သရုပ်ဆောင် ဂျူးဂျူးကေ က ဇန်နဝါရီလ ၁၅ ရက်နေ့မှာပဲ ချစ်ရတဲ့ ချစ်သူကိုစိုးမြတ်နွယ်နဲ့ မင်္ဂလာလက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။
Photo: Aroma
ရုပ်သံဇာတ်လမ်းတွဲတွေရိုက်ကူးနေတဲ့ မင်းသမီးချောလေး ဂျူးဂျူးကေ က ဇန်နဝါရီလ ၁၅ ရက်နေ့ မှာပဲ သူမရဲ့ ချစ်သူနဲ့ အတူ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးမှာ မင်္ဂလာလက်မှတ်ရေးထိုးလိုက်ပြီလို့ သိရပါတယ်။
‘’ Thank u 'Sweet '’ ဆိုပြီးတော့လည်း ဇန်နဝါရီလ ၁၅ ရက်နေ့ နေ့လည် ၁ နာရီကျော်က သူမရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့ပါတယ်။ အဲ့ဒီနောက် မင်္ဂလာလက်မှတ်ရေးထိုးနေချိန် အမှတ်တရ ဓာတ်ပုံတွေတင်ခဲ့တာကိုတွေ့ရပါတယ်။
Photo: ဂျူးဂျူးကေ
ဂျူးဂျူးကေ ရဲ့ ခင်ပွန်းနာမည်ကတော့ ကိုစိုးမြတ်နွယ်လို့ အမည်ရပါတယ်။ သူတို့ နှစ်ဦးရဲ့ မင်္ဂလာအလှူ ကိုတော့ ဇန်နဝါရီလ ၁၁ ရက်နေ့က ရွှေတိဂုံစေတီတော်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
‘’ 11.1.2019နေ့ က ရွှေတိဂုံ ဘုရားမှာ ရွှေ ၃ကျပ်သား (၂, ၄၃၀ ,၀၀၀)ကျပ်လှူဒါန်းခဲ့ပါတယ်။မင်္ဂလာ နှစ်သစ်အလှူပါ။ နောင်ကိုလဲဒီထက်မက လှူနိုင်တန်းနိုင်ရပါလို၏’’ ဆိုပြီးတော့လည်း ဆုတောင်း စကား ဆိုခဲ့ပါသေးတယ်။
Photo: ဂျူးဂျူးကေ
ဂျူးဂျူးကေ ဟာ အနုပညာလောကထဲကို မော်ဒယ်လ် တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် တယောပညာကို ကျွမ်းကျွမ်းကျင်ကျင် တီးခတ်နိုင်တဲ့ သူမရဲ့ ပညာကြောင့်လည်း ပရိသတ်တွေက ပိုသတိထားမိခဲ့တာဖြစ်ပါတယ်။
Photo: ဂျူးဂျူးကေ
အခုလက်ရှိမှာတော့ ဂျူးဂျူးကေ ဟာ ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးတဲ့ ‘’Now & Ever ‘’(ထာဝရနှောင်ကြိုး) ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာလည်း သရုပ်ဆောင် ဇဏ်ခီ နဲ့ ပိုင်ဖြိုးသု တို့ကလည်း ပါဝင်သရုပ်ဆောင်နေတယ်လို့ သိရပါတယ်။