သရုပ်ဆောင် အဆိုတော် ဆန်းသစ်လက ချစ်သူနဲ့ ရွှေလက်တွဲတော့မှာ ဖြစ်ပါတယ်။ ချစ်သူသက်တမ်း (၃)နှစ်ပြည့်မှာ မင်္ဂလာပွဲ ဆင်နွှဲတော့မှာပါ။
Photo : ဆန်းသစ်လ
သရုပ်ဆောင် အဆိုတော် ဆန်းသစ်လက ချစ်သူသက်တမ်း (၃)နှစ်ပြည့်မှာ မင်္ဂလာပွဲ ဆင်နွှဲတော့မှာ ဖြစ်ပါတယ်။ ချစ်သူကောင်လေးနဲ့ အတူ မတ်လ(၁) ရက်နေ့မှာ မင်္ဂလာဦးဆွမ်းကျွေး အလှူပြုလုပ်တော့မှာ ဖြစ်ပါတယ်။ မင်္ဂလာဦး ဆွမ်းကျွေးအလှူကို မတ်လ(၁) ရက်နေ့တွင် မင်းကွန်း တိပိဋကေ ကျာင်း တိုက်မှာရှိတဲ့ ရွှေရတုမင်္ဂလာခန်းမမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ မင်္ဂလာပွဲကိုလည်း မတ်လ(၃) ရက်နေ့မှာ ပြုလုပ်သွားမယ်လို့ ဆန်းသစ်လက ပြောပါတယ်။
Photo : ဆန်းသစ်လ
ဒီချစ်သူက သူ့အတွက် ဖူးစာမှန်တဲ့ လူလည်းဖြစ်သလို နားလည်မှုအပြည့်ပေးတဲ့ ချစ်သူလို့လည်း Duwun Media မှာ ချစ်သူသက်တမ်း ၂ နှစ်ကျော်အချိန်တုန်းက ဖြေဆိုဖူးခဲ့ပါတယ်။
'' အချစ်ရေးလေးကတော့ အေးအေးဆေးဆေးပဲ၊ ရွှေလတို့ ချစ်သူသက်တမ်းကလည်း ၂ နှစ်ကျော်သွားပြီ။ ကိုယ်တွေ မျှော်မှန်းထားတာ၊ ရည်ရွယ်ထားတာလေးတွေရှိတယ်။ ဒါပေမယ့် အကောင်အထည်ဖော်ဖို့ကတော့ ကြိုးစားနေဆဲပေါ့နော်။ အဲ့ဒီတော့ နှစ်ယောက်အတွက်က အေးအေးဆေးဆေးပဲ သူလည်း ကိုယ့်အပေါ် နားလည်မှုအပြည့်ရှိတယ်၊ သူလည်း ကိုယ့်အပေါ် နားလည်မှုအပြည့်ပေးထားတယ်'' လို့ ဆိုပါတယ်။
Photo : ဆန်းသစ်လ
ဆန်းသစ်လကို ဝါရင့်အဆိုတော် သရုပ်ဆောင် မေရွက်ဝါရဲ့ သမီးအဖြစ် အနုပညာအသိုင်းအဝိုင်းကရော၊ ပရိသတ်တွေကပါ သိရှိခဲ့ပါတယ်။ ဆန်းသစ်လဟာ ဝါရင့်သရုပ်ဆောင်ကြီး ဝါးခယ်မရဲမောင်ရဲ့ မြေးမလေး တစ်ဦးလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဆန်းသစ်လက သီချင်းတွေ ဆိုဖြစ်နေသလို ဓာတ်ပုံတွေလည်း ရိုက်ဖြစ်နေတယ်လို့ သိရပါတယ်။ တစ်ကိုယ်တော်အခွေလည်း စီစဉ်နေတယ်လို့ ဆိုပါတယ်။