နှစ်‌‌‌‌ဦးစလုံး‌‌‌ သွေး‌အေး‌အေးနဲ့ ‌‌သေချာဆွေး‌နွေးပြီး‌ နောက်မှာ ဒီလိုဆုံးဖြတ်လိုက်တယ်လို့ဆိုပါတယ်။

ဖိလစ်ပိုင်နာမည်ကြီးအနုပညာရှင်တွေဖြစ်တဲ့ James နဲ့ Nadine တို့အတွဲဟာ ပြတ်ဆဲလိုက်ပြီဖြစ်ကြောင်း တီဗီ အစီအစဉ် တစ်ခုကနေ တရားဝင်ကြေညာခဲ့ပါတယ်။ 

၎င်းတို့နှစ်ဦးဟာ ABS-CBN Entertainment ရဲ့ Tonight with Boy Abunda အစီအစဉ်ကနေ ပြတ်စဲလိုက်တဲ့အကြောင်းကို ရေးသာကြေညာခဲ့တာဖြစ်ပါတယ်။ 

photo - ABS-CBN News on twitter

"နှစ်ဦးသား ပြတ်စဲလိုက်တာအမှန်ပါပဲ။ ဒါပေမယ့် ဆိုရှယ်မီဒီယာတွေမှာ ပျံ့နှံ့နေတဲ့ ‌ကောလာဟလ သတင်းတွေက ဖော်ပြနေကြသလိုမဟုတ်ပါဘူး။ ‌နှစ်ဦး‌‌စလုံး‌ အေး‌‌အေးဆေး‌ဆေးနဲ့ ‌သေချာတိုင်ပင်ပြီး‌နောက်မှာ‌တော့ ကိုယ့်အလုပ်ကိုဦးစား‌ပေးချင်တာရယ်၊ ကိုယ်တိုင်ရဲ့ ဘဝတိုးတက်ဖို့အတွက် ဦးစား‌‌ပေးချင်တာ‌ကြောင့် အခုလို ဆုံးဖြတ်လိုက်တာပါ။ နှစ်‌‌ယောက်လုံးက ငယ်လည်းငယ်သေးတာမို့ ‌တတ်နိုင်သလောက်အောင်မြင်အောင် ကြိုးစားချင်သေးတယ်" လို့ရေးသားထားပါတယ်။

အခုလို့ ပြတ်စဲလိုက်ကြပေမယ့်လည်း သူတို့နှစ်ဦးဟာ သူငယ်ချင်းတွေအဖြစ်ဆက်ရှိနေမှာဖြစ်ပြီး အနုပညာအလုပ်တွေလည်း အတူတူ ဆက်လုပ်ကိုင်နေဦးမှာလို့ ကြေညာချက်မှာ ထည့်သွင်းရေးသားထားပါတယ်။ 

photo - Viral Buzz Makers

James နဲ့ Nadine ဟာ ၂၀၁၃ခုနှစ်မှာ James ရဲ့ သီချင်းဗီဒီယိုရိုက်ကူးရေးမှာ စတင်တွေ့ခဲ့တာဖြစ်ပြီး ၂၀၁၄ခုနှစ်မှာတော့ သူတို့နှစ်ဦး အတူရိုက်ထားတဲ့ ရုပ်ရှင်ဟာ နာမည်ကြီး လူသိများခဲ့ပါတယ်။ 

သူတို့နှစ်ဦးဟာ ၂၀၁၆ ခုနှစ်မှာ On The Wings Of Love ဇာတ်လမ်းတွဲရိုက်ကူး‌‌နေစဉ် ချစ်သူတွေဖြစ်‌ခဲ့ကြောင်း တရားဝင်‌ကြေညာခဲ့ပါတယ်။ 

Jadine လို့ အသိများတဲ့ သူတို့အတွဲဟာ ဖိလစ်ပိုင်မှာသာမက ပြည်ပနိုင်ငံတော်တော်များများမှာပါ အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေ ရှိနေတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က