ကျန်းမာရေးကောင်းတယ်လို့ သိရပါတယ်။

လက်ရှိမှာ Quarantine ဝင်နေပြီး ဆေးစစ်မှု ခံယူနေရတယ်လို့ သိရပါတယ်။

 

Photo : သီရိရှင်းသန့်



အဆိုတော် သီရိရှင်းသန့်ဟာ Covid -19 ရောဂါပိုးတွေ့ရှိခဲ့သူ ခရစ်ယာန်တရားဟောဆရာ စော‌ဒေးဗစ်လားနဲ့ ထိတွေ့မှု ရှိခဲ့တာကြောင့် Quarantine ဝင်နေပြီး ဆေးစစ်မှု ခံယူနေရတယ်လို့ သိရပါတယ်။ သီရိရှင်းသန့်အပြင် သူမရဲ့ မောင်ဖြစ်သူပါ Quarantine ဝင်နေရတာပါ။

“မနေ့က ဆေးစစ်တယ် လောလောဆယ် ဆေးအဖြေမရခင် လမ်းမတော်မှာ သူတို့ကို ထားထားတယ်။ လမ်းမတော်မှာ အဆင်မပြေလို့ မင်္ဂလာဒုံမြို့နယ်က ရဝေနွယ် (အင်းမ)ကျောင်းမှာ သွားနေတယ်လို့ သိရပါတယ်။ လောလောဆယ် အဖြေစောင့်နေပါတယ်။ သူတို့က ဆရာဒေးဗစ်လားတို့နဲ့ထိတွေ့မှုရှိတာကြောင့်ပါ “ လို့ အလုံမြို့နယ်ကတာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။





Photo : သီရိရှင်းသန့်

အဆိုတော် သီသိရှင်းသန့်ဟာ ဘာသာရေးပွဲတွေ တော်တော်များများကို တက်ရောက်ခဲ့သူတစ်ဦး ဖြစ်ပြီး တရားဟော ဆရာစောဒေးဗစ်လား၊အဆိုတော်မျိုးကြီး၊ဂျေမီတို့နဲ့ ရင်းနှီးသူလည်း ဖြစ်ပါတယ်။

လက်ရှိမှာ လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာပေါ်တွင် အဆိုတော် သီရိရှင်းသန့်မှာ Covid -19 ရောဂါပိုးတွေ့ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် မဟုတ်မှန်ကြောင်းကို အလုံမြို့နယ်ကတာဝန် ရှိသူတစ်ဦးက အတည်ပြုပေးခဲ့ပါတယ်။

လတ်တလောမှာထွက်ပေါ်နေတဲ့သတင်းတွေနဲ့ ပတ်သက်ပြီး အဆိုတော် သီရိရှင်းသန့်က သူမရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ပြောထားပါသေးတယ်။

"သီရိ ကိုယ့်သဘောနဲ့ကိုယ် Covid 19 စစ်ဆေးမှုခံယူထားပါတယ် ... ဒီနေ့ညအဖြေ သိရမှာပါ ..... ခုလက်ရှိနေကောင်းကျန်းမာနေတဲ့တွက် အားလုံးစိတ်မပူကြပါနဲ့ .... Facebook မှာတက်နေတဲ့ ဘာသတင်းမှ မယုံကြပါနဲ့ ... သီရိ နဲ့ ညီမတွေ positive ဖြစ်နေပြီ ဆိုတဲ့သတင်း လုံးဝ လုံးဝ မဟုတ်ပါဘူး ... သူတို့နဲ့ထိတွေ့မှုမရှိသလို အတူတူလဲမနေပါဘူး ... အားလုံးနေကောင်းကျန်းမာလျက်ပါ ..... စိတ်ပူပေးကြတဲ့ အယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင့် ." ဆိုပြီး ဧပြီ(၁၅) ရက်နေ့လည် (၁)နာရီလောက် ပြောထားတာပါ။

Result သိရရင် သီရိကိုယ်တိုင် ဒီအကောင့်မှာ တင်ပေးမှာပါရှင့် .... ကျေးဇူးတင်ပါတယ် .... အားလုံး ဂရုစိုက်ကြပါနော်

“လက်ရှိမှာ ဆေးစစ်ထားတုန်းပါ။ဆေးစစ်ချက်အဖြေကို စောင့်နေပါတယ်”လို့ သူက ဆိုပါတယ်။ မြန်မာနိုင်ငံမှာတော့ COVID-19 ရောဂါပိုးရှိသူ ၇၄ဦးထိ ရှိလာခဲ့ပြီ ဖြစ်ပြီး သေဆုံးသူက ၄ဦးနဲ့ ရောဂါပိုး ပြန်လည် ပျောက်ကင်းသွားသူကတော့ ၂ဦးရှိပါပြီ။

 


ဆက်စပ်အကြောင်းအရာများ

Share

က္က