား ကိုယ့်ဝတ်စုံကို ထူးထူးခြားခြားလေးနဲ့ ချစ်စရာကောင်းနေအောင် ဘယ်လိုရွေးချယ်တွဲစပ်သင့်တယ်ဆိုတာလေး ပြောပြပေးချင်ပါတယ်။

သိပ်မကြာခင်မှာ ရက်ပိုင်းအတွင်းမှာ ချစ်တတ်သူတိုင်းနဲ့ သက်ဆိုင်တဲ့နေ့လေးတစ်နေ့ကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ကိုယ်ချစ်ရတဲ့သူ ဘယ်သူနဲ့မဆို ပျော်စရာကောင်းပြီး အမှတ်ရစရာနေ့လေးတစ်နေ့ ဖန်တီးနိုင်ဖို့အတွက် ဖေဖော်ဝါရီလ ၁၄ရက်နေ့မှာကျရောက်မယ့် ချစ်သူများနေ့မှာ ဘာတွေလုပ်မယ်၊ ဘယ်သွားမယ်စသဖြင့် ခုကတည်းက အစီအစဉ်ဆွဲနေလောက်ကြပါပြီ။ ဒီတော့ အဲ့ဒီနေ့ကလေးမှာ ကိုယ်ချစ်ရတဲ့သူနဲ့ ဒိတ်ပဲလုပ်လုပ်၊ ချစ်ရတဲ့သူငယ်ချင်းမိတ်ဆွေတွေနဲ့ပဲ အချိန်ကုန်ဆုံးကုန်ဆုံး၊ မိသားစုဝင်တွေနဲ့အတူ အပြင်ထွက်ညစာ စားစား ကိုယ့်ဝတ်စုံကို ထူးထူးခြားခြားလေးနဲ့ ချစ်စရာကောင်းနေအောင် ဘယ်လိုရွေးချယ်တွဲစပ်သင့်တယ်ဆိုတာလေး ပြောပြပေးချင်ပါတယ်။

(၁) ချစ်သူများနေ့ဖြစ်တာကြောင့် အသဲပုံပါတဲ့ အကျီဒီဇိုင်းလေးတွေရွေးပါ။

ဒီနေ့က ကိုယ်ချစ်ရသူတွေနဲ့အတူဆင်နွှဲမယ့် နေ့လေးတစ်ရက်ဖြစ်တာမို့ ကိုယ့်အချစ်တွေကို ကိုယ်စားပြုဖော်ပြပေးနိုင်တဲ့ အဝတ်အစားဒီဇိုင်းလေး ဖြစ်ဖို့ အလွယ်ကူဆုံးနည်းရှိပါတယ်။ အဲဒါကတော့ ကိုယ်ဝတ်မယ့်အင်္ကျီ ၊ ဘောင်းဘီ၊ စကတ်နဲ့ dress စတာတွေမှာ အသဲပုံလေးတွေပါတဲ့ စတစ်ကာ၊ printလုပ်ထားတာလေးတွေကို ဦးစားပေးရွေးပါ။ 

(၂)အရောင်တွေထဲမှာ ပန်းရောင်ကိုအဓိကထား ရွေးချယ်နိုင်ပါသေးတယ်။

မဒီတို့တွေထဲမှာ မိန်းကလေးဆန်ဆန်နဲ့ ချစ်စရာကောင်းတဲ့ အဝတ်အစားဒီဇိုင်းလေးတွေ သဘောကျဆင်မြန်းတတ်တဲ့သူဆိုရင်တော့ ပန်းရောင်နုနုလေး ရွေးချယ်ဖို့ တိုက်တွန်းချင်ပါတယ်။ ပန်းရောင်ကိုမှ အဝတ်အစားဒီဇိုင်းကိုလည်း ဇာ dress လေးတွေ၊ Long coat လေးတွေ၊ ပန်းရောင်အပွင့်စကတ်စတာလေးတွေ ဆင်မြန်းထားမယ်ဆိုရင် ချစ်စရာကောင်းပြီး ထူးခြားနေမှာပါ။ ဒီအဝတ်အစားက ချစ်သူနဲ့ ဒိတ်လုပ်ဖို့အတွက်လည်း အဆင်ပြေပါတယ်။

(၃) အနီရောင်ပါတဲ့ အဝတ်အစားတွေကလည်း ချစ်သူများနေ့ကို ကိုယ်စားပြုတာပါပဲ။

ကိုယ်ကအနီရောင်ကို ကြိုက်တဲ့သူဆိုရင်တော့ ခေါင်းအစခြေအဆုံး အနီရောင်မဆင်မြန်းချင်ဘူးဆိုရင်တောင် အနီရောင်တောက်တောက် လည်သာစကတ်တွေ၊ jacket တွေ၊ dress စတာတွေကို အခြားအရောင်တွေနဲ့ ရောဝတ်လို့ရပါတယ်။ အထူးသဖြင့် အနီနဲ့အဖြူတွဲတာမျိုး၊ ပန်းရောင်နဲ့ တွဲတာများ၊ အနက်ရောင်မှာ အလုံးတွေ၊ အပွင့်တွေ print လုပ်ထားတဲ့ အင်္ကျီမျိုးတွေနဲ့ အပေါ်အောက် တွဲဖက်ဆင်မြန်းနိုင်ပါတယ်။

(၄) ကတ္တီပါသားနဲ့ ချုပ်လုပ်ထားတဲ့ အဝတ်အစားတွေကလည်း ကိုယ့်ကိုထူးခြားနေစေပါလိမ့်မယ်။

ကိုယ်က ညဘက်ကို ပါတီတစ်ခုခုသွားမယ်ဆိုရင်တော့ ကိုယ့်ကိုအားလုံးကြားထဲမှာ ထူးခြားနေစေဖို့ စီးကွင့်၊ ပိုးသား၊ ဖဲသား၊ ကတ္တီပါသား အဝတ်အစားဒီဇိုင်းအမိုက်စားတွေကို ရွေးချယ်ပစ်လိုက်ပါ။ သူ့ကို dress မဝတ်ချင်ရင်တောင် suit အနေနဲ့ဖြစ်ဖြစ်၊ Coat လေးပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် စကတ်လေးပဲဖြစ်ဖြစ်ကိုမှ အပေါ်က အဆင်ပြေတာတွေနဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

(၅) အပွင့်အဖတ် Floral ဒီဇိုင်းလေးတွေကိုလည်း ချစ်သူများနေ့အတွက် ရွေးချယ်နိုင်ပါတယ်။

ကိုယ်က မိန်းကလေးဆန်ဆန်ဆိုပေမယ့် သိပ်နုတာမျိုးမဟုတ်ဘဲ အထာလည်းကျကျလေး ဖြစ်ချင်တယ်ဆိုရင်တော့ အပွင့်အခက် Floral dress လေးတွေ ရွေးလိုက်ပါ။ Dress ဒီဇိုင်းကို ရိုးရိုးလေးကနေ ခုနောက်ပိုင်း ဒီဇိုင်းဆန်းဆန်းတွေအထိ ဝတ်ရဲရင်ဝတ်ရဲသလို ကိုယ့်စိတ်ကြိုက်ဆင်မြန်းသွားလိုက်ပါ။

(၆) ချစ်သူများနေ့မှာ ကိုယ့်စိတ်ကြိုက် တစ်ရောင်တည်းကို ခေါင်းအစခြေအဆုံး ဝတ်ဆင်တာလည်း အဆင်ပြေတာပါပဲ။

ကိုယ်ကအနီရောင်သဘောကျတဲ့သူလား၊ အဝါရောင်၊ အစိမ်းနု၊ ဒါမှမဟုတ် ပန်းရောင်တွေကိုပဲ အမြဲဆင်မြန်းတတ်သူလား။ အဲဒီလိုဆိုရင်တော့ ကိုယ့်စိတ်ကြိုက်အရောင်တစ်ရောင်တည်းကို ခေါင်းအစခြေအဆုံး ဝတ်ဆင်သွားဖို့ အကြံပေးပါရစေ။ ဒီလိုဝတ်ဆင်တာမျိုးကလည်း ကိုယ့်ကို အများကြားမှာ ထူးခြားနေစေမှာ ဖြစ်တဲ့အပြင် ကိုယ့်ချစ်သူကလည်း ကိုယ့်ဆီကမျက်လုံးမခွာနိုင်အောင် ဖြစ်သွားမှာ သေချာပါတယ်။ 

(၇) အဆင်တန်ဆာတွေက အဲဒီနေ့ကို ကိုယ်စားပြုတာမျိုးလေးတွေ ဖြစ်ပါစေ။



ချစ်သူများနေ့မှာမှ ထူးထူးခြားခြား ဆံပင်မှာဖဲကြိုးအနီလေး စည်းသွားတာမျိုး၊ လက်ကိုင်အိတ်ကို အသည်းပုံလေး ရွေးချယ်သွားတာမျိုး၊ အခြားဆွဲကြိုး၊ နားကပ်စတာတွေကိုလည်း အသည်းပုံလေးတွေ ဒါမှမဟုတ်အနီရောင် ပါတာလေးတွေ ရွေးချယ်ဆင်မြန်းသွားမယ်ဆိုရင်လည်း ဒီနေ့အတွက် ကိုယ့်အပြင်အဆင်က ထူးခြားနေမှာပါ။

ဒါ့ကြောင့် ချစ်သူများနေ့မှာ ကိုယ့်အတွက် သက်တောင့်သက်သာရှိပြီး ကိုယ့်ကိုစိတ်ပျော်စေမယ့် အဆင်အပြေဆုံး အဝတ်အစားဒီဇိုင်းတွေကိုသာ ရွေးချယ်ပြီး ကိုယ်ချစ်ရသူတွေနဲ့ အမှတ်တရနေ့လေးကို ဖန်တီးလိုက်ပါလို့။

Share

Loading Next Article...
က္က