ဆွစ်ဇာလန်နိုင်ငံအရှေ့ပိုင်း တောင်တန်းတစ်ခုပေါ်ကို ဒုတိယကမ္ဘာစစ်ခေတ် လေယာဉ်တစ်စီး ပျက်ကျခဲ့မှုအတွင်း လိုက်ပါလာသူအားလုံး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
Photo: Reuters
JU-Air လေကြောင်းလိုင်းကုမ္ပဏီက ယခုဖြစ်ရပ်အတွက် ဝမ်းနည်းကြောင်းပြောခဲ့ပြီး သေဆုံးခဲ့သူတွေရဲ့ ဆွေမျိုးသားချင်းတွေအတွက် အကူအညီပေးရန် ဆက်သွယ်ရေးဖုန်းလိုင်း စီစဉ်ခဲ့တယ်လို့ ဆိုပါတယ်။
Photo: AP
လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို မသိရသေးပါဘူး။ လေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်တွေဟာ ဆွစ်ဇာလန်တောင်ပိုင်း နယ်စပ်ဒေသရှိ Locarno မြို့ကနေ ဇူးရစ်မြို့ကို ပြန်လာကြသူတွေ ဖြစ်ပါတယ်။
ပျက်ကျခဲ့သည့် လေယာဉ်အမျိုးအစား (Photo: JU-Air)
"လေယာဉ်ပျက်ကျတဲ့ နေရာမှာတွေ့ရတဲ့ အခြေအနေအရ ကျွန်တော်တို့ ပြောနိုင်တာကတော့ လေယာဉ်က လျင်မြန်တဲ့အရှိန်နဲ့ မြေပြင်ကို ဦးစိုက်ထိုးကျလာခဲ့ပုံရပါတယ်" လို့ ဆွစ်ဇာလန် သယ်ယူပို့ဆောင်ရေးဆိုင်ရာ ဘေးကင်းလုံခြုံရေးဘုတ်အဖွဲ့ (Swiss Transportation Safety Investigation Board) မှ Daniel Knecht က ပြောပါတယ်။
Photo: AFP/Getty Images
လေယာဉ်ပျက်ကျစဉ် တောင်ပေါ်မှာရှိနေခဲ့တဲ့ မျက်မြင်တစ်ဦးရဲ့ အဆိုအရ လေယာဉ်ဟာ တောင်ဘက်ကို ၁၈၀ ဒီဂရီ လည်သွားခဲ့ပြီးနောက် မြေပြင်ကို ကျောက်ခဲ့တစ်တုံးကဲ့သို့ ပြုတ်ကျလာခဲ့တယ်လို့ သိရပါတယ်။
လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးခဲ့သူတွေဟာ အမျိုးသား ၁၁ ဦးနဲ့ အမျိုးသမီး ၉ ဦး ဖြစ်ကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရ အမျိုးသမီး Anita Senti က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
လေယာဉ်ပျက်ကျခဲ့သည့် ဆွစ်ဇာလန်တောင်တန်း (Photo: EPA)
လေယာဉ်ပိုင်ရှင် JU-Air လေကြောင်းလိုင်းက ဂျာမနီနိုင်ငံထုတ် ဒုတိယကမ္ဘာစစ်ခေတ် လေယာဉ်များဖြင့် ဇူးရစ်မြို့အနီး Dübendorf စစ်ဘက်လေယာဉ်ကွင်းကနေ ရှုခင်းကြည့် လေကြောင်းခရီးစဉ်များ စီစဉ်ပျံသန်းနေပါတယ်။
လေယာဉ်ပျက်ကျမှု နှစ်ကြိမ်ဖြစ်ခဲ့သည့် နေရာပြမြေပုံ (Map: Daily Mail)
သြဂုတ် ၄ ရက် အစောပိုင်းကလည်း ဆွစ်ဇာလန်အလယ်ပိုင်းဒေသမှာ လေယာဉ်ငယ်တစ်စီး ပျက်ကျခဲ့ရာ မိဘနှစ်ဦးနဲ့ ကလေးငယ်နှစ်ဦး သေဆုံးခဲ့ပါတယ်။ အဆိုပါ လေယာဉ်ပျက်ကျမှု အကြောင်းရင်းကိုလည်း စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရပါတယ်။
Share