ဇေရဲထက်ကတော့ သူ့ရဲ့ ချစ်သူနဲ့ အတူ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှာ ဆန်အိတ်(၁၀၀) အိတ် လှူဒါန်းခဲ့တဲ့အကြောင်း ပြောပြလာပါတယ်။
Photo: Zay Ye Htet
သရုပ်ဆောင် ဇေရဲထက်ကတော့ COVID-19 ကာလမှာ ဆင်းရဲနွမ်းပါးသူတွေအတွက် စားနပ်ရိက္ခာအလှူအဖြစ် ဧပြီလ (၈) ရက်နေ့က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှာ ဆန်အိတ်(၁၀၀) လှူဒါန်းခဲ့တဲ့အကြောင်း Duwun Media ရဲ့ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းတဲ့ အင်တာဗျူးကနေ ဖြေဆိုခဲ့ပါတယ်။
“ COVID-19 ရောဂါပိုးဖြစ်နေတဲ့အချိန်မှာ ဆင်းရဲနွမ်းပါးသူတွေအတွက် ကိုယ်တတ်နိုင်သလောက် လှူဒါန်းခြင်းဖြစ်ပါတယ်။ အမေစုကိုလည်း အရမ်းချစ်တယ်။ ပြည်သူတွေအတွက် ကူညီပေးမယ့် အစီအစဉ်စာလေး တတ်လာကတည်းက ကျွန်တော့် စိတ်ထဲမှာ တကယ်ကို လှူချင်စိတ်ဖြစ်လာတဲ့အတွက် လှူတာပါ။ အစကတော့ ဆန်အိတ်(၅၀) လှူမယ်ပေါ့။ ဒါပေမယ့် ကျွန်တော့်ရဲ့ ချစ်သူကလည်း ဆန်အိတ်(၅၀) ပါဝင်ချင်ပါတယ်ဆိုတာနဲ့ နှစ်ယောက်ပေါင်း ဆန်အိတ်(၁၀၀) ဖြစ်သွားတာပါ" လို့ ဆိုပါတယ်။
Photo: Zay Ye Htet
ဇေရဲထက်ဟာ နှာခေါင်းခွဲစိတ်မှု လုပ်ထားတဲ့ ချုပ်ရိုးတွေဟာ အနာမကျက်သေးတာကြောင့် ဒီအလှူမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်နိုင်ခဲ့ခြင်းမရှိဘူးလို့လည်း ဆိုပါတယ်။
" အလှူလုပ်တယ်ဆိုရင် ကျွန်တော်က ကိုယ်တိုင်လုပ်ရမှ ကျေနပ်တဲ့သူ။ အခုက ခွဲစိတ်ထားတဲ့ အနာကမကျက်သေးဘူး။ ဆရာဝန်ကိုယ်တိုင်ကလည်း ၂ လလောက်အပြင်မထွက်ပါနဲ့လို့ ပြောထားတယ်။ ချုပ်ရိုးကလည်း မဖြည်ရသေးတဲ့အချိန်မှာ ပိုးဝင်မှာလည်း စိုးတယ်။ ဒါကြောင့် ဒီအလှူမှာ ကျွန်တော့် ပရိသတ်တွေအားလုံးကို အကူအညီတောင်းပြီးတော့ သွားလှူပေးဖို့ ပြောခဲ့တာပါ" ဆိုပြီးတော့ ဧပြီလ ၈ ရက်နေ့က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအလှူလုပ်ရင်း ဖြေဆိုခဲ့တာပါ။
Photo: Zay Ye Htet
ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပေါ်နေတဲ့ COVID-19 ရောဂါကြောင့် စားနပ်ရိက္ခာအတွက် အခက်အခဲ ဖြစ်နေသူတွေ အများကြီးပါပဲ။ ဒါကြောင့် အနုပညာရှင်များကလည်း စားနပ်ရိက္ခာတွေကို တစ်ဖက်တစ်လမ်းက တတ်နိုင်တဲ့ အင်အားနဲ့ လှူဒါန်းနေကြတာကိုလည်း တွေ့ရပါတယ်။ အခုဆိုရင်တော့ မြန်မာနိုင်ငံအတွင်းမှာ COVID-19 ကူးစက်ခံရသူ (၂၂)ဦးရှိပြီဖြစ်ပြီး သေဆုံးသူ (၃) ဦးရှိခဲ့ပြီလို့ သိရပါတယ်။
Photo: Zay Ye Htet
ဇေရဲထက်ကိုတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာ ဖြစ်ပါတယ်။ သူ့ရဲ့ ရုပ်ရည်ချောမောမှုကြောင့် မိန်းကလေးပရိသတ်တွေအခိုင်အမာ ရရှိလာပါတယ်။ အဲဒီနောက်မှာတော့ TV ကြော်ငြာတွေ အဆက်မပြတ်ရိုက်ကူးလာရပြီး အခုဆိုရင်တော့ အောင်မြင်တဲ့ မင်းသားတစ်ယောက်ဖြစ်လို့နေပါပြီ။ သူ့ရဲ့အနုပညာသက်တမ်းကလည်း ၁၀ စုနှစ်ခန့်ရှိလာပြီဖြစ်ပါတယ်။ လက်ရှိအချိန်ထိလည်း အနုပညာအလုပ်တွေကို တစိုက်မတ်မတ်လုပ်ကိုင်နေတာ တွေ့ရပါတယ်။