သွန်းဆက်ရဲ့ အချစ်ရေးကတော့ သူငယ်ချင်းတွေကြားမှာ လှောင်ပြောင် စနောက်ခံရလေ့ရှိတဲ့ အနေအထား တစ်ခုပါ။ ဒီလို လှောင် ပြောင်ခံ နေရတဲ့အပေါ်မှာလည်း အခုလို ရင်ဖွင့်ပြောပြလာပါတယ်။
Photo: သွန်းဆက်
သွန်းဆက် တစ်ယောက် သူ့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး လှောင်ပြောင်ကြတဲ့ သူငယ်ချင်းတွေကို အခုလို တုံ့ပြန် စကား ပြောလာပါတယ်။ သူကိုယ်တိုင်ကလည်း အချစ်ရေးကို စိတ်မဝင်စားသေးတဲ့ သူတစ်ယောက်ပါ။
''ဒီအသက်ဒီအရွယ်မှာ ဘဲ မရှိသေးရင် လူတွေကလှောင်ကြတာလား။ ဒါ ကြီး ကိုယ့်အရင်းအနှီးဆုံး တွေလာ ပြောကြတာ နော်။ တချို့အရင်းနှီးဆုံးတွေကလည်း ရိုက်ကူးရေးလုပ်နေရင်း " တော်ပါ FA " ကြီးကလဲပြောတဲ့သူကပြော အော်... ငါ့ဘဝ နှယ်... မထားချင်သေးတာကို သူတို့မသိသေးတာလား..အပျိုကြီးလုပ်မို့ပါဆို'' ဆိုပြီးတော့ ဇန်နဝါရီလ ၉ ရက်နေ့ မနက် ၆ နာရီ ၄၃ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။
Photo: သွန်းဆက်
သွန်းဆက်ဟာ တစ်ယောက် တည်းနေရတဲ့ ဘဝကို ကျေကျေနပ်နပ်ကြီး ခံယူနေတာပါ လို့လည်း သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ပေါ်မှာ ရေးသားခဲ့ဖူးပါတယ်။ လက်ရှိမှာလည်း သူ့ရဲ့ အချစ်ရေး သတင်းတွေက လှုပ်လှုပ်ရှားရှားမရှိပါဘူး။
'' အိုင့်ကို FA လို့ လာလာခေါ်သူများ၊ နင်က အပျိုကြီး ဖြစ်မှာပါလို့ လာလာပြောသူများ FA ပို့စ် တွေဆို chat box က လာလာပို့ သူများနော်။ မပြောချင်လို့ကြည့်နေတာကြာပြီ။ ဟွန်းဟွန်း ဒီမှာ single ဘဝ ကို အရမ်းကျေနပ်ပြီး လွတ်လပ် ပျော်ရွှင်နေလို့ပါ။ မထားတာနော် FA တွေ၊ ဘာတွေ လာလာမခေါ်နဲ့ မကြိုက်ဖူးသိလား''လို့ သူကဆိုပါတယ်။
Photo: သွန်းဆက်
အရင်တုန်းကတော့ အသည်းကွဲသွားတဲ့ သွန်းဆက်ဆိုပြီး နာမည်ကြီးသွားတဲ့ သွန်းဆက်ရဲ့ အချစ်ရေးက လက်ရှိမှာ အေးအေး ဆေးဆေး ဖြစ်နေတယ်လို့ ဆိုပါတယ်။ ပရိသတ်တွေကိုလည်း သူမအတွက် သေချာတဲ့ ဘဝလက်တွဲဖော် တွေ့ပြီဆိုရင် Public ကို ချပြမှာ ဖြစ်သလို ပရိသတ်တွေကို ပြောပြသွားမှာပါလို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။
Photo: သွန်းဆက်
သွန်းဆက်ကိုတော့ ဟာသဇာတ်ကားတွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။ သွက်လည်းသွက် ခပ်စွာစွာ ကောင်မလေး တစ် ယောက်ကို ပရိသတ် တွေက အမြဲတမ်းသတိထားမိကြမှာပါ။ သွန်းဆက်က အခုဆိုရင် ဗီဒီယိုဇာတ်ကား ပေါင်းများစွာ မှာလည်း ခေါင်းဆောင် မင်းသမီး အဖြစ်ပါဝင်ရိုက် ကူးနေတာဖြစ်ပါတယ်။ နောက်ထပ် ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးဖြစ်နေ တယ်လို့ သိရပါတယ်။