Fold ဆိုဒ်က Portable PC လို သုံးလို့ ကောင်းတယ်လို့ ပြောပါတယ်။

Microsoft တည်ထောင်သူ ဘီလ်ဂိတ်စ်ဟာ သူ့ရဲ့ နေ့စဉ်သုံးဖုန်းအဖြစ် Microsoft Surface Duo အစား Samsung ရဲ့ နောက်ဆုံးထွက် Foldable သုံးတယ်လို့ ဆိုပါတယ်။ 

ဒီတစ်ပတ် ကျင်းပတဲ့ Reddit AMA ပွဲမှာ ဂိတ်စ်က သူဟာ Samsung Galaxy Z Fold 3 ကိုပဲ ကိုင်နေတယ်လို့ ထုတ်ဖော်ပြောကြားလိုက်တာပါ။ အရင် ၂၀၁၇ လောက်ကတည်းက ဂိတ်စ်ဟာ အန်းဒရိုက်ထုတ်ကုန်သုံးတယ်လို့ ပြောထားလို့ သိပ်အံ့ဩစရာတော့ မရှိပါဘူး။ ဒါပေမယ့်လည်း သူတည်ထောင်ထားတဲ့ Microsoft ကုမ္ပဏီကနေ Android စနစ်သုံး Dual Screen ပါ Microsoft Surface Duo ထွက်ထားပေမယ့် မသုံးဘဲ Samsung Galaxy Z Fold 3 သုံးတာက စိတ်ဝင်စားစရာပါပဲ။





Galaxy Z Fold 3 ကို သုံးဖြစ်တာက Fold ရဲ့ ဆိုဒ်ဟာ သွားလေရာ သယ်သွားနိုင်တဲ့ PC တစ်လုံးလို အသုံးပြုနိုင်တာကြောင့်လို့ ဂိတ်စ်က ပြောပါတယ်။ "ကျွန်တော့မှာ Galaxy Z Fold 3 အန်းဒရိုက်တစ်လုံးလည်း ရှိပါတယ်။ မတူတာတွေ စမ်းနေပါတယ်။ အခု ကျွန်တော်သုံးနေတဲ့ ဖုန်း Screen က သွားလေရာ သယ်လို့ရတဲ့ PC နဲ့ ဖုန်းတစ်လုံးလိုမျိုးပါပဲ။ တခြားဘာမှ မရှိပါဘူး။" လို့ Reddit AMA ပွဲမှာ ဂိတ်စ်က ပြောခဲ့ပါတယ်။

Samsung နဲ့ Microsoft တို့ဟာ ကုမ္ပဏီထုတ်ကုန်တွေမှာ Windows စနစ်နဲ့ ထိထိရောက်ရောက် ပေါင်းစည်းနိုင်ရေးအတွက် ခိုင်မာတဲ့ ပူးပေါင်းမှုတွေ လုပ်ထားတာကြောင့် ဂိတ်စ်အနေနဲ့ Samsung ဖုန်း အသုံးပြုဖွယ် ရှိတယ်လို့လည်း 9to5 Google က ဖော်ပြပါတယ်။ Galaxy Z Fold 3 ဟာ အတွင်းခေါက် Foldable Display နဲ့လာပြီး သာမန်စမတ်ဖုန်းတစ်လုံးထက် ပိုပြီး အသုံးချနိုင်စွမ်း မြင့်မားပါတယ်။



တခြား Samsung High-End ဖုန်းတွေအတိုင်း Galaxy Z Fold 3 ဟာ Microsoft Suite တွေ တစ်ခါတည်း Pre-installed သွင်းထားတာ ဖြစ်လို့ MS Word ၊ Excel တို့ကို PC မှာလို အသုံးပြုနိုင် ၊ ကြည့်ရှုနိုင်မှာပါ။ Galaxy Z Fold 3 မှာ S Pen Stylus လည်း ထည့်ပေးထားလို့ Notes မှတ်တာ ၊ လက်ရေးကို Text ပြောင်းတာ ၊ အဝေးကနေ ဖုန်းကို Pen နဲ့ ထိန်းချုပ်တာတွေ လုပ်နိုင်မှာ ဖြစ်ပါတယ်။ 

OneUI စနစ်နဲ့လာတဲ့ Galaxy Z Fold 3 ဟာ ၇.၆ လက်မ Screen 2X AMOLED 120Hz Display နဲ့ လာပြီး HDR10+ နဲ့ 1200nit Brightness ပံ့ပိုးမှုတို့ ပါရှိပါတယ်။ အပြင်ကာဗာ Display အရွယ်အစားအနေနဲ့ ၆.၂ လက်မ 2X AMOLED 120Hz Display သုံးထားပါတယ်။ Snapdragon 888 5G Processor ၊ 12MP ကျောဘက်သုံးလုံးတွဲကင်မရာ ၊ အတွင်း Screen မှန်ပြင်အောက် 4MP Selfie နဲ့ အပြင်ကာဗာ 10MP Selfie ကင်မရာတို့လည်း ပါရှိပြီး ဒေါ်လာ ၁၈၀၀ ဈေးကနေ စတင် ရောင်းချခဲ့တာပါ။ 

Share

Loading Next Article...
က္က