ပရိသတ်တစ်ယောက်ချင်းစီတိုင်းကို အေသင်ချိုဆွေက Valentine’s Day စကားလက်ဆောင်ပါးခဲ့ပါတယ်။ သူမကတော့ သမီးလေး Ivy နဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်လျက်ရှိပါတယ်။
Photo: အေသင်ချိုဆွေ
အေသင်ချိုဆွေက သူချစ်ရတဲ့ ပရိသတ်တစ်ယောက်ချင်းစီတိုင်းကို ‘’ချစ်သူများနေ့’’ အမှတ်တရ စကားလက်ဆောင်တွေ ပြောပြထားပါတယ်။ချစ်ကြသူတိုင်း တစ်ယောက်နဲ့ တစ်ယောက် သက်ဆုံးတိုင် သစ္စာရှိရှိ လက်တွဲသွားဖို့ကိုလည်း မျှော်လင့်တယ်လို့ ဆိုပါတယ်။
‘’HAPPY VALENTINE’s DAY, အခုလို သစ္စာတရားတွေခေါင်းပါးပြီး၊ စနိုက်ဘာတွေပေါများ နေတဲ့ ခေတ်ကြီးထဲမှာမှ၊ တစ်ယောက်ကို တစ်ယောက်သစ္စာရှိပြီး၊ စစ်မှန်တဲ့ ချစ်ခြင်းတရား။ နက်ရှိုင်းတဲ့ မေတ္တာတရားတွေကို ပိုင်ဆိုင်ထားကြတဲ့ ချစ်သူစုံတွဲတိုင်း၊ ချစ်သူဘဝမှစပြီး သားသားမီးမီးတွေရတဲ့အထိ
မပြောင်းလဲတဲ့ အချစ်တွေနဲ့ တစ်ယောက်ကိုတစ်ယောက်ကိုသိပ်ချစ်ကြတဲ့ လင်မယားတိုင်းကို ပြောပါရစေ Happy Valentine’s day ပါနော်။ အချစ်တွေသက်ဆုံးတိုင်ခိုင်မြဲကြပါစေနော်။ ထိုနည်းတူစွာ ချစ်တတ်တဲ့ လူသားတစ်ယောက်ချင်းဆီတိုင်းကိုလည်း ပြောချင်ပါတယ် HAPPY VALENTINE’s DAY ပါလို့’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မနက် ၁၀ နာရီ မိနစ် ၅၀ က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးတင်ခဲ့ပါတယ်။
Photo: အေသင်ချိုဆွေ
အေသင်ချိုဆွေက အခုချိန်မှာ ချစ်ရတဲ့သမီးလေး Ivy နဲ့အတူ Single Mother တစ်ယောက်အနေနဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတာကို တွေ့ရပါတယ်။ Ivy လေးက အခုဆိုရင် အသက် နှစ်နှစ်နီးပါးရှိနေပါပြီ။ လည်လွန်းတတ်လွန်းတဲ့ ကလေးလေး ဖြစ်တာကြောင့်လည်း ပရိသတ်တွေက အချစ်ပိုလို့နေပါတယ်။
Photo: အေသင်ချိုဆွေ
အေသင်ချိုဆွေကို ‘’ပေါက်တဲ့အိုး’’ ဆိုတဲ့ တစ်ကိုယ်တော် အခွေ ကနေတဆင့် ပရိသတ်တွေ သိတင်သိရှိခဲ့တာပါ။ အဲဒီနောက် ‘’ အနီးဆုံးလူ’’ ဆိုတဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်ရှိခဲ့ပါတယ်။ သူမဟာ ဂီတအလုပ်တွေသာမက သရုပ်ဆောင် တစ်ယောက်အနေနဲ့ ဗီဒီယို ဇာတ်ကားတွေလည်း ရိုက်ကူးခဲ့ဖူးပါသေးတယ်။
Photo: အေသင်ချိုဆွေ
အေသင်ချိုဆွေက ဒုတိယမြောက် တစ်ကိုယ်တော်အခွေ ထွက်ပြီးသွားတဲ့နောက်မှာတော့ အနုပညာအလုပ်တွေနဲ့ ခဏတာ ဝေးကွာသွားခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၈ ခုနှစ်မှစပြီး ဂီတလောကထဲ ပြန်လည်ဝင်ရောက်လာတဲ့ အေသင်ချိုဆွေက ဇူလိုင်လ ၁၀ ရက်နေ့မှာ "အသည်းကွဲသီချင်း တွေမဆိုတော့ဘူး" ဆိုတဲ့ သီချင်းသစ်လေးကို ပရိသတ်လက်ထဲ အရောက်ပေးခဲ့ပါတယ်။ လက်ရှိမှာ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေ ပိုပြီးလုပ်သွားဖို့ ပြင်ဆင်နေပါတယ်။ သီချင်းအသစ်တွေ လုပ်နေတာကို တွေ့ရပါတယ်။