နာပိုလီနောက်ခံလူ ကင်မင်ဂျေးဟာ အပြောင်းအရွှေ့စျေးကွက်ဖွင့်ချိန်မှာ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ဖို့အတွက် အသင့်ဖြစ်နေပြီလို့ အီတလီသတင်းဌာနအများအပြားက ဖော်ပြခဲ့ပါတယ်။ နာပိုလီနောက်ခံလူဟာ ဒီရာသီမှာ အသင်းကို အမှတ်ပေးဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ထူးရှယ်ခြေစွမ်းပြခဲ့တဲ့ နောက်ခံလူဖြစ်ကာ မာတီနက်ဇ်နဲ့ တွဲဖက်ပေးဖို့ ယူနိုက်တက်နည်းပြ တန်ဟက်ဂျ်က မျက်စိကျနေတာပါ။
တောင်ကိုရီးယားနောက်ခံလူဟာ နာပိုလီနဲ့ ယူရို ၅၈ သန်းတန်ကြေးရှိတဲ့ စာချုပ်ကို ချုပ်ဆိုထားသူဖြစ်ပါတယ်။ နာပိုလီကတော့ သူတို့ကစားသမားအတွက် ယူရိုသန်း ၁၀၀ လောက်အထိ အလိုရှိနေပေမယ့်လည်း ယူနိုက်တက်က ကစားသမားနဲ့ သဘောတူညီမှုရရှိမယ်ဆိုရင် စာချုပ်ဖျက်သိမ်းကြေးပေးချေကာ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။
နာပိုလီကလည်း အတ္တလန္တာနောက်ခံလူ စကယ်ဗီနီကို ကင်မင်ဂျေးနေရာအစားထိုးဖို့အတွက် စောငာ့်ကြည့်နေပြီး ကင်မင်ဂျေးကို ရောင်းချလို့ရရှိတဲ့ ငွေကြေးထဲကနေ သုံးစွဲသွားမယ်လို့ ဆိုပါတယ်။ ကင်မင်ဂျေးဟာ တရုတ်စူပါလိဂ်မှာ ကစားနေရင်းနဲ့ ဖီနာဘာချီကို ရောက်ရှိခဲ့ပြီးနောက် ခြေစွမ်းကောင်းပြသနိုင်ခဲ့လို့ နာပိုလီက ယူရို ၁၀ သန်းပေးကာ ခေါ်ယူခဲ့ပြီး ပွဲဦးထွက်ရာသီမှာပဲ အစွမ်းပြခဲ့တာပါ။
ပျမ်းမျှအားဖြင့် တပွဲကို ဖျက်ထုတ်မှု ၁.၆ ကြိမ်၊ ရှင်းထုတ်မှု ၃.၆ ကြိမ်အထိ ကင်မင်ဂျေးက ပြုလုပ်နိုင်ခဲ့ပြီး အမြင့်ဘောဖျက်ထုတ်ပုံလည်း ကောင်းမွန်သူဖြစ်ပါတယ်။ ယူနိုက်တက်ဟာ မက်ဂွိုင်းယားကိုလည်း ရောင်းထုတ်ဖို့အတွက် စီစဉ်နေပြီး လာမယ့်ရာသီခံစစ်ပိုင်းအတွက် ဗာရန်း၊ မာတီနက်ဇ်နဲ့ ကင်မင်ဂျေးတို့ကို အဓိကထား အသုံးပြုဖွယ်ရာ ရှိနေပါတယ်။