ဘရွတ်ကလင်းတို့စုံတွဲက စေ့စပ်သတင်းကို သူတို့ရဲ့ Instagram အကောင့်တွေမှာ ကြေညာခဲ့ကြပါတယ်။

ဘောလုံးစတား ဒေးဗစ်ဘက်ခမ်းနဲ့ ဖက်ရှင်ဒီဇိုင်းနာ ဗစ်တိုးရီးယားဘက်ခမ်းတို့ရဲ့ သားဖြစ်သူ ဘရွတ်ကလင်းဘက်ခမ်းက သူ့ရဲ့ချစ်သူ အမေရိကန်မင်းသမီး နီကိုလာပဲလ်ဇ်နဲ့ စေ့စပ်လိုက်ပြီလို့ Instagram မှာ ကြေညာခဲ့ပါတယ်။

(Photo: @nicolaannepeltz/Instagram)

ဘရွတ်ကလင်းနဲ့ နီကိုလာတို့က စေ့စပ်သတင်းကို သူတို့ရဲ့ Instagram အကောင့်တွေမှာ ဇူလိုင် ၁၁ ရက်နေ့က ကြေညာခဲ့ကြတာ ဖြစ်ပါတယ်။ "ပြီးခဲ့တဲ့ နှစ်ပတ်တိုးက ကျွန်တော့်ရဲ့ချစ်သူကို လက်ထပ်ခွင့်တောင်းခဲ့ပြီး သူမက လက်ခံခဲ့ပါတယ်၊ ကျွန်တော်က ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးလူပေါ့၊ အကောင်းဆုံး ခင်ပွန်းနဲ့ တစ်နေ့မှာ အကောင်းဆုံး ဖခင် ဖြစ်စေရမယ်လို့ ကျွန်တော် ကတိပေးပါတယ်" လို့ အသက် ၂၁ နှစ်အရွယ် ဘရွတ်ကလင်းက Instagram မှာ သူတို့နှစ်ဦးရဲ့ ဓာတ်ပုံနဲ့အတူ ရေးသားထားပါတယ်။

(Photo: @brooklynbeckham and @nicolaannepeltz/Instagram)

ဘရွတ်ကလင်းနဲ့ နီကိုလာတို့ ချစ်သူနှစ်ဦးက Instagram မှာ တူညီတဲ့ ဓာတ်ပုံတစ်ပုံတည်းကို တင်ထားပြီး သူတို့ရဲ့ စေ့စပ်သတင်းကို ကြေညာခဲ့ကြတာ ဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ် နီကိုလာကလည်း "ရှင်က ကျွန်မကို ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး မိန်းကလေးဖြစ်စေခဲ့တယ်၊ ကျွန်မရဲ့ ကျန်ရှိတဲ့ဘဝသက်တမ်းကို ရှင့်ဘေးမှာ အချိန်ကုန်ဖို့ မစောင့်နိုင်တော့ဘူး" လို့ သူမရဲ့ Instagram မှာ ရေးသားထားခဲ့ပါတယ်။

(Photo: @davidbeckham/Instagram)

ဘရွတ်ကလင်းတို့စုံတွဲ လက်ထပ်ကြတော့မယ့်သတင်းကို Spice Girls ပေါ့ပ်ဂီတအဖွဲ့ဝင်ဟောင်းနဲ့ ဖက်ရှင်ဒီဇိုင်းနာဖြစ်တဲ့ ဘရွတ်ကလင်းရဲ့မိခင် ဗစ်တိုးရီးယားက Instagram မှတစ်ဆင့် ဂုဏ်ယူဝမ်းမြောက်စကား ပြောခဲ့ပါတယ်။ ဘရွတ်ကလင်းဟာ ဘက်ခမ်းနဲ့ ဗစ်တိုးရီးယားတို့ရဲ့ သားသမီးလေးဦးထဲမှာ အကြီးဆုံးသားဖြစ်ပြီး မော်ဒယ်တစ်ဦးလည်း ဖြစ်ပါတယ်။ အမေရိကန်မင်းသမီး နီကိုလာကတော့ The Last Airbender နဲ့ Transformers: Age of Extinction အပါအဝင် ရုပ်ရှင်ဇာတ်ကားများ၊ တီဗီဇာတ်လမ်းတွဲများနဲ့ ဂီတဗီဒီယိုများမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

Share

Loading Next Article...
က္က