လက်ရှိအချစ်ရေးက။

လူငယ်အဆိုတော် ကောင်မလေး မိစန္ဒီက မကြာခင် ကျရောက်မယ့် ချစ်သူများနေ့ကို ဘယ်လိုဖြတ်သန်းသွားမလဲ ဆိုတာလေး ပြောပြထားတယ်နော်။

Photo : Alinn Yaung

အဆိုတော် မိစန္ဒီက စုံတွဲလေးတွေကို မြင်ရင် အားကျမိတယ်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီ(၁၄) ရက်နေ့မှာ ကျရောက်မယ့် ချစ်သူများနေ့မှာလည်း သူမဘာလုပ်မလဲဆိုတာ ယခုလို ပြောပြထားပါတယ်။

“မိစန္ဒီကတော့ Single ပါ။ အဲ့တော့ ဘာမှမလုပ်ပါဘူး။ အိမ်မှာနေမှာပါ။ချစ်သူများနေ့မှာ ဆင်တူဝတ်ကြတဲ့ စုံတွဲတိုင်းကို အားကျပါတယ်။ ချစ်စရာလေးတွေပေ့ါနော်။ မြင်ရတာ။ မိစန္ဒီတို့အရွယ်ကျတော့ ဆင်တူကြီးတွေ ဝတ်ပြီးလျှောက်သွားနေရင် ဘယ်လိုကြီးလဲမသိတော့ဘူး။ ငယ်ငယ်တုန်းကတော့ ဆင်တူဝတ်ပြီး လျှောက်သွားဖူးပါတယ်။ ကြီးလာတော့ အဲ့လိုကြီး မလုပ်ချင်ဘူး။ “ဆိုပြီး ဇန်နဝါရီ(၃၁) ရက်နေ့က ပြုလုပ်တဲ့ shake The World ပွဲမှာ မီဒီယာတွေကို ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

Photo : Alinn Yaung

မိစန္ဒီက လက်ရှိမှာ နယ်ရှိုးတွေ ဆက်တိုုက်သွားနေရပြီး သူမရဲ့ တစ်ကိုယ်တော်အခွေ အတွက် ပြင်ဆင်လျက်ရှိတယ်လို့ ဆိုပါတယ်။

“မိစန္ဒီက အခုလောလောဆယ်အခွေထွက်ဖို့ ကြိုးစားနေတယ်။ သီချင်းက လက်ရှိမှာအခွေက (၄၀) ရာခိုင်နှုန်းလောက် ပြီးသွားပြီ။ ပရိသတ်လက်ထဲကို မတ်လထဲအရောက်ပို့ပေးချင်တယ်။ ဒါပေမယ့် ကြားထဲမှာကလည်း လုပ်စရာတွေက များနေတော့ ထွက်မယ့်နေ့ကို သေသေချာချာမပြောတတ်ဘူး ဖြစ်နေတယ်။ အခွေကိုလည်း အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်ချင်တယ်။” လို့ သူမက ဆက်လက်ဖြေဆိုပေးထားပါတယ်။

Photo : Alinn Yaung

အဆိုတော် မိစန္ဒီဟာ ဂီတဘက်မှာလည်း ကြိုးစားနေသလို စီးပွားရေးဘက်မှာလည်း ကြိုးစားနေသူ ဖြစ်ပါတယ်။ MY Boo အမှတ်တံဆိပ်နဲ့ လူငယ်စတိုင် အဝတ်အထည်များကို အကန့်အသတ်များနဲ့ ရောင်းချလျက်ရှိပြီး စားသောက်ဆိုင်တစ်ခုကိုလည်း ကိုယ်တိုင်ဦးစီးပြီး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

လူငယ်တွေကြားထဲမှာ ရေပန်းစားအောင်မြင်နေတဲ့လူငယ်အဆိုတော်မလေး မိစန္ဒီဟာ မိုလိုပိုလီ၊ ပစ်တိုင်းထောင်၊ အသဲလေး စတဲ့ စီးရီးတွေကို ထွက်ရှိထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က