ကလပ်အသင်း၊ နိုင်ငံအသင်းတွေမှာ ဆက်တိုက်ခြေစွမ်းပြနေတာပါ။

ဘရန်ဖို့ဒ်ကတော့ ချယ်လ်ဆီးကို အဝေးကွင်းမှာ ၁-၄ နဲ့ အနိုင်ယူပြီး ပရိသတ်တွေအားလုံးကို အံ့အားသင့်အောင် ခြေစွမ်းပြသွားခဲ့ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ၄ ပွဲမှာ ၃ ပွဲအထိ အနိုင်ရရှိခဲ့တာဖြစ်ပြီး ခံစစ်မာကျောပြီး ဂိုးသွင်းရခက်ပါတယ်ဆိုတဲ့ ချယ်လ်ဆီးခံစစ်ဟာ ဘရန်ဖို့ဒ်ရဲ့ တန်ပြန်တိုက်စစ်တွေအောက်မှာ အလူးအလဲ၊ အကွဲအပြဲဖြစခဲ့ရပါတယ်။ 

ဘရန်ဖို့ဒ်ရဲ့ အခုလိုမျိုး ခြေစွမ်းကောင်းတွေ ပြသနေခဲ့မှုဟာ သူတို့အသင်းကို ကွင်းလယ်လူအဲရစ်ဆန်ရောက်ရှိလာပြီးနောက်ပိုင်းမှာပါ။ အဲရစ်ဆန် မရောက်ခင်က ဘရန်ဖို့ဒ်ဟာ ပရီးမီးယားလိဂ် ၉ ပွဲအထိ နိုင်ပွဲပျောက်ခဲ့ပြီး ဒိန်းမတ်ကွင်းလယ်လူရောက်လာပြီးနောက် ပထမဆုံးပွဲဖြစ်တဲ့ နော်ဝှစ်ချ်နဲ့ပွဲမှာ ၃-၁ နဲ့ အနိုင်ရခဲ့ပါတယ်။ 

အဲဒီနောက်ပိုင်း ကစားခဲ့တဲ့ ၃ ပွဲမှာ ၂ ပွဲအထိ သူတို့အနိုင်ရခဲ့ပြီးတော့ ဘန်လေနဲ့ ချယ်လ်ဆီးတို့ဖြစ်ကာ လက်စတာကိုတော့ အဝေးကွင်းမှာ ၂-၁ နဲ့ ကပ်အရေးနိမ့်ခဲ့ပါတယ်။ အဲရစ်ဆန်ကတော့ အဲဒီပွဲတွေမှာ ဘရန့်ဖို့ဒ်အတွက် တကြိမ်ဖန်တီးပြီး တဂိုးသွင်းယူကာ (မနေ့ညက ချယ်လ်ဆီးနဲ့ပွဲမှာသွင်း) အသင်းကွင်းလယ်ကနေ ထိန်းချုပ်ကစားပေးခဲ့ပြီး ခြေစွမ်းပြခဲ့ပါတယ်။ 

ဒိန်းမတ်လက်ရွေးစင်အသင်းရဲ့ ပြန်လည်ခေါ်ယူမှုကိုလည်း ရရှိခဲ့တဲ့ ဒီကွင်းလယ်လူက ၂ ပွဲကစားပေးခဲ့ပြီး ၂ ဂိုးအထိ သွင်းယူပေးခဲ့ကာ ခြေစွမ်းပြခဲ့ပါတယ်။ နှလုံးရောဂါကြောင့် ကွင်းအတွင်းလဲကျနေခဲ့ပြီး အသက်လုတိုက်ပွဲပါ ဆင်နွှဲခဲ့ရတဲ့ အဲရစ်ဆန်ကတော့ အခုတော့ ပုံမှန်အတိုင်းပြန်လည်ကစားနိုင်ခဲ့ပြီဖြစ်ကာ ခြေစွမ်းကောင်းတွေလည်း ဆက်တိုက်ပြသနေခဲ့ပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က