ဇနီးချောလေးရဲ့ စိတ်တိုင်းကျ ဂျပန်ကို အမြန်ဆုံးရောက်အောင် ပို့ပေးဖြစ်ခဲ့တဲ့အကြောင်း ရွှေထူးက ပြောပြလာပါတယ်။ ဒီခရီးစဉ်က အတွေ့အကြုံတွေကိုလည်း ရွှေထူးက ပြောပြခဲ့ပါသေးတယ်။
Photo: Shwe Mhone Yati
ရွှေထူးက ဇနီးချောလေးသဘောကျ ဂျပန်ကို အမြန်ဆုံး ပို့ပေးဖြစ်ခဲ့တဲ့အကြောင်း ပြောပြခဲ့ပါတယ်။ Visa လျှောက်ပြီး ၂ ပတ်အကြာမှ ခရီးထွက်ဖြစ်တာပါလို့ မီဒီယာ အင်တာဗျူးတွေကနေတဆင့် သူက ပြောပါတယ်။
‘’ သူ Facebook ပွတ်နေရင်းနဲ့ ဆာကူရာပန်းလေးတွေတဲ့ ယောကျ်ားရေ သွားကြည့်ချင်တယ်တဲ့။ သူလည်း မရောက်ဖူးဘူးဆိုတာနဲ့ သွားကြည့်ချင်တယ်ဆိုတော့ ကျွန်တော်လည်း Visa ရုံးသွားလျှောက်ပြီး ၂ ပတ်လောက်ကြာတော့ သွားဖြစ်သွားတာပါ’’ လို့ သူကဆိုပါတယ်။
photo: Shwe Mhone Yati
အဲဒီနောက် ဂျပန်နိုင်ငံမှာ ကြုံတွေ့ခဲ့ရတဲ့ သူတို့ ဇနီးမောင်နှံရဲ့ အတွေ့အကြုံတွေကို ရွှေထူးက ပြောပြခဲ့ပါသေးတယ်။ ဓာတ်ပုံရိုက်တာ ဝါသနာကြီးလွန်းတဲ့ ဇနီးချော ရွှေမှုံရတီအတွက်တော့ ရွှေထူးက ဓာတ်ပုံဆရာ ဖြစ်ခဲ့ပါတယ်တဲ့။
‘’ သွားတာကတော့ ကျွန်တော် ဓာတ်ပုံရိုက်တာထက် ကျွန်တော်ပဲ သူ့ကို ဓာတ်ပုံရိုက်ပေးဖြစ်တာများတယ်ပေါ့နော်။ ပန်းတွေနဲ့ကျတော့ ယောကျ်ားက တက်တူးတွေနဲ့ကျတော့ ကြည့်လို့မကောင်းဘူးလေ။ သူ့ကိုပဲ ဓာတ်ပုံရိုက်ပေးတာများပါတယ်။ ပြီးတော့ အတွေ့အကြုံအသစ်တွေလည်း အများကြီးရပါတယ်။ ဘာတွေလည်းဆိုတော့ ကျွန်တော်တို့ ငယ်ငယ်တုန်းက သိခဲ့ရတဲ့ ဂျပန်တွေက အရမ်းကြမ်းတယ်ပေါ့နော်။ အခုတော့ အရမ်းယဉ်ကျေးတာကို တွေ့ရပါတယ်’’ ဆိုပြီးတော့ အော်ရာမင်- F ဖျော်ဖြေပွဲမှာ ဖြေဆိုခဲ့တာပါ။
photo: Htoo Khant
ရွှေထူး ကြိုက်တတ်တဲ့ အစားအသောက်တွေကိုလည်း ရွှေမှုံက ကိုယ်တိုင်ချက်ပြုတ်ပေးပါတယ်တဲ့။ ဇနီးချောလေးရဲ့ ဟင်းချက်လက်ရာကြောင့် ရွှေထူးတစ်ယောက် နည်းနည်း ဝလာပြီလို့ ဆိုပါတယ်။
‘’ တော်တော်ဝလာတယ်ခင်ဗျ။ ဗိုက်ကလေးတောင် တော်တော် ထွက်လာတယ်။ မိန်းမကလည်း ဟင်းချက်ကောင်းတာကိုး ‘’ ဆိုပြီးတော့လည်း သဘောကျရယ်မောရင်း ပြောပြခဲ့ပါတယ်။
Photo: Htoo Khant
သူတို့ နှစ်ဦးဟာ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ကူးတဲ့ ‘’ဧည့်သည်’’ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးနေရင်းနဲ့ ချစ်သူတွေ ဖြစ်ခဲ့ကြတာပါ။ ဒီရုပ်ရှင်ကားကြီးကလည်း မေလ အတွင်းမှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ လက်ထပ်ပွဲကျင်းပဖို့ ရက်အနည်းငယ် လိုမှပဲ ပရိသတ်တွေကို ချစ်သူတွေဖြစ်ကြောင်း ကြေညာလိုက်တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ရွှေထူးက ဂီတအလုပ်တွေ ဆက်တိုက် ဆောင်ရွက်နေတာဖြစ်သလို ရွှေမှုန်ရတီကလည်း သရုပ်ဆောင်အလုပ်ကို ဆက်လက် လုပ်ကိုင်နေတာဖြစ်ပါတယ်။
သူတို့ ဇနီးမောင်နှံ နှစ်ယောက်ရဲ့ ပထမဆုံး အတူတူသီဆိုထားတဲ့ ‘’အမှား’’ သီချင်းကလည်း ပရိသတ်တွေကြားမှာ အောင်မြင်မှုရရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရွှေထူးက ဇနီးချောလေးအတွက် သီချင်းအသစ်တွေ ဖန်တီးပေးဦးမှာ ဖြစ်သလို သူ့ရဲ့ တတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
Share