နားချိန်နည်းပါးခဲ့တာပါ။

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဆီဗီလာကို အနိုင်ယူပြီး ဥရောပစူပါဖလားကို ရယူနိုင်ခဲ့ပေမယ့် အသင်းအတွက် နားချိန်အလုံအလောက်မရတဲ့အပေါ် ပရီးမီးယားလိဂ်ကို လှောင်ပြောင်ရိထေ့သွားခဲ့ပါတယ်။ မန်စီးတီးဟာ ဥရောပစူပါဖလားပွဲမှာ ပင်နယ်တီအဆုံးအဖြတ်အထိ ရောက်ရှိခဲ့တာပါ။



ဒီလိုမျိုး မန်စီးတီးတို့ ပွဲပန်းလာခဲ့ပေမယ့် လာမယ့် စနေညမှာတင် နယူးကာဆယ်လို အသင်းကောင်းတစ်သင်းနဲ့ အိမ်ကွင်းမှာ ဆက်တိုက်ရင်ဆိုင်ရဦးမှာပါ။ အဲ့ဒါကြောင့်လည်း ဂွါဒီယိုလာက ဒီအပေါ်မှာ မကျေမနပ်ဖြစ်နေခဲ့တာပါ။

အသင်းအတွက် လုံလောက်တဲ့နားချိန် ရှိပါ့မလားဆိုတဲ့အပေါ် ဂွါဒီယိုလာက “ဒါပေါ့ဗျာ။ သိပ်ရှိတာပေါ့။ နောက်တစ်နေ့ဆိုရင် ကျွန်တော်တို့ အခုထက်တောင် ပိုပျော်ရဦးမှာလေ။ အယ်လ်ကိုဟောတစ်ငုံလေးတောင်မှ မသောက်ဘဲ ကျွန်တော်တို့ အနားယူနိုင်မှာပါ” လို့ ရိသဲ့သဲ့ ပြောကြားသွားခဲ့ပါတယ်။

ဆက်လက်ပြီးတော့လည်း ဂွါဒီယိုလာ ပွဲစဉ်ဇယားနဲ့ ပတ်သက်လို့ ပရီးမီးယားလိဂ်အဖွဲ့ချုပ်ကိုပါ အရွဲ့တိုက်ခဲ့ပါသေးတယ်။ ဂွါဒီယိုလာက “ကျွန်တော်တို့ တတ်နိုင်သလောက် အမြန်ဆုံး ပြန်လည်အားပြည့်လာဖို့ လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ဂရိကနေ ပြန်လာရတာနဲ့ ဘာနဲ့လေ”

“ကျွန်တော်တို့ကို တနင်္ဂနွေတို့၊ တနင်္လာတို့မှာမဟုတ်ဘဲ လာမယ့် စနေညမှာတင် ပွဲပြန်ကစားခိုင်းခဲ့တဲ့ ပရီးမီးယားလိဂ်ကို ကျေးဇူးအများကြီးတင်ပါတယ်။ ကျေးဇူးအရမ်းကိုတင်တာပါ” လို့ အရွဲ့တိုက်သွားခဲ့ပါတယ်။ မန်စီးတီးကစားသမားတွေဟာ ပြီးခဲ့တဲ့ရာသီမှာ ဖလားသုံးလုံးဆွတ်ခူးပြီးတဲ့နောက် အိုင်ဘီဇာအထိကို နေ့ချင်းပြန်သဘောမျိုး သွားရောက် သောင်းကျန်းခဲ့ကြပြီး ဒီအထဲမှာ ဂရီလစ်ရှ်ကတော့ အသောက်အစား အကြမ်းဆုံးဖြစ်ခဲ့ပါတယ်။ 

Share

က္က