ဒီနေ့(ဇွန်လ ၁၀) ရက်နေ့ကတေော့ ကြည်လဲ့လဲ့ဦးရဲ့ မွေးနေ့ဖြစ်ပါတယ်။

ကြည်လဲ့လဲ့ဦး အတွက် ခင်ပွန်းဖြစ်သူ ဇာနည်က မွေးနေ့ Surprise လုပ်ခဲ့တာကို တွေ့ရပါတယ်။ သူတို့ ဇနီးမောင်နှံက အိမ်ထောင်သက် ၁၅ နှစ်ရှိပါပြီ။ အခုဆိုရင် ပျော်ရွှင်တဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။

Photo: Zarni

ဇွန်လ ၁၀ ရက်နေ့ကတော့ သရုပ်ဆောင် ကြည်လဲ့လဲ့ဦးရဲ့ မွေးနေ့ဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့ မတိုင်ခင်မှာလည်း ခင်ပွန်းဖြစ်တဲ့ သရုပ်ဆောင် ဇာနည်က အနုပညာညီအစ်ကိုတွေနဲ့အတူ မွေးနေ့ Surprise လုပ်ခဲ့တာကို တွေ့ရပါတယ်။

‘’ Happy Birthday မိန်းမရေ။  လိုအင်ဆန္ဓတွေအားလုံးပြည့်ဝပါစေမထင်မှတ်ပဲ မနေ့ကဘောလုံးကွင်းမှာမွေးနေ့အကြို surprise လုပ်ပေးတဲ့ ညီလေး Kyaw Naing Oo နဲ့  ActorStarFc မိသားစုဝင်အားလုံး အမရဲ့ကိုယ်စားကျေးဇူးပါ’’ ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ၁၀ ရက်နေ့ မနက် ၇ နာရီကျော်က ဇာနည်ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ အမှတ်တရ ဓာတ်ပုံတွေကိုလည်း တင်ခဲ့တဲ့ အချိန်မှာတော့ ကြည်လဲ့လဲ့ဦးက အရမ်းကို ပျော်ရွှင်နေတာ တွေ့ရပါတယ်။

Photo: Zarni

သရုပ်ဆောင် ဇာနည်နဲ့ ကြည်လဲ့လဲ့ဦးတို့ဟာ ၂၀၀၄ ခုနှစ် မေလ ၂၂ ရက်နေ့က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ အခုဆိုရင်တော့ အိမ်ထောင်သက် ၁၅ နှစ်ရှိပြီဖြစ်ပါတယ်။ ဒီ ၁၅ နှစ်အတွင်းမှာလည်း သား ၂ ယောက်၊ သမီး ၁ ယောက် ထွန်းကားခဲ့ပါတယ်။ အခုလက်ရှိမှာတော့ သူတို့ ဇနီးမောင်နှံနှစ်ယောက်စလုံးက အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တော့ပါဘူး။ ကိုယ်ပိုင်စီးပွားရေးကိုပဲ ဦးဆောင်နေကြသူတွေ ဖြစ်ပါတယ်။

Photo: ZarNi

ကြည်လဲ့လဲ့ဦး နဲ့ ဇာနည်တို့ ဇနီးမောင်နှံ နှစ်ယောက်ဟာ တစ်ခေတ်တစ်ခါက အောင်မြင်မှုတွေရရှိခဲ့ကြတဲ့ သရုပ်ဆောင်တွေ ဖြစ်ပါတယ်။ ဇာနည် ကိုတော့ VCD သီချင်းတွေမှာ ပါဝင်သရုပ်ဆောင်ထားတာကနေစပြီး ပရိသတ်တွေ သိရှိခဲ့ကြတာပါ။ အဲဒီနောက် ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားတွေလည်း ရိုက်ကူးထားတာ တွေ့ရပါတယ်။

ကြည်လဲ့လဲ့ဦးကိုတော့ အဆိုတော်စိုင်းထီးဆိုင် ရဲ့ သီချင်းအခွေလေးတွေမှာ အများဆုံး ပါဝင်သရုပ်ဆောင်လျှက်ရှိတာကို ပရိသတ်တွေ သတိထားမိမှာပါ။ သူမဟာ ဗီဒီယိုဇာတ်ကားတွေ၊ ရုပ်ရှင်ဇာတ်ကားတွေ၊ တီဗီကြော်ငြာတွေ အများကြီးကိုလည်း ရိုက်ကူးခဲ့ဖူးတဲ့ မင်းသမီး တစ်ယောက်ဖြစ်ပါတယ်။ နှုတ်ခမ်းဖူးဖူးလေးနဲ့ ချစ်စရာကောင်းတဲ့ ခန္ဓာကိုယ်၊ ဆံပင်တိုတိုလေးတွေ အမြဲထားတတ်သူလည်းဖြစ်ပါတယ်။

Share

က္က