သရုပ်ဆောင် နန်းဆုရတီစိုးက ချစ်သူ G Fatt ဆုရတဲ့အတွက် အခုချိန်ထိကို ဝမ်းသာပီတီဖြစ်နေတုန်းပါပဲ။
Photo : အလင်းရောင်
သရုပ်ဆောင် နန်းဆုရတီစိုးက ချစ်သူ G Fatt အတွက် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ G Fatt ဟာ Shwe FM က ချီးမြှင့်တဲ့ Facebook Page ကနေ ပရိသတ် သီချင်းတောင်းဆိုမှု အများဆုံး ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ အဲ့အတွက် နန်းဆုရတီစိုးတစ်ယောက် ပျော်လို့မဆုံးဖြစ်နေပါတယ်။ G Fatt ဆုရတဲ့နေ့ကလည်း သူမရဲ့ ဖေ့စ်ဘွတ်မှာ ယခုလိုလေး ရေးသားထားပါသေးတယ်။
Photo : အလင်းရောင်
“အကယ်၍လက်ထပ်ကြတဲ့အခါ သီချင်းနဲ့ ရတဲ့ ပရိသတ်အတောင်းအများဆုံးဆု??? ပျော်လို့သေတော့မယ်” ဆိုပြီး ဒီဇင်ဘာ(၁၄) ရက်နေ့ညက ပြောထားပါတယ်။G Fatt ကလည်း ဒီသီချင်းဟာ နန်းဆုရတီစိုးဆီက ရတဲ့အကြောင်းအရာလေးကို သီချင်းအဖြစ် ဖန်တီးထားတာဖြစ်လို့ နန်းဆုကို ကျေးဇူးတင်ကြောင်း ပြောထားပါသေးတယ်။
နန်းဆုရတီစိုးကတော့ ဆုရတဲ့ နေ့ကစပြီး အခုထက်ထိ ပျော်မဆုံးဖြစ်လို့နေပါတယ်။ Shwe FM ပွဲနေ့က အတူတူရိုက်ထား တဲ့ ဓာတ်ပုံလေးတွေကို တင်ပြီး ကြည်နူးမဆုံးဖြစ်လို့နေတာပါ။ ဒီနေ့(ဒီဇင်ဘာ၁၆ရက်)မှာလည်း ပွဲနေ့က နှစ်ယောက်တွဲရိုက်ထားတဲ့ပုံလေးကို တင်ရင်း “Congratulations ကိုကြီး “ ဆိုပြီး ပြောထားပါတယ်။
Photo : အလင်းရောင်
အဆိုတော် G Fatt နဲ့ နန်းဆုရတီစိုးတို့ရဲ့ အချစ်ရေးက လက်ရှိမှာ သာသာယာယာပါပဲ။ နားလည်မှုတွေနဲ့တည်ဆောက်ထားတဲ့ သူတို့ရဲ့ အချစ်ရေးလေးက ပရိသတ်တွေအားကျရတဲ့ အချစ်ရေးလေးတစ်ခုဖြစ်ခဲ့ပါတယ်။
အချစ်နဲ့ ပတ်သက်လာရင်တော့ G Fatt က လူကောင်းတစ်ယောက်လည်း မဟုတ်သလိလု လူဆိုးတစ်ယောက်လည်း မဟုတ်ဘူးလို့ မီဒီယာတွေကို ဖြေဆိုဖူးပါတယ်။
Photo : နန်းဆုရတီစိုး FB
“အချိန်တိုင်းမှာ လူကောင်းဆိုတာတော့မရှိပါဘူးခင်ဗျာ၊ အချိန်တိုင်းမှာလည်း လူဆိုးဆိုတာတော့မရှိပါဘူး။ ကျွန်တော်ထင်တာကတော့ ကျွန်တော်ကလည်း ကောင်းလိုက်ဆိုးလိုက်ပါပဲ။ ပြဿနာတစ်ခုမှာ ဆုံးဖြတ်တာ ကောင်းသွားပေမယ့် နောက်ပြဿနာတစ်ခုမှာ ကျွန်တော်က လူဆိုးဖြစ်ရင် ဖြစ်သွားနိုင်တာပဲ။” လို့ သူက ဆိုပါတယ်။
Photo : နန်းဆုရတီစိုး FB
နန်းဆုရတီစိုးရဲ့ အချစ်ရေးကို ၂၀၁၇ခုနှစ် စက်တင်ဘာ(၂၅) ရက်က ထွက်ရှိထားတဲ့ ရူးအောင်ချစ်ရသူ သီချင်းနဲ့ ဆက်စပ်ပြီး ပရိသတ်တွေ စိတ်ဝင်စားခဲ့တာဖြစ်ပါတယ်။ နန်းဆုရတီစိုးက လက်ရှိမှာ သီချင်းများ ဖန်တီးနေပြီး သီချင်းခွေအသစ်ထွက်ဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။ သူ့ရဲ့ ချစ်သူ G Fatt ကလည်း ဂီတလောကထဲမှာ လူငယ်ကောင်မလေးတွေရဲ့ အားပေးမှု အခိုင်အမာရရှိထားသူ တစ်ဦးဖြစ်ပါတယ်။