သူတို့ နှစ်ဦးရဲ့ ခင်မင်မှု အမှတ်တရတွေကို ပြောပြလာပါတယ်။

မိန်းမချောလေး ၅ ယောက် ဖွဲ့စည်းထားတဲ့ Rose Quartz အဖွဲ့ဝင် စင်ဒီနဲ့ နေခြည် တို့က တစ်ယောက်နဲ့တစ်ယောက် စတင်ခင်မင်ခဲ့ကြတဲ့ အမှတ်တရ လေးတွေကို ပြောပြလာပါတယ်။ သူတို့ အဖွဲ့ခေါင်းဆောင်ရဲ့ ကျန်းမာရေးကြောင့် အနုပညာလှုပ်ရှားမှုတွေ သိပ်မရှိသေးတာဖြစ်ပါတယ်တဲ့။

Rose Quartz အဖွဲ့ဝင် မြန်မာမလေး ၂ ယောက်ဖြစ်တဲ့ စင်ဒီနဲ့ နေခြည်တို့ကတော့ သူတို့ရဲ့ ခင်မင်မှုအစပျိုးခဲ့တဲ့ အမှတ်တရတွေကို ပြောပြခဲ့ပါတယ်။ နေခြည်က စင်ဒီ့ရဲ့ အလှအပတွေနဲ့ Style တွေကို စပြီး ကြွေခဲ့ရတယ်လို့ Duwun Media ကနေ ပြောပြလာပါတယ်။



‘’စင်ဒီကို စစတွေ့တုန်းကကျတော့ ကိုယ်လုံးအရမ်းလှတယ်၊ အသားအရေတွေလည်း လှတယ် အဲဒါတွေကနေ စပြီးတော့ သတိထားမိတာပေါ့နော်။ ပြီးရင် အဝတ်အစားဆိုရင်လည်း သူ့ ကိုယ်ပိုင် Style လေးနဲ့ အမြဲနေတတ်တယ်ဆိုတော့ သတိထားမိတာပါ။ နောက်ပိုင်း စကားတွေပြောမိတော့ အရမ်းပွင့်လင်းပြီး စကားလည်းအရမ်းများတယ်။ တစ်ခုခုဆို အကြံဉာဏ်တွေလည်း ပေးတတ်တယ်၊ အားပေးတတ်တယ်ပေါ့နော်’’ ဆိုပြီးတော့ ဇွန်လ ၁၂ ရက်နေ့က မွေးနေ့ပွဲမှာ ဖြေဆိုခဲ့တာပါ။

အဲဒီနောက် စင်ဒီကလည်း နေခြည် နဲ့ ပတ်သက်တဲ့ ခံစားချက်ကို ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။ နေခြည်ဟာ ခင်ဖို့ကောင်းပြီး ရင့်ကျက်တဲ့ ကောင်မလေး တစ်ယောက်ဖြစ်တယ်လို့ ပြောပါတယ်။

‘’ စတွေ့တုန်းကကျတော့ သူ့ပုံစံက ခပ်တည်တည်နေတဲ့ ပုံစံပေါက်တယ်လေ။ စကား ဘယ်လိုစပြောရမလဲ မသိဘူးဆိုပြီးတော့ တွေးမိတယ်။ အစကတော့ မြင်မြင်ချင်း ကလေးဆန်မယ်လို့ထင်ထားတာ နောက်ပိုင်းကျတော့ တချို့အရာတွေမှာ လူကြီးအတွေးအခေါ်တွေရှိတယ်။ တချို့ ကိစ္စတွေဆိုရင် သူ့ဆီကနေ အကြံဉာဏ်ပြန်တောင်းရတာမျိုးတွေရှိတယ်’’ လို့ ဆိုပါတယ်။

စင်ဒီဟာ Rose Quartz အဖွဲ့ ရဲ့ အနုပညာလှုပ်ရှားမှုတွေအကြောင်းကို ပြောပြလာပါသေးတယ်။ လက်ရှိမှာတော့ သူတို့ အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဆောင်ရှင်းဟာ ကျန်းမာရေး ကြောင့် အနားယူနေတယ်လို့ ဆိုပါတယ်။

‘’ အခု ညီမတို့ တစ်ဖွဲ့လုံးက နားနေတဲ့အချိန်ပေါ့နော်။ ဆောင်ရှင်း ဆိုရင်လည်းကျန်းမာရေးအခြေအနေအရ ကိုရီးယားမှာရှိနေတယ်။ မြန်မာနိုင်ငံမှာ ညီမတို့ ပွဲ ၂ ပွဲရှိတယ်ပေါ့နော်။ အဲဒီမှာ ဆောင်ရှင်းကတော့ မပါနိုင်ပါဘူး။ အားလုံးကလည်း နားနေကြတာဖြစ်တဲ့အချိန်ဖြစ်တော့ လှုပ်ရှားမှု အပိုင်းက ကျဲနေကြတာပေါ့နော်’’ လို့ သူကဆိုပါတယ်။

Photo: Rose Quartz

Rose Quartz အဖွဲ့ဟာ ကိုရီးယား၊ မြန်မာ၊ ထိုင်း စတဲ့ ဂီတကို ဝါသနာကြီးလွန်းတဲ့ ကောင်မလေး ၅ ယောက်နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ သူတို့ အဖွဲ့ဟာ Realize ၊ Ra Pa Pam နဲ့ 3, 2, 1 ဆိုတဲ့ သီချင်းတွေ ထွက်ရှိခဲ့ပြီးပါပြီ။  Rose Quartz အဖွဲ့မှာ အဖွဲ့ဝင် ၅ ဦးပါဝင်ပြီး Sung Shin ဆိုတဲ့ ကိုရီးယားမလေးတစ်ဦး၊ ထိုင်းမလေးတွေဖြစ်တဲ့ EARN နဲ့ EING မြန်မာမလေးတွေဖြစ်တဲ့ Cindy နဲ့ နေခြည်တို့ ပါဝင်ပါတယ်။ အခုဆိုရင်တော့ မြန်မာနိုင်ငံက ပရိသတ်တွေသာမက ထိုင်းနိုင်ငံမှာပါ ရှိတဲ့ ပရိသတ်တွေ အခိုင်အမာရရှိနေပြီဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က