မော်ဒယ် ၊ သရုပ်ဆောင် ခင်ရူပက ချစ်သူ စည်သူအောင်နဲ့ အတူလက်တွဲသွားပြီ ဖြစ်ပါတယ်။
Photo : ယွန်းမှီမှီကျော် FB
မော်ဒယ်၊ သရုပ်ဆောင် ခင်ရူပက ချစ်သူစည်သူအောင်နဲ့အတူ ရွှေလက်တွဲသွားပြီ ဖြစ်ပါတယ်။ စည်သူအောင်နဲ့ ခင်ရူပတို့ရဲ မင်္ဂလာပွဲကို ဇန်နဝါရီ(၁၉) ရက်နေ့ ညပိုင်းက နိုဗိုတယ်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ မင်္ဂလာပွဲကို သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ အနုပညာအသိုင်းအဝိုင်းက မိတ်ဆွေတွေ တက်ရောက်ခဲ့ကြတာတွေ့ရပါတယ်။
Photo : ယွန်းမှီမှီကျော် FB
ခင်ရူပက မင်္ဂလာပွဲမှာ သူမအနေနဲ့ ဧည့်ဝတ်မကျေပွန်ဖြစ်မှာစိုးလို့ အားလုံးကို တောင်းပန်ထားတာတွေ့ရပါတယ်။ “မနေ့က ပွဲတက်ပေးတဲ့တစ်ဦးတစ်ယောက်စီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်နော် အဆင်မပြေမှုများရှိခဲ့ရင်လည်းတောင်းပန်ပါတယ်နော် မဖိတ်လိုက်ရတာ လူကျန်သွားတာမျိုးရှိခဲ့ရင်လည်း အနူးအညွတ်တောင်းပန်ပါတယ်နော် နားလည်ပေးကြမယ်လို့မျှော်လင့်ပါတယ်နော် ရှေ့တစ်ပွဲက ၃ နာရီထွက်ပေးရမှာ ၄နာရီခွဲမှ ထွက်သွားတော့ decoration လည်းအချိန်မရ အကုန်လျော့ချလိုက်ခဲ့ရ တဲ့အတွက်လည်း စိတ်မကောင်းဖြစ်ရပါတယ် ၄:၄၅မှ stage ကိုစပြင်ခဲ့ရတယ်၁၉.၁.၁၉ မှာ တစ်ရက်ထဲ ပွဲ၃ပွဲတိုက် Novotel မှာ ဘာမှမတတ်နိုင်ခဲ့ပေမယ့် အကောင်းဆုံးနဲ့အဆင်ပြေဆုံး ပွဲပြီးသွားတာဘဲကျေးဇူးတင်ပါတယ် အရင်ဦးစွာတောင်းပန်စာလေးရေးပါရစေနော်” ဆိုပြီး ဇန်နဝါရီ(၂၀) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။
Photo : ခင်ရူပ FB
ဒါပေမယ့် မင်္ဂလာပွဲကို တက်ရောက်လာတဲ့ သူငယ်ချင်း၊ မိတ်ဆွေ၊အပေါင်းအသင်းတွေက မင်္ဂလာပွဲလေးက အားလုံးပြည့်စုံတဲ့အတွက် အဆင်မပြေမှုတွေ မရှိခဲ့ပါဘူးဆိုပြီး ကောမန့်တွေမှာ ပြန်ပြောထားတာတွေ့ရပါတယ်။ မော်ဒယ်ခင်ရူပဟာ ချစ်သူနဲ့အတူ ၂၀၁၈ ခုနှစ် နိုဝင်ဘ(၃၀) ရက်နေ့က SEED Restaurant & Lounge မှာ မင်္ဂလာလက်မှတ်ရေးထိုးပွဲလေးကို ပြုလုပ်ခဲ့တာပါ။ ၂၀၁၈ခုနှစ် ဒီဇင်ဘာ(၁၉) ရက်နေ့မှာတောာ့ ဦးအရိယကျောင်းတိုက်မှာ မင်္ဂလာဆွမ်းကျွေးအလှူပြုလုပ်ခဲ့ပြီး ဇန်နဝါရီ(၁၉) ရက်နေ့မှာ မင်္ဂလာညစာစားပွဲကို သူငယ်ချင်းများနဲ့ပျော်ရွှင်စွာ ပြုလုပ်ခဲ့ပါတယ်။
Photo : ခင်ရူပ FB
မော်ဒယ်ခင်ရူပဟာ အနုပညာလောကထဲမှာ အောင်မြင်အောင် ကြိုးစားနေတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ကြိုးစားရင်းနဲ့ Khin Collection နာမည်နဲ့ စီးပွားရေးလည်း လုပ်ကိုင်နေသူဖြစ်ပါတယ်။