ဇန်နဝါရီလမှ ကမ္ဘာ့ဈေးကွက်ထဲ ရောက်မှာပါ

ဒီဇင်ဘာရဲ့ နောက်ဆုံးနေ့များမှာ Honor ဟာ ထူးခြားတဲ့ ဖုန်းတစ်လုံးကို တရုတ်ဈေးကွက်မှာ အရင်ဆုံး မိတ်ဆက်သွားခဲ့ပြီ ဖြစ်ပါတယ်။

Photo: GSMArena



         Honor V20 ကို တစ်ချို့ဈေးကွက်တွေမှာ Honor View 20 နာမည်နဲ့ကြေငြာသွားဖို့ရှိပြီး display မှာ ဆယ်လ်ဖီကင်မရာပေါက်နဲ့လာတဲ့ တတိယမြောက် ဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။ in-display ဆယ်လ်ဖီကင်မရာ စနစ်ကြောင့် ဖုန်းရဲ့ ဒီဇိုင်းပိုင်းဟာ ထင်မထားလောက်အောင်ကို ပြောင်းလဲ သွားပြီး Honor series အနေနဲ့လေးစားလောက်တဲ့ မှန်ပြင်ပြည့် ဖုန်းတစ်လုံးကို ကြေငြာနိုင်ခဲ့တာပါ။

         တစ်ဘက်က ကြည့်ရင်လည်း ဒီဖုန်းဟာ ပြီးခဲ့တဲ့ အပတ်က ထွက်ခဲ့တဲ့ Huawei Nova 4 နဲ့တစ်ချို့specs တွေမှာ သိပ်မကွာပါဘူး။ သုံးသွားတဲ့ processor ပိုင်းမှာ Honor V20 က ပိုမြင့်လာသလို ဘက်ထရီအားသွင်းစနစ်ပိုင်းမှာ 22.5W SuperCharge လို နည်းပညာ ပါလာတာကလည်း ချီးကျူးစရာပါ။ ဒါ့အပြင် Honor V20 မှာ ပိုပြီး ထူးခြားတဲ့ နည်းပညာသစ်တွေ မြင်လာပါပြီ။

         ပထမပြောစရာတစ်ခုက Kirin 980 processor နဲ့အတူ ပါလာတဲ့ 3D ToF sensor ပါ။ လူတစ်ယောက်ကို ဓါတ်ပုံရိုက်မယ်ဆိုရင် ပကတိသုံးဖက်မြင် ကိုယ်ထည်ကို ပြနိုင်တဲ့ စနစ် ဖြစ်ပါတယ်။ နောက်ထပ် ထူးခြားတာကတော့ WiFi နဲ့4G မိုဘိုင်းလ်ဒေတာကို တပြိုင်နက်တည်း တွဲသုံးနိုင်တဲ့ Link Turbo ဆိုတဲ့ နည်းပညာပါဝင်လာတာ ဖြစ်ပါတယ်။ ဒီနည်းပညာကြောင့် အင်တာနက်သုံးလို့လိုင်းနှေးတာမျိုး အဖြစ်နည်းသွားမှာပါ။

         Honor V20 မှာ ပိုပြီးတိကျနီးစပ်တဲ့ GPS စနစ်ကို အထောက်အပံ့ပေးမယ့် dual-frequency GPS နည်းပညာနဲ့AI အခြေခံ GPS နည်းပညာ ပါရှိပါတယ်။ နောက်တစ်ခုက Huawei ရဲ့ desktop mode ပံ့ပိုးချက် ပါလို့PC တစ်လုံးလို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Honor V20 ရဲ့ အကောင်းဆုံး features တွေထဲက တစ်ခုက ကင်မရာတွေ ဖြစ်ပါတယ်။



         ကျောဘက်မှာ Sony IMX586 CMOS sensor ပါတဲ့ 48MP အကြီးစား ကင်မရာ နဲ့3D ToF sensor ပါရှိပါတယ်။ IMX586 sensor သုံး 48MP ကင်မရာဟာ ရုပ်ထွက်မြင့် ကင်မရာစနစ်အပြင် အလင်းအားနည်းတဲ့ အချိန်နဲ့နေရာမျိုးမှာ အရည်အသွေးမြင့် ဓါတ်ပုံ ရိုက်ကူးရေးအတွက် အဓိက ထုတ်ထားတာပါ။

         စိတ်ဝင်စားဖို့ကောင်းတာက low-light အနေအထားမှာ pixel လေးခုကို ၁ ခုတည်းအဖြစ် ပေါင်းစည်းပြီး ရိုက်ကူးသွားမှာ ဖြစ်လို့ညပိုင်း ရိုက်ချက်တွေမှာ 12MP 1.6 micron pixel ကင်မရာနဲ့ညီမျှတဲ့ ပုံတွေ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ကျောဘက်မှာပဲ fingerprint scanner တပ်ဆင်ထားပြီး ရှေ့ဘက်မှာတော့ 25MP ဆယ်လ်ဖီကင်မရာ ပါရှီပါတယ်။

         မျက်နှာပြင် ၆.၄ လက်မရှိတဲ့ Honor V20 ဟာ GPU Turbo 2.0 သစ်နဲ့ထွက်လာတာ ဖြစ်ပြီး အကြီးစား 4000 mAh ဘက်ထရီကို သုံးထားပါတယ်။ 22.5W SuperCharge နည်းပညာကြောင့် မိနစ် ၃၀ အတွင်း အား ၅၅% ဝင်မယ့် နည်းပညာလည်း ဖြစ်ပါတယ်။ ဆော့ဖ်ဝဲပိုင်းအရ တရုတ်မှာ Magic UI 2.0 အခြေခံထားတဲ့ Android Pie နဲ့ဖြန့်ချိထားပြီး ပြည်ပဈေးကွက်မှာ EMUI 9 နဲ့ထွက်လာမှာပါ။

Photo: phonearena

         Honor V20 ကို အနက် ၊ အနီနဲ့အပြာ ကာလာ ၃ မျိုး ၊ RAM 6GB/128GB storage ဗားရှင်း ၊ RAM 8GB/128GB ဗားရှင်း နဲ့RAM 8GB / 256GB storage ဗားရှင်းတွေနဲ့မိတ်ဆက်ထားပါတယ်။ အနိမ့်ဆုံးမော်ဒယ်ကို ၂၉၉၉ ယွမ် (မြန်မာငွေ ၆ သိန်း ၈ သောင်းခန့်) ၊ ဒုတိယအမျိုးအစားဗားရှင်းကို ၃၄၉၉ ယွမ် (မြန်မာငွေ ၇ သိန်း ၉ သောင်းခန့်) နဲ့အမြင့်ဆုံးမော်ဒယ်ကို ၃၉၉၉ ယွမ် (မြန်မာငွေ ၉ သိန်းကျော်) ဈေးနဲ့ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က