ဆမ်ဒိုးရီးယားနဲ့ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

ရိုးမားနည်းပြ မော်ရင်ဟိုက ခက်ထန်ကြမ်းတမ်းတဲ့နေရာမှာ နာမည်ကြီးတဲ့ သတင်းထောက်ကို ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဒဲ့တိုးဝေဖန်ပြောကြားလိုက်ပါတယ်။ ရိုးမားဟာ ဒီကနေ့ညမှာ စီးရီးအေအဝေးကွင်းပွဲအဖြစ် ဆမ်ဒိုရီးယားနဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။



ဒီပွဲမတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ မော်ရင်ဟိုက ပွဲတက်လာတဲ့ သတင်းထောက်တယောက်ကို အခုလိုမျိုးပဲ တော်ကီလွှတ်ပြီး ထိုးနှက်ခဲ့တာပါ။ မော်ရင်ဟိုက “ကျနော့်အနေနဲ့ ခင်ဗျားဆီက ရန်လိုတဲ့၊ မကောင်းတဲ့၊ ရုန့်ရင်းကြမ်းတမ်းတဲ့ မေးခွန်းတွေကို မျှော်လင့်ထားတာလေဗျာ”

“မနေ့က ရေဒီယိုမှာ ခင်ဗျားအကြောင်းတွေကို ကျနော် နားထောင်ရပါတယ်။ ဒါပေမယ့် ခင်ဗျား ဒီကိုလည်းရောက်ရော ကြည့်ပါဦးဗျာ။ ခင်ဗျားက ကျနော့်ရှေ့မှာကျတော့ ကိုယ့်ကိုယ်ကိုယ် သောက်တလွဲကောင်လို့ လုပ်နေပါလား။ ခင်ဗျားဆီက မေးခွန်းက ဒီလောက်လွယ်ကူမယ်လို့ ကျနော်မမျှော်လင့်ထားဘူးနော်” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။

မော်ရင်ဟိုဟာ အပတ်စဥ်အပတ်တိုင်း ပွဲကြိုသတင်းစာရှင်းလင်းပွဲတွေမှာ သူ့ရဲ့ ပြောင်မြောက်တဲ့ တော်ကီတပေါက်နဲ့ ပရိသတ်တွေကို ဖျော်ဖြေနေဆဲဖြစ်ပါတယ်။ မော်ရင်ဟိုရဲ့ ရိုးမားက နောက်ဆုံး ကစားထားတဲ့ စီးရီးအေပွဲစဥ် ရောမဒါဘီမှာ လာဇီယိုကို သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ရိုးမားဟာ ပြိုင်ပွဲစုံ နောက်ဆုံးငါးပွဲဆက်တိုက်မှာ ရှုံးပွဲလုံးဝမရှိထားတဲ့ အသင်းတသင်းပါ။ ဒါပေမယ့် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်တော့ မျှော်လင့်ချက်နည်းပါးနေပြီး ယူရိုပါလိဂ်ဝင်ခွင့်အတွက်သာ ဦးစားပေးယှဥ်ပြိုင်ရမှာဖြစ်ပါတယ်။

လာမယ့်ကြားရက်မှာ ရိုးမားက ယူရိုပါကွန်ဖရင့်လိဂ်ပွဲစဥ် ကွာတားဖိုင်နယ်အဖြစ် အုပ်စုမှာ ထိပ်တိုက်တွေ့ခဲ့ဖူးတဲ့ ဘိုဒိုဂလင့်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ရိုးမားဟာ အုပ်စုတွင်းမှာ ဒီအသင်းနဲ့ ထိပ်တိုက်တွေ့ခဲ့တုန်းက တပွဲသရေ၊ တပွဲရှုံးခဲ့ပြီး ရှုံးခဲ့တဲ့ပွဲမှာလည်း ၆-၁ ဂိုးနဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က