ဘွဲ့နာမည်က စန္ဒမာလာ ဖြစ်ပါတယ်။

ထက်ထက်မိုးဦးရဲ့ သမီးလေး စစ်လွန်းဝတီထက် ကတော့ သူမြတ်နိုးတဲ့ဆံပင်လေးကို ဘုရားဌာပနာထဲ ထည့်ဝင်လှူဒါန်းခဲ့ပြီး သီလရှင်အဖြစ်ခံယူခဲ့တာ ဖြစ်ပါတယ်။

Photo : စိုင်းလွှမ်း

ထက်ထက်မိုးဦးရဲ့ သမီးလေး စစ်လွန်းဝတီထက် ကတော့ ဖခင်ဖြစ်သူ အဆိုတော် စိုင်းလွှမ်း သာသနာ့ဘောင်ထဲ ဝင်နေချိန်မှာ ဖခင်ဖြစ်သူအတွက် ဝေယာဝစ္စများ လိုက်လံဆောင်ရွက်ပေးနေရင်းကနေ သာသနာ့ဘောင်ထဲ ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဖခင်ဖြစ်သူနဲ့အတူ ဘုရားဖူးရင်းကနေ ရုတ်တရက်ဆိုသလို ဆရာတော်ကြီးထံ သီလရှင်ဝတ်ခွင့်ပေးဖို့တောင်းခံပြီး ယခုလို သာသနာ့ဘောင်ထဲ ဝင်ရောက်ခဲ့တာ ဖြစ်ပြီး သူမမြတ်နိုးတဲ့ ဆံပင်လေးကိုလည်း ဘုရားဌာပနာထဲ ထည့်ဝင်လှူဒါန်းခဲ့တယ်လို့ ဖခင်ဖြစ်သူက ဆိုပါတယ်။

Photo : စိုင်းလွှမ်း

“နဂါးရုံဘုရားပေါ်မှာဘုရားဖူးကြရင်း မပြောမဆို ငိုပြီးဘာမှမဖြေဘဲဘုန်းကြီး ဆီကိုအဖွားနှင့် သမီး ကိုယ်တိုင်လျှောက်သီလရှင်ဝတ်ခွင့်ပြုပေးပါပြော ဦးဇင်းဆီကလည်းခွင့်ပြုချက်တောင်းပြီး အရမ်းမြတ်နိုးတဲ့ သူ့ဆံပင်ကို ဘုရားဋ္ဌာပနာ ထဲထည့်လှူဆရာလေး စန္ဒမာလာ အဖြစ်ခံယူပြီး ကွယ်လွန်သွားသူအဖိုးဦးခင်မောင်ဦးနှင့်၇ရက်သားသမီး အပေါင်း သာဓုခေါ်ဆိုနိုင်ပါတယ်” ဆိုပြီး ရေးသားထားတာတွေ့ရပါတယ်။

 

Photo : စိုင်းလွှမ်း

စစ်လွန်းဝတီထက်ဟာ အဆိုတော် စိုင်းလွှမ်းနဲ့ သရုပ်ဆောင် ထက်ထက်မိုးဦးတို့ရဲ့ တစ်ဦးတည်းသော သမီးလေး ဖြစ်သလို ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာရရှိထားတဲ့ ကလေးတစ်ယောက်လည်း ဖြစ်ပါတယ်။ စစ်လွန်းဝတီထက်ဟာ ငယ်စဥ်ကတည်းက အနုပညာလောကထဲရောက်ရှိနေတာ ဖြစ်သလို ကြော်ငြာရိုက်ကူးမှုတွေနဲ့ ဒါရိုက်တာ ညိုမင်းလွင်ရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားထဲမှာလည်း ပါဝင်သရုပ်ဆောင်ထားသူ ဖြစ်ပါတယ်။

 

 

Share

Loading Next Article...
က္က