ကျန်းမာရေးမကောင်းတဲ့ကြားက ဆုတောင်းပေးခဲ့တာတဲ့။

ကောင်းခန့်ရဲ့ ဇနီး ရူပါဟာ ဇူလိုင်လ ၅ ရက်နေ့က အသက် ၂၉ နှစ်ပြည့်သွားပါပြီ။ ချစ်ဇနီးမွေးနေ့မှာ နေမကောင်းဖြစ်လို့ ဆေးရုံတက်၊ ဆေးချိတ်၊ ဆေးသွင်းနေရတဲ့ ကောင်းခန့်ဟာ မွေးနေ့ဆုတောင်းပေးတာလည်း နောက်ကျခဲ့ပါတယ်။ သူ့အနေနဲ့ သမီးလေး ကြာဖြူကောင်းခန့် အပြင် နောက်ထပ်သားသမီးတွေလည်း ထပ်ယူဦးမယ်လို့ပြောပါတယ်။


Photp: Kaung Khant Fb

 

သရုပ်ဆောင်ကောင်းခန့်တစ်ယောက် သူ့ရဲ့ ချစ်လှစွာသော ဇနီးချောလေးရဲ့ မွေးနေ့မှာ ကျန်းမာရေးမကောင်းလို့ ဆေးရုံသွား၊ ဆေးသွင်း၊ ဆေးချိတ်တာတွေ လုပ်နေရတယ်လို့ ဆိုပါတယ်။ နေမကောင်းဖြစ်နေတာကြောင့်လည်း ဇနီးချောလေးကို မွေးနေ့ဆုတောင်းပေးဖို့ နောက်ကျ သွားခဲ့တယ်လို့ ဆိုပါတယ်။

''မနေ့က နေမကောင်းလို့ ဆေးရုံ ရောက်သွားတယ် ညပိုင်း အိမ်မှာ ဆေးသွင်း ဆေးချိတ် နဲ့ မိန်းမက ညရော နေ့ပါ ပြုစုပေးနေရတယ်။ ဒီနေ့ မနက်ကြ တော့လဲ ဆေးရုံပြန်သွားရ လူကလဲ နလန်မထူသေးတော့ ချစ်မိန်းမ မွေးနေ့ ဆုတောင်းပေးဖို့ နောက်ကျသွားပြန်ရော'' ဆိုပြီးတော့ ဇူလိုင်လ ၅ ရက်နေ့ ညနေ ၆ နာရီ ၅၇ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photp: Kaung Khant Fb

သမီးလေးမွေးမှ သမီးဆိုတဲ့ အခေါ်အဝေါ်ကို စခေါ်ဖြစ်တယ်ဆိုတဲ့ ကောင်းခန့် 

ဇူလိုင်လ ၅ ရက်နေ့ကတော့ သရုပ်ဆောင်ကောင်းခန့်ရဲ့ ဇနီး ရူပါရဲ့ အသက် ၂၉ နှစ်ပြည့် မွေးနေ့ဖြစ်တယ်လို့ ဆိုပါတယ်။ ချစ်သူနှစ်ယောက် စတွေ့ချိန်ကစပြီး ဒီနေ့အချိန်ထိ ဘဝမှာ အတူတူ ဖြတ်သန်းခဲ့တာ ၁၃ နှစ်ပြည့်ပြီလို့လည်း ကောင်းခန့်က ပြောပါတယ်။

''စတွေ့တုန်းက ချစ်မိန်းမ က ၁၆နှစ် အခု ဒီနေ့ ၂၉နှစ်ပြည့်ပြီကိုယ်နဲ့ အတူတူ ဖြတ်သန်းခဲ့တာ ၁၃ နှစ် ပြည့်ခဲ့ပြီ ဒီ၁၃နှစ်လုံး ကိုယ့်အပေါ် အမြဲ အနစ်နာခံခဲ့တယ် နားလည်ပေးတယ် သည်းခံခဲ့တယ်'' ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ထပ်မံရေးသားခဲ့တာဖြစ်ပါတယ်။ သူတို့ နှစ်ဦးဟာအခုဆိုရင် ကြာဖြူကောင်းခန့် ဆိုတဲ့ ချစ်စရာသမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပါပြီ။

Photp: Kaung Khant Fb

 

ကောင်းခန့်ဟာ သူ့ရဲ့ ချစ်ဇနီးအတွက် နောင်နှစ်ပေါင်းများစွာတိုင် ဒီခင်ပွန်း၊ ဒီသမီး နောက်ထပ် သားသမီးတွေနဲ့ အတူ အသက်ရှည်ကျန်းမာ စွာနေထိုင်နိုင်ဖို့လည်း မွေးနေ့ ဆုတောင်းစကားဆိုခဲ့ပါသေးတယ်။ သမီးလေး ကြာဖြူကောင်းခန့် အပြင် နောက်ထပ်သားသမီးတွေလည်း ထပ်ယူဦးမယ်လို့ ဆိုပါတယ်။

'သမီးလေး မကြာဖြူကောင်းခန့် လဲ ကိုယ်တို့နှစ်ယောက်ရဲ့ ဘဝလေးထဲ ရောက်လာပြီ နောက်သားသမီးတွေလဲ လာအုံးမယ်။ အဲ့တော့ ချစ်မိန်းမ ယနေ့ မွေးနေ့မှ စလို့ နောက်နှစ်ပေါင်းများစွာတိုင် ဒီလင် ဒီသမီး အနာဂတ်သားသမီးများနှင့်အတူ သက်ရှည်ကျန်းမာ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေလို့ မွေးနေ့ဆုတောင်းလိုက်ပါတယ်'' ဆိုပြီးတော့ မွေးနေ့ဆုတောင်းလေးကို အခုလိုရေးသားခဲ့ပါတယ်။

ကောင်းခန့်နဲ့ ရူပါ တို့ဟာ ချစ်သူသက်တမ်း ၁၀ နှစ်အကြာမှာ လက်ထပ်ထိမ်းမြားခဲ့ကြတာဖြစ်ပါတယ်။ သူတို့ ဇနီးမောင်နှံရဲ့ မင်္ဂလာလက်မှတ် ရေးထိုးပွဲ နဲ့ စုလျားရစ်ပတ်ထိမ်းမြားမင်္ဂလာပွဲကို ကို ၂၀၁၆ ခုနှစ် ဇူလိုင်လ(၁၇)ရက်နေ့ နိုဗိုတယ်ဟိုတယ်မှာ ကျင်းပခဲ့ပြီး မင်္ဂလာဦး ဆွမ်းကျွေး အလှူကို  ဇူလိုင်လ(၁၉)ရက်နေ့က မုဒုံမြို့နယ် ဝင်းစိန်တောရကျောင်းတိုက်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က